• Follow Us on

Home မာလီတြင္ ရဟတ္ယာဥ္ႏွစ္စီးတိုက္မိ၍ ျပင္သစ္စစ္သား ၁၃ ဦးေသဆံုး

မာလီတြင္ ရဟတ္ယာဥ္ႏွစ္စီးတိုက္မိ၍ ျပင္သစ္စစ္သား ၁၃ ဦးေသဆံုး

Share this post

မာလီႏိုင္ငံမွာ ရဟတ္ယာဥ္ႏွစ္စင္းတိုက္မိလို႔ ျပင္သစ္ စစ္သား ၁၃ ဦး ေသဆံုးခဲ့ေၾကာင္း ျပင္သစ္သမၼတ ႐ုံးက ေၾကညာခဲ့ပါတယ္။

အခုျဖစ္ရပ္ဟာ ၁၉၈၀ ခုႏွစ္ေနာက္ပိုင္း ျပင္သစ္စစ္တပ္ရဲ႕ စစ္သည္က်ဆံုးမႈအမ်ားဆံုးျဖစ္ရပ္တစ္ခုလည္းျဖစ္ၿပီး ျပင္သစ္သမၼတ မက္ခရြန္ လြန္စြာ ၀မ္းနည္းရပါေၾကာင္း သ၀ဏ္လႊာေပးပို႔ခဲ့ပါတယ္။

ရဟတ္ယာဥ္ႏွစ္စင္းတိုက္မိတဲ့ ျဖစ္ရပ္ကို စံုစမ္းစစ္ေဆးလ်က္ရွိေနပါတယ္။ မာလီႏိုင္ငံမွာ ေထာင္နဲ႔ခ်ီတဲ့ ျပင္သစ္တပ္ဖြဲ႕၀င္ေတြကို ၂၀၁၃ ခုႏွစ္ကစတင္ၿပီး တပ္ျဖန္႔ခ်ထားခဲ့တာျဖစ္ပါတယ္။

ဂ်ီဟတ္အၾကမ္းဖက္အဖြဲ႕အစည္းေတြကို ႏွိမ္ႏွင္းဖို႔ လက္ရွိ မာလီမွာ ျပင္သစ္တပ္ဖြဲ႕၀င္ ၄၅၀၀ ကို ခ်ထားပါ တယ္။

Ref; BBC

#PeopleMedia #International

(Unicode)
မာလီတွင် ရဟတ်ယာဉ်နှစ်စီးတိုက်မိ၍ ပြင်သစ်စစ်သား ၁၃ ဦးသေဆုံး
……………………………………………………………

မာလီနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စင်းတိုက်မိလို့ ပြင်သစ် စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း ပြင်သစ်သမ္မတ ရုံးက ကြေညာခဲ့ပါတယ်။

အခုဖြစ်ရပ်ဟာ ၁၉၈၀ ခုနှစ်နောက်ပိုင်း ပြင်သစ်စစ်တပ်ရဲ့ စစ်သည်ကျဆုံးမှုအများဆုံးဖြစ်ရပ်တစ်ခုလည်းဖြစ်ပြီး ပြင်သစ်သမ္မတ မက်ခရွန် လွန်စွာ ဝမ်းနည်းရပါကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ရဟတ်ယာဉ်နှစ်စင်းတိုက်မိတဲ့ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။ မာလီနိုင်ငံမှာ ထောင်နဲ့ချီတဲ့ ပြင်သစ်တပ်ဖွဲ့ဝင်တွေကို ၂၀၁၃ ခုနှစ်ကစတင်ပြီး တပ်ဖြန့်ချထားခဲ့တာဖြစ်ပါတယ်။

ဂျီဟတ်အကြမ်းဖက်အဖွဲ့အစည်းတွေကို နှိမ်နှင်းဖို့ လက်ရှိ မာလီမှာ ပြင်သစ်တပ်ဖွဲ့ဝင် ၄၅၀၀ ကို ချထားပါ တယ်။

Ref; BBC

#PeopleMedia #International


Share this post