• Follow Us on
Latest News

Home မိခင်နှင့် စကားများ၍ သားဖြစ်သူက နေအိမ်ကို မီးရှို့သောကြောင့် နေအိမ် ၃ လုံး မီးလောင်ကာ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိ

မိခင်နှင့် စကားများ၍ သားဖြစ်သူက နေအိမ်ကို မီးရှို့သောကြောင့် နေအိမ် ၃ လုံး မီးလောင်ကာ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၁ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့တွင် သားအမိချင်းစကားများရာမှ သားဖြစ်သူက နေအိမ်ကို ဓာတ်ဆီဖြင့် မီးရှို့ ခဲ့သောကြောင့် ခြံဝန်းအတွင်းရှိ နေအိမ် ၃ လုံးနှင့်အတူ ဆိုင်ကယ် ၅ စီး မီးလောင်ကာ အမျိုးသမီးနှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် သားအမိချင်းစကားများရာမှ ၎င်းတို့နေထိုင်သည့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းထားသည့်နေအိမ်ကို ဓာတ်ဆီပုံးနှင့် မီးရှို့ခဲ့ရာမှ ၎င်းတို့နေအိမ်မှတစ်ဆင့်  မီးစတင်လောင်ပြီး၊ ထိုခြံထဲအဝန်းထဲ၌ ဆောက်ထားသော ၎င်း၏ညီမအိမ်နှစ်အိမ်ကိုပါ မီးစွဲလောင်ရာမှ ထိုအိမ်နှစ်လုံးနှင့်အတူ ဆိုင်ကယ် ၅ စီးတို့မှာ မီးကူးစက်ပြီး မီးလောင်မှုကြောင့် ဒေါ်စန္ဒာဝင်းနှင့် ညီမဖြစ်သူတို့မှာ မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါ မီးလောင်ကျွမ်းသော နေအိမ်ကို ပုလဲမြို့နယ် ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်ရုံဦးစီးဌာနမှ မီးသတ်ယာဉ် ၃ စီး၊ ရေသည်ယာဉ် ၁ စီးတို့ဖြင့် မီးငြှိမ်းသက်ရာ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်တွင် မီးငြိမ်း သွားကြောင်း ယင်းဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သည့် ဒေါ်စန္ဒာဝင်း၏သားဖြစ်သူ ကိုအောင်သူဝင်း ကိုပုလဲမြို့မ ရဲစခန်းဌာနမှ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

 

#PeopleMedia #ပုလဲ

 

(unicode)


…………………………………………………………….

 


 


 


 


 



Share this post