• Follow Us on

Home မိန္းမႏွင့္စကားမ်ားၿပီးေနာက္ အလံုပိတ္ကန္႔သတ္မႈမ်ားၾကား အီတလီအမ်ိဳးသား မိုင္ ၂၈၀ လမ္းေလွ်ာက္

မိန္းမႏွင့္စကားမ်ားၿပီးေနာက္ အလံုပိတ္ကန္႔သတ္မႈမ်ားၾကား အီတလီအမ်ိဳးသား မိုင္ ၂၈၀ လမ္းေလွ်ာက္

Share this post

ေရာမ၊ ဒီဇင္ဘာ ၈ (𝑷𝒆𝒐𝒑𝒍𝒆 𝑴𝒆𝒅𝒊𝒂)
 
အီတလီအမ်ိဳးသားတေယာက္ အမ်ိဳးသမီးႏွင့္စကားမ်ားၿပီးေနာက္ စိတ္ေလွ်ာ့ရန္အျပင္ထြက္လမ္း ေလွ်ာက္ခဲ့ရာ ကီလိုမီတာ ၄၅၀ (မိုင္ ၂၈၀) ေရာက္ခဲ့သည္။
 
သူ႔ကို ၁၉၉၄ ခုႏွစ္က တြမ္ ဟန္႔ သ႐ုပ္ေဆာင္ထားၿပီး အေမရိကန္ႏိုင္ငံတ၀န္း မိုင္ေထာင္ခ်ီေျပးခဲ့သည့္လူ အေၾကာင္း႐ိုက္ကူးထားသည့္႐ုပ္႐ွင္ Forrest Gump (ေဖာရက္စ္ ဂမ့္ပ္) ကိုအစြဲျပဳကာ အီတလီမ်ားက သူ႔ကို ေဖာရက္စ္ ဂမ့္ဟုေခၚသည္။
 
ႏိုင္ငံေျမာက္ပိုင္းကိုမိုၿမိဳ႕မွထြက္လာခဲ့ၿပီးတပတ္အၾကာ အက္ဒရီယာကမ္းေျခ႐ွိ ဖာႏိုၿမိဳ႕တြင္ တနလၤာေန႔ မနက္ ၂ နာရီ၌ သူ၏မွတ္တမ္းတင္ထိုက္ေသာလမ္းေလွ်ာက္ခရီးစဥ္ကို ရဲမ်ားက ရပ္တန္႔လိုက္သည္။
 
ညမထြက္အမိန္႔ကိုခ်ိဳးေဖာက္သည္ဟုဆိုကာ ရဲမ်ားက ၄၈ ႏွစ္အ႐ြယ္႐ွိအမ်ိဳးသားကို ယူ႐ို ၄၀၀ ဒဏ္ေငြသတ္မွတ္ခဲ့သည္။
 
ဘိုေလာ့နာၿမိဳ႕အေျခစိုက္ အီရက္စတိုဒယ္ကာလီႏိုသတင္းစာက ထိုျဖစ္ရပ္ကို ပထမဆံုးေဖာ္ျပခဲ့ၿပီး ေနာက္ပိုင္း အီတလီမီဒီယာမ်ားတြင္ ေရပန္းစားခဲ့သည္။
 
လူမႈကြန္ရက္မွမွတ္ခ်က္မ်ားတြင္ ထိုအမ်ိဳးသားမ်ားကို သူရဲေကာင္းအျဖစ္ခ်ီးက်ဴးၿပီး ဒဏ္ေငြသတ္မွတ္ျခင္းကို ေ၀ဖန္ေနၾကသည္။
 
အမ်ိဳးသမီးကိုအၾကမ္းမဖက္ဘဲ ေဒါသၿငိမ္ရန္ လမ္းေလွ်ာက္ခဲ့ျခင္းအတြက္ တေယာက္က သူ႔ကိုခ်ီးက်ဴးခဲ့သည္။
 
ယူ႐ို ၄၀၀ ဒဏ္ေငြသတ္မွတ္ခံရျခင္းအေပၚ အမ်ိဳးသမီး မည္သို႔တံု႔ျပန္ခဲ့သည္ကို အီတလီမီဒီယာမ်ားက ေဖာ္ျပခဲ့ျခင္းမ႐ွိေခ်။
 
Ref : Coronavirus Italy: Man walks 450km after lockdown row with wife
 
#PeopleMedia
 
(unicode)
မိန်းမနှင့်စကားများပြီးနောက် အလုံပိတ်ကန့်သတ်မှုများကြား အီတလီအမျိုးသား မိုင် ၂၈၀ လမ်းလျှောက်
……………………………………………………..
 
ရောမ၊ ဒီဇင်ဘာ ၈ (𝑷𝒆𝒐𝒑𝒍𝒆 𝑴𝒆𝒅𝒊𝒂)
 
အီတလီအမျိုးသားတယောက် အမျိုးသမီးနှင့်စကားများပြီးနောက် စိတ်လျှော့ရန်အပြင်ထွက်လမ်း လျှောက်ခဲ့ရာ ကီလိုမီတာ ၄၅၀ (မိုင် ၂၈၀) ရောက်ခဲ့သည်။
 
သူ့ကို ၁၉၉၄ ခုနှစ်က တွမ် ဟန့် သရုပ်ဆောင်ထားပြီး အမေရိကန်နိုင်ငံတဝန်း မိုင်ထောင်ချီပြေးခဲ့သည့်လူ အကြောင်းရိုက်ကူးထားသည့်ရုပ်ရှင် Forrest Gump (ဖောရက်စ် ဂမ့်ပ်) ကိုအစွဲပြုကာ အီတလီများက သူ့ကို ဖောရက်စ် ဂမ့်ဟုခေါ်သည်။
 
နိုင်ငံမြောက်ပိုင်းကိုမိုမြို့မှထွက်လာခဲ့ပြီးတပတ်အကြာ အက်ဒရီယာကမ်းခြေရှိ ဖာနိုမြို့တွင် တနင်္လာနေ့ မနက် ၂ နာရီ၌ သူ၏မှတ်တမ်းတင်ထိုက်သောလမ်းလျှောက်ခရီးစဉ်ကို ရဲများက ရပ်တန့်လိုက်သည်။
 
ညမထွက်အမိန့်ကိုချိုးဖောက်သည်ဟုဆိုကာ ရဲများက ၄၈ နှစ်အရွယ်ရှိအမျိုးသားကို ယူရို ၄၀၀ ဒဏ်ငွေသတ်မှတ်ခဲ့သည်။
 
ဘိုလော့နာမြို့အခြေစိုက် အီရက်စတိုဒယ်ကာလီနိုသတင်းစာက ထိုဖြစ်ရပ်ကို ပထမဆုံးဖော်ပြခဲ့ပြီး နောက်ပိုင်း အီတလီမီဒီယာများတွင် ရေပန်းစားခဲ့သည်။
 
လူမှုကွန်ရက်မှမှတ်ချက်များတွင် ထိုအမျိုးသားများကို သူရဲကောင်းအဖြစ်ချီးကျူးပြီး ဒဏ်ငွေသတ်မှတ်ခြင်းကို ဝေဖန်နေကြသည်။
 
အမျိုးသမီးကိုအကြမ်းမဖက်ဘဲ ဒေါသငြိမ်ရန် လမ်းလျှောက်ခဲ့ခြင်းအတွက် တယောက်က သူ့ကိုချီးကျူးခဲ့သည်။
 
ယူရို ၄၀၀ ဒဏ်ငွေသတ်မှတ်ခံရခြင်းအပေါ် အမျိုးသမီး မည်သို့တုံ့ပြန်ခဲ့သည်ကို အီတလီမီဒီယာများက ဖော်ပြခဲ့ခြင်းမရှိချေ။
 
Ref : Coronavirus Italy: Man walks 450km after lockdown row with wife
 
#PeopleMedia

Share this post