• Follow Us on

Home မိတ္ထီလာမြို့နယ်၌ သားဖြစ်သူမှ မိခင်ဖြစ်သူအား လေးခွဖြင့်ပစ်ကာ မိခင်၏ ညာဘက်မျက်လုံးကျွတ်ထွက်၊ သား ဖြစ်သူ ထွက်ပြေးလွတ်မြောက်နေ

မိတ္ထီလာမြို့နယ်၌ သားဖြစ်သူမှ မိခင်ဖြစ်သူအား လေးခွဖြင့်ပစ်ကာ မိခင်၏ ညာဘက်မျက်လုံးကျွတ်ထွက်၊ သား ဖြစ်သူ ထွက်ပြေးလွတ်မြောက်နေ

Share this post

မန္တလေး၊ ဒီဇင်ဘာ ၉ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ပြည်သာယာတောင်ရပ်ကွက်၌ သားဖြစ်သူမှ မိခင်ဖြစ်သူအား လေးခွဖြင့် ပစ်ခတ်ရာ မိခင်ဖြစ်သူ၏ ညာဘက်မျက်လုံးကျွတ်ထွက်ကြခဲ့ကြောင်း သိရပါတယ်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းက မိတ္ထီလာမြို့၊ ပြည်သာယာတောင်ရပ်ကွက်တွင် နေထိုင်သည့် ပြည်သူတစ်ဦးမှ ဖုန်းဆက်အကြောင်းကြားသောကြောင့် ထိုနေရာသို့ ပြည်သာယာလူငယ်လူမှုကူညီရေး အသင်းမှ သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

“ဖြစ်စဉ်ကတော့ ဟုတ်တယ်။ ကားပေါ်ရောက်မှ မေးတော့ သားဖြစ်သူက လေးခွနဲ့ပြစ်တာ။ ဘာကြောင့် ဖြစ်တယ်ဆိုတာတော့မသိဘူး။ ညာဘက်ကျွတ်ထွက်သွားတာ ခုလက်ရှိမှာ အဲ့ဒီမျက်လုံးကို ဆေးရုံက ပြန်ထည့်ပေးလိုက်တယ်။ လောလောဆယ်တော့ ဆေးရုံကပြန်ဆင်းသွားပြီ” လို့ ပြည်သာယာလူငယ်လူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဆိုပါပြုလုပ်သူမှာ နေအိမ်မှ ထွက်သွားပြီး ကျူးလွန်သူ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

Photo – Credit

 

#PeopleMedia #မိတ္ထီလာမြို့

 

(unicode)


………………………………………………………

 

မန်တလေး၊ ဒီဇငျဘာ ၉ (People Media)

 


 


 


 


 

Photo – Credit

 

#PeopleMedia #မိတ်ထီလာမွို့


Share this post