• Follow Us on

Home မဟာအောင်မြေမြို့နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

မဟာအောင်မြေမြို့နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်း ဖေ ဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်က သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

 

မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်း (၅၆) နှစ်သည် ချမ်းမြသာ စည်မြို့နယ် ချမ်းတောင်ရပ်ကွက် ၇၈ လမ်းနှင့် ရန်မန်းသံလမ်းကြား သီတာအေးရပ်ကွက်၊ ပညာပျိုးခင်းလမ်း အတိုင်း အနောက်မှ အရှေ့သိုမောင်းနှင်လာစဉ် PDF ၂ ဦးမှ ဆိုင်ကယ်ဖြင့် လိုက်ပါလာပြီး သေနတ်ဖြင့် ပစ် ခတ်ခဲ့သဖြင့် ဦးဇော်ဝင်းထွန်းမှာ ယာဘက်နှားထင်အောက် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

 

ရွှေဘုန်းရှိန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းအား သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ပြီး ၎င်းထံမှ ပွိုင့် 22 သေနတ်နှင့် ကျည်ဆံများ၊ ပိုက်ဆံ ၃၂၈၀၀၀ ကျပ်၊ ဖုန်းတစ်လုံးနှင့် တခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်း ခဲ့ကြောင်း AST-MDY အဖွဲ့မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


…………………………………………………

 


 


 


 


 

#PeopleMedia


Share this post