• Follow Us on

Home မိတ္တီလာတက္ကသိုလ်၌ ကျောင်းသားများအသုံးပြုရန် အပူချိန်တိုင်း ကိရိယာတစ်ခုသာရှိ၊ ကိုရိုနာဗိုင်းရပ်စ် ကာ ကွယ်ရေးအတွက် ကျောင်းအုပ်ချုပ်ရေး၏ ဆောင်ရွက်ချက်သည် ညံ့ဖျင်းဟုဆို


Share this post

ရန်ကုန်၊ မတ် – ၁၈





#PeopleMedia #မိတ္တီလာ

(Unicode)
မိတ္တီလာတက္ကသိုလ်၌ ကျောင်းသားများအသုံးပြုရန် အပူချိန်တိုင်း ကိရိယာတစ်ခုသာရှိ၊ ကိုရိုနာဗိုင်းရပ်စ် ကာ ကွယ်ရေးအတွက် ကျောင်းအုပ်ချုပ်ရေး၏ ဆောင်ရွက်ချက်သည် ညံ့ဖျင်းဟုဆို
………………………………………………………

ရန်ကုန်၊ မတ် – ၁၈

မိတ္တီလာတက္ကသိုလ်၌ ကျောင်းသားများအသုံးပြုရန် အပူချိန်တိုင်းကိရိယာတစ်ခုသာရှိပြီး ကိုရိုနာဗိုင်းရပ်စ် ကာ ကွယ်ရေးအတွက် ကျောင်းအုပ်ချုပ်ရေး၏ ဆောင်ရွက်ချက်သည် ညံ့ဖျင်းတယ်လို့ ကျောင်းသား/သူများက ပြောဆိုပါတယ်။

မိတ္တီလာတက္ကသိုလ်၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ကျောင်းသားများကို အပူချိန်တိုင်းပေးမှုမရှိခြင်း၊ စာသင်ခန်းများ၌ နှာခေါင်းစည်းထားပေးမှုမရှိကြောင်း မိတ္တီလာကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုသန်းတိုးအောင် ကပြောပါတယ်။

“အပူချိန်တိုင်းကိရိယာက တစ်ကျောင်းလုံးမှ တစ်ခုပဲရှိတာ။ စာဖြေခန်းတစ်ခန်းမှာ တစ်ခုမရှိဘူး။ နှာခေါင်းစည်း လည်းထားပေးခြင်းမရှိဘူး။ ဖြစ်သင့်တာက စာဖြေတဲ့ အခန်းတိုင်းမှာ အပူချိန်တိုင်းကိရိယာ တစ်ခုစီထားပေး သင့်တာ”လို့ မိတ္တီလာကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုသန်းတိုးအောင်ကပြောပါတယ်။

Photo – ကိုသန်းတိုးအောင်(မိတ္တီလာတက္ကသိုလ်၌ ကျောင်းသား/သူများ အသုံပြုရန် ထားရှိပေးထားသည့် လက်ဆေးရေကန်နှင့် ဆပ်ပြာ)

#PeopleMedia #မိတ္တီလာ


Share this post