• Follow Us on

Home မိတ္ထီလာမြို့နယ်၌ ဆိုင်ကယ် အင်ဂျင်ဝိုင်လဲမည်ဟု ပြောဆိုပြီး ဆိုင်ကယ်ပြင်ဆိုင်၌ ထားခဲ့သည့် ဆိုင်ကယ် မိုင်းပေါက်ကွဲပြီး ဆိုင်အတွင်းရှိ ဆိုင်ကယ်အချို့ ပျက်စီးမှု ဖြစ်ပေါ်ခဲ့

မိတ္ထီလာမြို့နယ်၌ ဆိုင်ကယ် အင်ဂျင်ဝိုင်လဲမည်ဟု ပြောဆိုပြီး ဆိုင်ကယ်ပြင်ဆိုင်၌ ထားခဲ့သည့် ဆိုင်ကယ် မိုင်းပေါက်ကွဲပြီး ဆိုင်အတွင်းရှိ ဆိုင်ကယ်အချို့ ပျက်စီးမှု ဖြစ်ပေါ်ခဲ့

Share this post

မိတ္ထီလာ၊ ဒီဇင်ဘာ ၂၇ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ကျူတောကုန်းရပ်ကွက်ရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်၌ အင်ဂျင်ဝိုင်လဲရန် ရောက်ရှိလာသည့် ဆိုင်ကယ်တစ်စီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် အနီးရှိ ဆိုင်ကယ်တစ်ချို့ မီးလောင်ပျက်စီး ခဲ့သလို ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူသည် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၅ ရက်နေ့၌ အမျိုးသားတစ်ဦးသည် ဆိုင်ကယ်တစ်စီးလာရောက်ဖြင့် ဆိုင်ကယ် ပြင် ဆိုင်သို့ ရောက်ရှိလာပြီး ၎င်း၏ ဆိုင်ကယ်အင်ဂျင်ဝိုင်လဲမည့်ဟု ပြောဆိုပြီးနောက် အဆိုပါ ဆိုင်ကယ်သည် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။

 

“ဆိုင်ကယ်အင်ဂျင်ဝိုင်လဲချင်တယ်ဆိုပြီး လာတာ။ ပြီးတော့မှ သူက ဆေးလိပ်သွားဝယ်မယ်ဆိုပြီးတော့ ဆိုင်ကယ်ကြီးထားပြီး ထွက်ပြေးသွားတာ။ မယုံတော့ ဆိုင်ရှေ့ကို သွားထားလိုက်တယ်။ အဲ့အချိန်မှာ ကျွန် တော်ခြေလှမ်းတစ်လှမ်းပဲရှိသေးတယ် ဆိုင်ကယ်က ထပေါက်သွားတယ်” ဆိုင်ပိုင်ရှင်ဖြစ်သူက ပြောသည်။

 

အဆိုပါ ဆိုင်ကယ်ပြင်ဆိုင်သည် မိတ္ထီလာမြို့၌ ဆိုင်ကယ်ပြုပြင်ခြင်း၊ အပိုပစ္စည်းများ ရောင်းချခြင်းများ ပြု လုပ်လျက်ရှိသည်။

 

Photo – Credit

 

#PeopleMedia #မိတ္ထီလာမြို့

 

(unicode)


………………………………………………………….

 

မိတ်ထီလာ၊ ဒီဇငျဘာ ၂၇ (People Media)

 


 


 


 


 

Photo – Credit

 

#PeopleMedia #မိတ်ထီလာမွို့


Share this post