• Follow Us on

Home မဟာဗ်ဴဟာေျမာက္တိုက္ခိုက္ေရးလက္နက္မ်ားေလွ်ာ့ခ်မႈ သက္တမ္းတိုးရန္ အေမရိကန္ႏွင့္ ဆက္လက္ ေဆြးေႏြးသြားမည္ဟု ႐ု႐ွားေျပာ

မဟာဗ်ဴဟာေျမာက္တိုက္ခိုက္ေရးလက္နက္မ်ားေလွ်ာ့ခ်မႈ သက္တမ္းတိုးရန္ အေမရိကန္ႏွင့္ ဆက္လက္ ေဆြးေႏြးသြားမည္ဟု ႐ု႐ွားေျပာ

Share this post

ေမာ္စကို၊ ေအာက္တိုဘာ ၂၈
မဟာဗ်ဴဟာေျမာက္လက္နက္မ်ားထပ္မံေလွ်ာ့ခ်ေရးႏွင့္ကန္႔သတ္ေရးအစီအမံမ်ား(နယူးစတာ့)ကို သက္တမ္းထပ္တိုးရန္ေဆြးေႏြးမႈမ်ားတြင္ ႐ု႐ွားဘက္က ဆက္လက္ပါ၀င္သြားမည္ဟု ႐ု႐ွားဒုတိယႏိုင္ငံျခားေရး၀န္ႀကီး ဆာေဂး ရီယာေကာ့ဗ္က အဂၤါေန႔တြင္ေျပာသည္။
“ေဆြးေႏြးမႈေတြဆိုတာကေတာ့ အၿမဲတမ္းလိုေနတာပဲ။ ဒီေဆြးေႏြးမႈဆက္လုပ္ဖို႔လည္း ကၽြန္ေတာ္တို႔ဘက္ကအၾကံျပဳေနမွာပဲ။ ဒါေပမဲ့ ခဏခဏေျပာၿပီးသား၊ စာ႐ြက္ေပၚမွာ႐ွိၿပီးသားအျမင္ေတြကိုဖလွယ္တာထက္ အေျဖတခု႐ွာတဲ့ေဆြးေႏြးမႈေတြကိုလိုခ်င္တာပါ”ဟု သူကေျပာသည္။
တံခါးပိတ္အစည္းအေ၀းမ်ားေနာက္ကြယ္တြင္ ႏွစ္ဖက္စလံုး စာ႐ြက္စာတမ္းမ်ားလဲလွယ္ေနသည္ဟုလည္း သူကျဖည့္စြက္သည္။
ေအာက္တိုဘာ ၁၆ ရက္တြင္ ႐ု႐ွားသမၼတ ဗလာဒီမ်ာ ပူတင္က အျခားအေျခအေနမ်ားမပါ၀င္ဘဲ နယူးစတာ့ကို ေနာက္ထပ္တႏွစ္သက္တမ္းတိုးရန္ ကမ္းလွမ္းခဲ့သည္။
သက္တမ္းတိုးပါက ႏွစ္ဖက္အလားအလာ႐ွိသည့္ေဆြးေႏြးမႈမ်ားထပ္လုပ္ႏိုင္မည္ဟု ပူတင္ကေျပာသည္။
အေမရိကန္ဘက္က အျခားအေျခအေနမ်ားထပ္တိုးျခင္းမ႐ွိပါက အေမရိကန္ႏွင့္စာခ်ဳပ္အရ ႏ်ဴကလီးယားလက္နက္မ်ားရပ္ဆိုင္းထားရန္႐ွိေနသည္ဟု ႐ု႐ွားႏိုင္ငံျခားေရး၀န္ႀကီးဌာနကလည္းေျပာသည္။
လာမည့္ရက္မ်ာအတြင္း နယူးစတာ့သက္တမ္တိုးရန္ စိတ္ကူးထားမႈမ်ားကိုထုတ္ေဖာ္ျပသမည္ဟု ေအာက္တိုဘာ ၂၃ ရက္တြင္ အေမရိကန္အမ်ိဳးသားလံုျခံဳေရးအၾကံေပး ေရာဘတ္ အိုဘ႐ိုင္ယန္က ပိုလစ္တစ္ကိုသတင္းဌာနကိုေျပာသည္။
Ref : Russia continues dialogue with US on New START extension
#PeopleMedia
(unicode)
မဟာဗျူဟာမြောက်တိုက်ခိုက်ရေးလက်နက်များလျှော့ချမှု သက်တမ်းတိုးရန် အမေရိကန်နှင့် ဆက်လက် ဆွေးနွေးသွားမည်ဟု ရုရှားပြော
………………………………………………..
မော်စကို၊ အောက်တိုဘာ ၂၈
မဟာဗျူဟာမြောက်လက်နက်များထပ်မံလျှော့ချရေးနှင့်ကန့်သတ်ရေးအစီအမံများ(နယူးစတာ့)ကို သက်တမ်းထပ်တိုးရန်ဆွေးနွေးမှုများတွင် ရုရှားဘက်က ဆက်လက်ပါဝင်သွားမည်ဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂေး ရီယာကော့ဗ်က အင်္ဂါနေ့တွင်ပြောသည်။
“ဆွေးနွေးမှုတွေဆိုတာကတော့ အမြဲတမ်းလိုနေတာပဲ။ ဒီဆွေးနွေးမှုဆက်လုပ်ဖို့လည်း ကျွန်တော်တို့ဘက်ကအကြံပြုနေမှာပဲ။ ဒါပေမဲ့ ခဏခဏပြောပြီးသား၊ စာရွက်ပေါ်မှာရှိပြီးသားအမြင်တွေကိုဖလှယ်တာထက် အဖြေတခုရှာတဲ့ဆွေးနွေးမှုတွေကိုလိုချင်တာပါ”ဟု သူကပြောသည်။
တံခါးပိတ်အစည်းအဝေးများနောက်ကွယ်တွင် နှစ်ဖက်စလုံး စာရွက်စာတမ်းများလဲလှယ်နေသည်ဟုလည်း သူကဖြည့်စွက်သည်။
အောက်တိုဘာ ၁၆ ရက်တွင် ရုရှားသမ္မတ ဗလာဒီမျာ ပူတင်က အခြားအခြေအနေများမပါဝင်ဘဲ နယူးစတာ့ကို နောက်ထပ်တနှစ်သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့သည်။
သက်တမ်းတိုးပါက နှစ်ဖက်အလားအလာရှိသည့်ဆွေးနွေးမှုများထပ်လုပ်နိုင်မည်ဟု ပူတင်ကပြောသည်။
အမေရိကန်ဘက်က အခြားအခြေအနေများထပ်တိုးခြင်းမရှိပါက အမေရိကန်နှင့်စာချုပ်အရ နျူကလီးယားလက်နက်များရပ်ဆိုင်းထားရန်ရှိနေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်းပြောသည်။
လာမည့်ရက်မျာအတွင်း နယူးစတာ့သက်တမ်တိုးရန် စိတ်ကူးထားမှုများကိုထုတ်ဖော်ပြသမည်ဟု အောက်တိုဘာ ၂၃ ရက်တွင် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ် အိုဘရိုင်ယန်က ပိုလစ်တစ်ကိုသတင်းဌာနကိုပြောသည်။
Ref : Russia continues dialogue with US on New START extension

Share this post