• Follow Us on

Home မာလီနိုင်ငံ အလယ်ပိုင်းတွင် ထောက်ပံ့ရေးယာဉ်တစ်စီး မိုင်းထိခဲ့ရာ ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ခုနှစ်ဦး ကျဆုံး

မာလီနိုင်ငံ အလယ်ပိုင်းတွင် ထောက်ပံ့ရေးယာဉ်တစ်စီး မိုင်းထိခဲ့ရာ ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ခုနှစ်ဦး ကျဆုံး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၉ (People Media)

 

မာလီနိုင်ငံအလယ်ပိုင်းတွင် ထောက်ပံ့ရေးယာဉ်တစ်စီးမိုင်းထိခဲ့ရာ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ ဝင် ခုနှစ်ဦးကျဆုံးသွားကြောင်း မာလီနိုင်ငံကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ MINUSMA အဖွဲ့က ပြောသည်။

 

“ကနဦး အသေအပျောက်စာရင်းအရ သိရတာကတော့ ခုနှစ်ဦးကျဆုံးပြီး သုံးဦး ဒဏ်ရာရတယ်လို့ သိပါတယ်” ဟု MINUSMA အဖွဲ့၏ တွစ်တာတွင် ရေးသားဖော်ပြထားသည်။

 

ကုလသမဂ္ဂယာဉ်တန်းသည် Douentza မှ Sevare သို့ ချီတက်လာစဉ် Mopti ဒေသ Bandiagara နယ်မြေသို့ အရောက်တွင် မိုင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတားရက်စ်က စက်ဆုပ်ရွံရှာဖွယ်ကောင်းသော တိုက်ခိုက်မှုကို ပြင်းပြင်း ထန်ထန်ပြစ်တင်ရှုတ်ချကြောင်း အန်တိုနီယိုဂူတားရက်စ်၏ ပြောခွင့်ရပုဂ္ဂိုလ်စတီဖိန်ဒူးဂျာရစ်ကပြောသည်။

 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများကို အမြန်ဆုံးရှာဖွေဖော်ထုတ်ရန်နှင့် ဥပဒေအရ အရေးယူနိုင်ရေး အမြန်ဆုံးဆောင်ရွက်ရန် မာလီအာဏာပိုင်များအား အန်တိုနီယိုဂူတားရက်စ်က တောင်းဆိုလိုက်သည်။

 

ယင်းတိုက်ခိုက်မှုမှာ သူရဲဘောကြောင်သောတိုက်ခိုက်မှုဖြစ်ကြောင်း၊ မာလီနိုင်ငံတွင် ကုလသမဂ္ဂတပ်ဖွဲ့ဝင်များ ကျဆုံးခဲြ့ပီးပြီမို့ ဘာမှမဆန်းကြောင်း မာလီနိုင်ငံကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ MINUSMA အကြီး အကဲ အယ်လ်ဂက်ရှ်ဆမ်ဝိန်းက ပြောသည်။

 

ယင်းတိုက်ခိုက်မှုမှာ စစ်ရာဇဝတ်မှုမြောက်ကြောင်း ၎င်းကပြောသည်။

 

နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း Tessalet မြို့ မြောက်ဘက်တွင် လမ်းဘေး မိုင်းပေါက်ကွဲမှုကြောင့် MINUSMA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်။

 

မာလီနိုင်ငံမြောက်ပိုင်းတွင် ၂၀၁၂ ခုနှစ်မှစ၍ အကြမ်းဖက်မှုများစတင်ဖြစ်ပွားခဲ့ပြီးနောက် မာလီနိုင်ငံသည် ဂျီ ဟတ်ဝါဒီတို့၏ အကြမ်းဖက်မှု ဗဟိုချက်မနေရာဖြစ်လာခဲ့သည်။ ၎င်းနောက် သုံးနှစ်အကြာတွင် ယင်းအကြမ်း ဖက်တိုက်ခိုက်မှုများမှာ အိမ်နီးချင်း နိုင်ဂျာနိုင်ငံနှင့် ဘာကီနာဖူဆိုနိုင်ငံများသို့ ပျံ့နှံ့သွားခဲ့သည်။

 

စစ်ပွဲကြောင့် ထောင်ပေါင်းများစွာသေဆုံးခဲ့သလို လူဦးရေသန်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသည်။

 

#PeopleMedia

 

Ref: Seven UN Peacekeepers Killed in Central Mali Blast

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

#PeopleMedia

 

Ref: Seven UN Peacekeepers Killed in Central Mali Blast


Share this post