• Follow Us on

Home မိခင်ဖြစ်သူမှ ဖုန်းမဝယ်ပေး၍ ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး(ကျား) ကြိုးဆွဲချသေဆုံး

မိခင်ဖြစ်သူမှ ဖုန်းမဝယ်ပေး၍ ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး(ကျား) ကြိုးဆွဲချသေဆုံး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၅ (People Media)

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ (—) ကျေးရွာ၌ နေထိုင်သည့် အသက် (၁၃) နှစ်အရွယ်ရှိ ကလေး ငယ်တစ်ဦး(ကျား)သည် မိခင်ဖြစ်သူမှ ဖုန်းဝယ်မပေးသဖြင့် နေအိမ်တွင် ကြိုးဆွဲချသေဆုံးခဲ့ကြောင်း  ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။

 

“သူ့ကိုယ်သူ ဆွဲကြိုးချသေတာပဲ။ ဒါပေမဲ့ မသိတဲ့ပြဿနာတွေကတော့ ဘာမှမရှိဘူး။ အိမ်နဲ့စကားများတာတို့ သူငယ်ချင်းနဲ့စကားများတာတို့ ဘာမှမရှိဘူး။ ရှိတာတစ်ခုကတော့ သူက ဖုန်းတအားလိုချင်တယ်။ ဖုန်းတအား လိုချင်တဲ့အခါကြတော့ သူ့မိဘက မဝယ်ပေးနိုင်တဲ့အနေအထားပဲရှိတယ်။ ကျန်တဲ့စိတ်ဖိစီးမှုက ဘာမှမရှိဘူး” လို့ မေတ္တာမွန်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးခန့်မင်းသိန်းက ပြောသည်။

 

အဆိုပါ မိသားစု၌ ဖခင်ဖြစ်သူသည် ပြည်ပ၌ သွားရောက်အလုပ်လုပ်ကိုင်နေရသူဖြစ်ပြီး မိခင်ဖြစ်သူသည် သား/သမီး ၃ ဦးနှင့်အတူ နေထိုင်သူဖြစ်သည်။

 

Photo – Credit

 

#PeopleMedia #မုဒုံမြို့

 

(unicode)


………………………………………………………………………….

 


 


 


 


 

Photo – Credit

 



Share this post