• Follow Us on

Home မအူပင်မြို့ တရားရုံးမှ တရားရေးဝန်ထမ်း ၁၀ ဦး CDM လှုပ်ရှားမှု၌ ပါဝင်လာ

မအူပင်မြို့ တရားရုံးမှ တရားရေးဝန်ထမ်း ၁၀ ဦး CDM လှုပ်ရှားမှု၌ ပါဝင်လာ

Share this post

ရန်ကုန်၊ မတ် ၅ (People Media)

 

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု CDM အရှိန်မြှင့်လုပ်ဆောင်မှုတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် တရားရုံးနှင့် မအူပင်မြို့နယ်တရားရုံးမှ တရားရေးဆိုင်ရာဝန်ထမ်း ၁၀ ဦးခန့် ပါဝင်လာသည်။

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် တရားရုံးနှင့် မအူပင်မြို့နယ်တရားရုံးမှပါဝင်လာသည့် တရားရေးဝန်ထမ်း များ၏ CDM လှုပ်ရှားမှုလုပ်ဆောင်သည့်စာတွင် ၎င်းတို့သည် အလုပ်တာဝန်မှနုတ်ထွက်ခြင်း၊ ခွင့်ခံစားခြင်း၊ ခွင့် မဲ့ပျက်ကွက်ခြင်းမဟုတ်ဘဲ ရာထူးမှခေတ္တကင်းကွာနေခြင်းဖြစ်ကြောင်း ၎င်းတို့သည် အထက်လူကြီးများအပေါ် မလေးမစားပြုခြင်းမဟုတ်ကြောင်း ၎င်းစာတွင်ပါဝင်သည်။

 

လက်ရှိတွင် တရားရေးဆိုင်ရာဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်တချို့သည် CDM ပြုလုပ်ခြင်းကြောင့် တာဝန်မှ အနားယူခြင်းများ ရှိနေသည့်အပြင် နိုင်ငံတကာသံရုံးများတွင် တာဝန်ထမ်းဆောင်နေသော သံရုံဝန်ထမ်းများ နှင့် အရာရှိအချို့သည် CDM လှုပ်ရှားမှုများကို ပြုလုပ်လျက်ရှိသည်။

 

တပ်မတော်မှ အရေးပေါ်အခြေအနေကြေညာကာ နိုင်ငံတော်အာဏာရယူခဲ့သည်မှာ တစ်လကျော်လာပြီဖြစ်ပြီး ယင်းကာလအတွင်း ဆန္ဒပြမှုများသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဖြစ်ပေါ်နေလျက်ရှိသည်။

 

#PeopleMedia

 

(unicode)

…………………………………………………………






#PeopleMedia


Share this post