• Follow Us on

Home မဟာအင်အားကြီးစစ်ပွဲကို တားဆီးရန် အမေရိကန်တပ်များကို ဗိုလ်ချုပ်ကြီးမာ့ခ်မီလီ တိုက်တွန်း

မဟာအင်အားကြီးစစ်ပွဲကို တားဆီးရန် အမေရိကန်တပ်များကို ဗိုလ်ချုပ်ကြီးမာ့ခ်မီလီ တိုက်တွန်း

Share this post

နိုင်ငံတကာ၊ မတ် ၈

 

ရုရှားနိ်ုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ပြီးနောက် “မဟာအင်အားကြီးစစ်ပွဲကြီး” ကို ကာကွယ်ရန် အတွက် မိမိတို့ရဲ့ သံန္နိဋ္ဌာန်ကို ထုတ်ဖော်ပြသရန် ဥရောပမှာတပ်ဖြန့်ချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အ မေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီး မာ့ခ်မီလီက မတ်လ ၇ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

ရုရှားနိုင်ငံရဲ့ ကျူးကျော်စစ်ကိုရင်ဆိုင်ရာမှာ နေတိုးအဖွဲ့အရဲ့ အရှေ့ဘက်စစ်တောင်ပံကို ကာကွယ်ဖို့အတွက် အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြသဖို့ ပူးတွဲစစ်ဦးစီးချုပ်များရဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီဟာ ဥရောပ ဒေသကို လှည့်ပတ်သွားလာခဲ့ပါတယ်။

 

နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ ယူကရိန်းနိုင်ငံမှာ တိုက်ပွဲတွေပြင်းထန်နေစဉ်အတွင်း ရုရှားနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံ တွေဆီကို အမေရိကန်ဦးဆောင်တဲ့မဟာမိတ်နိုင်ငံတွေက တပ်ဖွဲ့ဝင်အင်အားထောင်နဲ့ချီပြီး စေလွှတ်ခဲ့ပါတယ်။

 

“ရုရှားနိုင်ငံက နောက်ထပ်ကျူးကျော်လာမှာကို ဟန့်တားကာကွယ်ဖို့နဲ့ မဟာအင်အားကြီးစစ်ပွဲကို ကာကွယ် တားဆီးဖို့အတွက် ကျွန်တော်တို့ရဲ့အင်အား၊ ကျွန်တော်တို့ရဲ့ခိုင်မာပြတ်သားတဲ့သံန္နိဋ္ဌာန်၊ မဟာမိတ်နိုင်ငံတွေ အတွက် ကျွန်တော်တို့ရဲ့ထောက်ပံ့မှုတွေကို သက်သေပြဖို့အတွက် ကျွန်တော်တို့ အလျင်အမြန်တုံ့ပြန်ဆောင် ရွက်ရေးကို တိကျသေချာအောင်ဆောင်ရွက်ဖို့ လိုပါတယ်။” လို့ ရိုမေးနီးယားနိုင်ငံ ကွန်စတန်တာအနီးမှာရှိတဲ့ လေတပ်အခြေစိုက်စခန်းတစ်ခုမှာ တပ်စခန်းချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက ပြောလိုက်ပါတယ်။

 

“၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်အစပိုင်းကနေ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အဆုံးအထိ လူဦးရေသန်း ၁၅၀ အထိ အသတ်ခံခဲ့ရပါတယ်။ အဲဒီလိုအဖြစ်အပျက်မျိုး နောက်တစ်ကြိမ်ထပ်ဖြစ်တာ မလိုချင်တော့ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

“ကျွန်တော် ရှင်းရှင်းလင်းလင်း နားလည်ထားတာကတော့ ၁၉၄၅ ခုနှစ်ကတည်းက ဥရောပတိုက်ပေါ်မှာ မကြုံ ဖူးတဲ့ခြိမ်းခြောက်မှုကြီးနဲ့ အကြီးမားဆုံးစစ်ပွဲကြီးကို ရင်ဆိုင်ရတဲ့အခါမှာ နေတိုးအဖွဲ့ရဲ့ စုစည်းညီညွတ်မှုနဲ့ ခိုင်မာ ပြတ်သားတဲ့သံန္နိဋ္ဌာန်ကို ပြသဖို့လိုတယ်လို့ နားလည်ထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အမေရိကန်ပြည်ထောင်စုဟာ ဥရောပဒေသမှာ အမြဲတမ်းတပ်စွဲထားတဲ့ အမေရိကန်စစ်သည် ၆၇,၀၀၀ ကို စေ လွှတ်ထားပြီးသားဖြစ်ပါတယ်။

 

ရုရှားအစိုးရနောက်ထပ်ကျူးကျော်တိုက်ခိုက်မှုတွေမလုပ်နိုင်အောင် ဟန့်တားတဲ့အနေနဲ့ ယူကရိန်းနိုင်ငံနဲ့ ရုရှား နိုင်ငံရဲ့ မဟာမိတ်ဘယ်လာရုစ်နိုင်ငံအနီးက နိုင်ငံတွေမှာ မိုင်ပေါင်း ၇၅၀ တစ်လျှောက် နောက်ထပ် အမေရိကန် စစ်သည် ၁၅,၀၀၀ ခန့်ကို ထပ်မံတပ်ဖြန့်ချထားပါတယ်။

 

ဘော်လတစ်သုံးနိုင်ငံဖြစ်တဲ့ လစ်သူယေးနီးယား၊ လတ်ဗီးယားနဲ့ အက်စ်တိုးနီးယားတို့မှာ အမေရိကန် စစ်သည် အင်အား ၂,၅၀၀ ၊ ပိုလန်နိုင်ငံမှာ ၁၀,၀၀၀ ၊ ရိုမေးနီးယားမှာ ၂,၄၀၀၊ ဆလိုဗက်ကီးယားမှာ ၁,၅၀၀၊ ဘူဂေးရီး ယားမှာ ၃၅၀ နဲ့ ဟန်ဂေရီမှာ ၂၀၀ တပ်ဖြန့်ချထားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီဟာ အဲဒီနိုင်ငံတွေထဲက နိုင်ငံပေါင်းငါးနိုင်ငံကို လှည့်လည်သွားလာခဲ့ပါတယ်။

 

Ref: Milley Exhorts US Troops to Stop ‘Great Power War’

 

(unicode)


…………………………………

 


 


 


 


 


 

“၁၉၁၄ ခုနှဈ ပထမကမ္ဘာစဈအစပိုငျးကနေ ၁၉၄၅ ခုနှဈ ဒုတိယကမ္ဘာစဈအဆုံးအထိ လူဦးရသေနျး ၁၅၀ အထိ အသတျခံခဲ့ရပါတယျ။ အဲဒီလိုအဖွဈအပကြျမြိုး နောကျတဈကွိမျထပျဖွဈတာ မလိုခငြျတော့ပါဘူး။” လို့ ၎င်းငျးက ပွောပါတယျ။

 


 


 


 


 

Ref: Milley Exhorts US Troops to Stop ‘Great Power War’


Share this post