• Follow Us on
Latest News

Home မိတ္ထီလာမြို့ အများသုံးရေကန်၌ ရေနစ်နေသည့် ကလေး (၂) ဦးအား ဆင်းဆယ်သည့် မိခင်ဖြစ်သူနှင့် အဒေါ် ဖြစ်သူတို့ ရေနစ်သေဆုံး၊ ကလေးငယ်နှစ်ဦးသည် ဆရာတော်များ၏ ကယ်ဆယ်မှုကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့

မိတ္ထီလာမြို့ အများသုံးရေကန်၌ ရေနစ်နေသည့် ကလေး (၂) ဦးအား ဆင်းဆယ်သည့် မိခင်ဖြစ်သူနှင့် အဒေါ် ဖြစ်သူတို့ ရေနစ်သေဆုံး၊ ကလေးငယ်နှစ်ဦးသည် ဆရာတော်များ၏ ကယ်ဆယ်မှုကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့

Share this post

မိတ္ထီလာ၊ ဒီဇင်ဘာ ၂၀ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်၊ ပဥမကျော်ဓမ္မစရိယ စာသင်ကျောင်းတိုက် အ နောက်ဘက်ရှိ အများသုံးရေကန်၍  ဒီဇင်ဘာ ၁၉ ရက် နေ့ခင်း ၁ နာရီခန့်က ရေနစ်နေသည့် ကလေး ငယ်နှစ်ဦးကို ဆင်းဆယ်သည့်မိခင်ဖြစ်သူနှင့် အဒေါ်ဖြစ်သူတို့ ရေနစ်သေဆုံးပြီး ကလေးကယ်နှစ်ဦးသည် ဆရာတော်များ၏ ကယ်ဆယ်မှုကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

 

ဖြစ်စဉ်မှာ မိတ္ထီလာမြို့(မြောက်ဘက်ကန်)မှာ အများသုံးရေကန်မှာ ရေချိုးနေသည့် ကလေးနှစ်ဦး ရေနစ် နေမှုကြောင့် အနီးရှိ အဝတ်လျှော်နေသည့် အမေဖြစ်သူနဲ့ အဒေါ်ဖြစ်သူက အော်ဟစ်အကူအညီတောင်းပြီး ရေကန်ထဲသို့ ဆင်း၍ ကယ်ခဲ့သည်။

 

ထိုသို့ ကယ်ဆယ်ရာတွင် အဆိုပါ အမျိုးသမီးနှစ်ဦးသည် ရေနစ်၍ သေဆုံးခဲ့ပြီး ကလေးငယ်နှစ်ဦးကို ဆရာတော် (၅) ပါးမှ ရေထဲဆင်း၍ ကယ်ဆယ်မှုကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

 

“ကလေးနှစ်ယောက်က အရင်နစ်တာ။ နစ်တဲ့ကလေးနှစ်ယောက်ရဲ့ အမေနဲ့ အဒေါ်က အရင် ဆင်းဆယ်တာ။ အသံကြားတော့ ဦးဇင်း (၅) ပါးက ထပ်ပြီး ဆင်းဆယ်တာ။ ဦးဇင်းတွေ ဆင်းဆယ်တော့ ကလေးနှစ်ယောက်ကို အရင်တွေ့တယ်။ အမျိုးသမီးနှစ်ယောက်ကိုတော့ နောက်မှ တွေ့တယ် ရေမွန်းပြီး သေနေပြီ” လို့ ဝန်ဇင်းလူ ငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ ရေကန်သည် အများပြည်သူများသုံးရေကန်ဖြစ်ပြီး ကန်အတွင်းသို့ ရေချိုးခွင့် ခွင့်မပြုထားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #မိတ္ထီလာမြို့

 

(unicode)


 

………………………………………………………………

 

မိတ်ထီလာ၊ ဒီဇငျဘာ ၂၀ (People Media)

 


 


 


 


 


 

Photo – Credit

 

#PeopleMedia #မိတ်ထီလာမွို့


Share this post