• Follow Us on
Latest News

Home မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တွင် တည်ဆောက်မည့် ကျောင်းဆောင်တော်ရတနာပန္နက်တော်တင်မင်္ဂလာ အခမ်း အနားကျင်းပ၊ န.စ.ကဥက္ကဋ္ဌ တက်ရောက်

မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တွင် တည်ဆောက်မည့် ကျောင်းဆောင်တော်ရတနာပန္နက်တော်တင်မင်္ဂလာ အခမ်း အနားကျင်းပ၊ န.စ.ကဥက္ကဋ္ဌ တက်ရောက်

Share this post

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

 

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ဆောက်မည့် ကျောင်းဆောင်တော် ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက် ရောက်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌ ဂုရု ဘဒ္ဒန္တ ဇနိန္ဒနှင့် တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏတို့အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဆရာတော်ကြီးများက မေတ္တာပို့ ဂါထာတော်များ ရွတ်ဆိုပူဇော်ကြပြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများက ရတနတ္တယပူဇာဂါထာတော်နှင့် မေတ္တာပို့ လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆိုပွားများပူဇော်ကြကြောင်း သိရသည်။

 

ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗဟို ပန္နက်တော်ဋ္ဌာနတွင် ရတနာပန္နက်တော်ကို စိုက်ထူ၍ ပရိတ်နံ့သာရည်ပက်ဖျန်းပူဇော်ခဲ့ကြသလို ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်နှင့် ဦးကိုကိုတို့က သတ်မှတ်နေရာအသီးသီး၌ ရတနာပန္နက်တော်များကို စိုက်ထူပူဇော်ပြီး ပရိတ်နံ့သာရည်ပက်ဖျန်းပူဇော်ကြကြောင်း သိရသည်။

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဉာဏ်တော် ၉ ပေရှိ ဆင်းတု တော်များကို CNC စက်ဖြင့်ထုဆစ်ထားရှိမှုအခြေအနေများအားကြည့်ရှုစစ်ဆေး၍ ဗုဒ္ဓဥယျာဉ်တော်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post