• Follow Us on

Home မဟာရတ္ရွ္ထရာျပည္နယ္တြင္ ရဲတပ္ဖြဲ႕ဝင္ ၁၀၀၀၀ ေက်ာ္ ကို႐ိုနာဗိုင္း ရပ္စ္ ကူးစက္ခံရၿပီး ၁၀၇ ဦး ေသဆုံး

မဟာရတ္ရွ္ထရာျပည္နယ္တြင္ ရဲတပ္ဖြဲ႕ဝင္ ၁၀၀၀၀ ေက်ာ္ ကို႐ိုနာဗိုင္း ရပ္စ္ ကူးစက္ခံရၿပီး ၁၀၇ ဦး ေသဆုံး

Share this post

ႏိုင္ငံတကာ၊ ၾသဂုတ္ – ၆

အိႏၵိယႏိုင္ငံ၊ မဟာရတ္ရွ္ထရာျပည္နယ္တြင္ လက္ရွိအခ်ိန္ထိ ရဲတပ္ဖြဲ႕ဝင္ ၁၀၀၀၀ ေက်ာ္တြင္ ကို႐ိုနာဗိုင္း ရပ္စ္ပိုး ေတြ႕ရွိခဲ့ၿပီး ဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ၁၀၇ ဦး ေသဆုံးခဲ့ေၾကာင္း တာဝန္ရွိသူတစ္ဦးက ယေန႔ ေျပာၾကားလိုက္သည္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရေသာ ရဲတပ္ဖြဲ႕ဝင္မ်ားတြင္ ရဲအရာရွိ ၁၀၃၅ ဦး ပါဝင္ေၾကာင္း ၄င္းက ေျပာသည္။

“လက္ရွိအခ်ိန္ထိ ရဲတပ္ဖြဲ႕ဝင္ ၁၀၀၂၆ ဦး ဗိုင္းရပ္စ္ကူးစက္ခံခဲ့ရၿပီး အရာရွိ ၁၀ ဦးအပါအဝင္ ၁၀၇ ဦး ေသ ဆုံးခဲ့ပါတယ္။ ေသဆုံးတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ ၅၀ ရာခိုင္ႏႈန္းက မြမ္ဘိုင္းရဲတပ္ဖြဲ႕က ျဖစ္ပါတယ္” ဟု ၄င္း ကဆိုသည္။

လက္ရွိတြင္ ရဲတပ္ဖြဲ႕ဝင္ ၁၈၅၉ ဦးတြင္ ဗိုင္းရပ္စ္ပိုးရွိဆဲျဖစ္ၿပီး တပ္ဖြဲ႕ဝင္ ၈၀၆၀ ဦးမွာ ပိုးကင္းစင္သြားၿပီ ျဖစ္သည္။

ကို႐ိုနာဗိုင္းရပ္စ္ ကန္႔သတ္ခ်က္ကာလအတြင္း အမိန္႔၊ ၫႊန္ၾကားခ်က္မ်ား အေကာင္အထည္ေဖာ္ေဆာင္စဥ္ ရဲတပ္ဖြဲ႕ဝင္မ်ားအေပၚ တိုက္ခိုက္မႈျဖစ္စဥ္ ၃၂၄ ႀကိမ္ ျဖစ္ပြားခဲ့ေၾကာင္း ၄င္းက ဆိုသည္။

တိုက္ခိုက္မႈျဖစ္စဉ္မ်ားေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ၈၆ ဦး ဒဏ္ရာရရွိခဲ့သလို ျပည္နယ္အတြင္း က်န္းမာေရးဝန္ထမ္း ၆၅ ဦးလည္း တိုက္ခိုက္ခံခဲ့ရေၾကာင္း သိရသည္။

တိုက္ခိုက္မႈျဖစ္စဉ္မ်ားႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕က လူေပါင္း ၈၈၆ ဦးကို ဖမ္းဆီးခဲ့ေၾကာင္း သူက ေျပာသည္။

ထို႔အျပင္ အမိန္႔ခ်ိဳးေဖာက္မႈေပါင္း ၂ ဒသမ ၂ သန္းေက်ာ္ႏွင့္ ခ်ိဳးေဖာက္မႈက်ဴးလြန္သူ ၁၃၇၇၁ ဦးကို ဖမ္း ဆီးခဲ့ေၾကာင္း ၄င္းက ဆိုသည္။

ကိုးကား – ဖိုင္နန္ရွယ္အိတ္စ္ပရက္

Ref; 10,026 Maharashtra cops contract COVID-19, death toll reaches 107

#PeopleMedia

(unicode)
မဟာရတ်ရှ်ထရာပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ ကျော် ကိုရိုနာဗိုင်း ရပ်စ် ကူးစက်ခံရပြီး ၁၀၇ ဦး သေဆုံး
……………………………………………………………

နိုင်ငံတကာ၊ ဩဂုတ် – ၆

အိန္ဒိယနိုင်ငံ၊ မဟာရတ်ရှ်ထရာပြည်နယ်တွင် လက်ရှိအချိန်ထိ ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ ကျော်တွင် ကိုရိုနာဗိုင်း ရပ်စ်ပိုး တွေ့ရှိခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀၇ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ယနေ့ ပြောကြားလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသော ရဲတပ်ဖွဲ့ဝင်များတွင် ရဲအရာရှိ ၁၀၃၅ ဦး ပါဝင်ကြောင်း ၄င်းက ပြောသည်။

“လက်ရှိအချိန်ထိ ရဲတပ်ဖွဲ့ဝင် ၁၀၀၂၆ ဦး ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး အရာရှိ ၁၀ ဦးအပါအဝင် ၁၀၇ ဦး သေ ဆုံးခဲ့ပါတယ်။ သေဆုံးတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ၅၀ ရာခိုင်နှုန်းက မွမ်ဘိုင်းရဲတပ်ဖွဲ့က ဖြစ်ပါတယ်” ဟု ၄င်း ကဆိုသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့ဝင် ၁၈၅၉ ဦးတွင် ဗိုင်းရပ်စ်ပိုးရှိဆဲဖြစ်ပြီး တပ်ဖွဲ့ဝင် ၈၀၆၀ ဦးမှာ ပိုးကင်းစင်သွားပြီ ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်ကာလအတွင်း အမိန့်၊ ညွှန်ကြားချက်များ အကောင်အထည်ဖော်ဆောင်စဉ် ရဲတပ်ဖွဲ့ဝင်များအပေါ် တိုက်ခိုက်မှုဖြစ်စဉ် ၃၂၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ၄င်းက ဆိုသည်။

တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ရဲတပ်ဖွဲ့ဝင် ၈၆ ဦး ဒဏ်ရာရရှိခဲ့သလို ပြည်နယ်အတွင်း ကျန်းမာရေးဝန်ထမ်း ၆၅ ဦးလည်း တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က လူပေါင်း ၈၈၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း သူက ပြောသည်။

ထို့အပြင် အမိန့်ချိုးဖောက်မှုပေါင်း ၂ ဒသမ ၂ သန်းကျော်နှင့် ချိုးဖောက်မှုကျူးလွန်သူ ၁၃၇၇၁ ဦးကို ဖမ်း ဆီးခဲ့ကြောင်း ၄င်းက ဆိုသည်။

ကိုးကား – ဖိုင်နန်ရှယ်အိတ်စ်ပရက်

Ref; 10,026 Maharashtra cops contract COVID-19, death toll reaches 107

#PeopleMedia


Share this post