• Follow Us on

Home မာလီနိုင်ငံတွင် ရွာသား ၄၀ ကျော်ကို ဂျီဟတ်ဝါဒီအကြမ်းဖက်သမားများ သတ်ဖြတ်

မာလီနိုင်ငံတွင် ရွာသား ၄၀ ကျော်ကို ဂျီဟတ်ဝါဒီအကြမ်းဖက်သမားများ သတ်ဖြတ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၀ (People Media)

 

နိုင်ဂျာနိုင်ငံနယ်စပ်ဒေသအနီး မာလီနိုင်ငံမြောက်ပိုင်းရှိ ကျေးရွာသုံးရွာအား ဂျီဟတ်ဝါဒီများက ဝင်ရောက်တိုက် ခိုက်ခဲ့သဖြင့် ရွာသား ၄၀ ကျော်သေဆုံးခဲ့ကြောင်း စစ်ဘက်အရာရှိတစ်ဦးနှင့် ဒေသခံအရာရှိများက တနင်္လာနေ့ ကပြောသည်။

 

“ကာရူရွာ၊ ကါွတာဂူနာရွာနဲ့ ဒေါင်တူဂေ့ဖ်ရွာသုံးရွာကို တနင်္ဂနွေနေ့က အကြမ်းဖက်သမားတွေဝင်လာပြီး ရွာ သား ၄၀ ကျော်ကိုသတ်သွားတယ်။ အကြမ်းဖက်သမားတွေက ရွာထဲဝင်လာပြီး တွေ့တဲ့လူတွေကို သတ်သွား တာပါ” ဟု အမည်မဖော်လိုသူအရာရှိတစ်ဦးက AFP သတင်းဌာနကိုပြောသည်။

 

“ရွာသား ၂၀ က ကာရူရွာမှာအသတ်ခံရတာပါ။ ၁၄ ယောက်ကတော့ ကါွတာဂူနာရွာမှာ အသတ်ခံရတာ။ ကျန် တဲ့သူတွေကတော့ ဒေါင်တူဂေ့ဖ်ရွာငယ်လေးမှာအသတ်ခံရတာ။” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသ ခံအရာရှိတစ်ဦးကပြောသည်။ အကြမ်းဖက်သမားများသည် မော်တော်ဆိုင်ကယ်များဖြင့်ရောက်လာပြီး ရွာသား များကို အငိုက်ဖမ်းခေါ်ဆောင်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

 

အနောက်အာဖရိက ဆာဟဲဒေသ၏ ဗဟိုချက်မတွင်တည်ရှိသည့် ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး အလွန်ဆင်းရဲ သည့် မာလီနိုင်ငံသည် ၂၀၁၂ ခုနှစ်ကတည်းက ဂျီဟတ်ဝါဒီများ၏ တိုက်ခိုက်မှုကိုခံနေရသည့်နိုင်ငံဖြစ်သည်။

 

မာလီနိုင်ငံ၌ လူမျိုးရေးအရတည်ငြိမ်မှုမရှိသော အလယ်ပိုင်းဒေသသို့ပြန့်နှံ့ခဲ့ပြီး နောက် အိမ်နီးချင်း နိုင်ဂျာနိုင်ငံ နှင့် ဘာကီနာဖာဆိုနိုင်ငံအထိ ပြန့်နှံ့ခဲ့သည့် မတည်ငြိမ်မှုနှင့်အတူ အကျပ်အတည်းကာလ စတင်ခဲ့ခြင်းဖြစ် သည်။ အယ်ကွေဒါနှင့် အိုင်အက်စ်အဖွဲ့တို့နှင့် ဆက်နွယ်သည့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက ယခုဖြစ် ပွားနေသောအကြမ်းဖက်မှုများကို ကိုင်တွယ်ဆောင်ရွက်နေခြင်းဖြစ်သည်။

အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုကြောင့် အရပ်သားများနှင့် စစ်သားများ ထောင်ပေါင်းများစွာသေဆုံးခဲ့ကြရ ပြီး လူပေါင်းများစွာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်းသိရသည်။

 

Ref: Suspected Jihadists Kill More Than 40 in Mali Village Attacks

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 



 

Ref: Suspected Jihadists Kill More Than 40 in Mali Village Attacks

 

#PeopleMedia


Share this post