• Follow Us on

Home မိတ္ထီလာမြို့နယ်၌ ဒု-ရဲမှူး အယောင်ဆောင်သူတစ်ဦး ဖမ်းဆီးခံရ

မိတ္ထီလာမြို့နယ်၌ ဒု-ရဲမှူး အယောင်ဆောင်သူတစ်ဦး ဖမ်းဆီးခံရ

Share this post

မိတ္ထီလာ၊ စက်တင်ဘာ ၃၀ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ဒု-ရဲမှူးအယောင်ဆောင်တစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သက်ဆိုင်ရာ ရဲစခန်းထံက သိရပါတယ်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၃၀ ရက်နေ့က မိတ္ထီလာမြို့၊ ထမုန်ကန်အုပ်စု၊ ညောင်ပင်သာရွာနေထိုင်သူ နန္ဒ အသက် ၂၂ နှစ်မှာ ဒုရဲမှူး ရဲယူနီဖောင်းဖြင့် လှည့်လည်သွားလာနေမှုကို သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ ခြင်း ဖြစ်ပါတယ်။

 

အဆိုပါ သတင်းနှင့်ပတ်သက်၍ People Media က ထပ်မံအတည်ပြုနိုင်ရန် မိတ္ထီလာမြို့မရဲစခန်းအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျအရာရှိတစ်ဦးက “ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်လို့ ဖြေလို့မရပါဘူး စခန်းမှူးပဲဖြေလို့ရပါမယ်” ဟု ပြောပါတယ်။

 

အဆိုပါ ဒု-ရဲမှူးအယောင်ဆောင်သူသည် လက်ရှိအချိန်၌ ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုဖွင့်အရေးယူဆောင် ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

Photo – Khin Ko Latt

 

#PeopleMedia #မိတ္ထီလာ

 

(unicode)


…………………………………………………………

 

မိတ်ထီလာ၊ စကျတငျဘာ ၃၀ (People Media)

 


 


 


 


 

Photo – Khin Ko Latt

 

#PeopleMedia #မိတ်ထီလာ


Share this post