• Follow Us on

Home မိမိတို့၏ ရည်ရွယ်ချက်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ်ကြောင်း န-စ-က ဥက္ကဋ္ဌ ပြောကြား

မိမိတို့၏ ရည်ရွယ်ချက်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ်ကြောင်း န-စ-က ဥက္ကဋ္ဌ ပြောကြား

Share this post

မန္တလေး၊ ဇန်နဝါရီ ၂၄ (People Media)

 

မိမိတို့၏ ရည်ရွယ်ချက်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ်ကြောင်း န-စ-က ဥက္ကဋ္ဌက ပြောကြားသည်။

 

ဇန်နဝါရီ ၂၃ ရက်နေ့၌ မန္တလေးမြို့ရှိ ဘာသာရေးခေါင်းဆောင်များ၊ လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ ဆုံစဉ် န-စ-ကဥက္ကဋ္ဌက အထက်ပါအတိုင်းပြောဆိုခဲ့သည်။

 

“မိမိတို့၏ ရည်ရွယ်ချက်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ်ကြောင်း၊ တိုင်းပြည် သာယာဝပြောရေးဆိုသည်မှာ နိုင်ငံသားအားလုံး မိမိတို့ဒေသတွင် ပျော်ပျော်ရွှင်ရွှင်ဖြင့် နေထိုင်လုပ်ကိုင်နိုင်ပြီး တရားဥပဒေများ စိုးမိုးမှုရှိရမည်၊ ငြိမ်းချမ်းရမည်၊ လွတ်လွတ်လပ်လပ်လုပ်ကိုင်နိုင်ရမည်၊ ကျောင်းနေအရွယ် အားလုံး ပညာသင်ကြားနိုင်ရမည်ဖြစ်ကြောင်း” န-စ-ကဥက္ကဋ္ဌက ပြောသည်။

 

ဆက်လက်ပြီး “အူမတောင့်မှ သီလစောင့်နိုင်မည်” ဆိုသည့်အတိုင်း စာရေရိက္ခာပေါများအောင် ဆောင်ရွက်ကြ ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် ရေခံမြေခံကောင်းမွန်သည့်နေရာများစွာရှိပြီး အပြည့်အဝအသုံးချနိုင်မည်ဆိုပါ က စားရေရိက္ခာများပေါများမည်ဖြစ်ကြောင်း၊ နိုင်ငံသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေး မြို့ရှိ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များအားလုံးအနေဖြင့် မိမိတို့ဘာသာဝင်အသီးသီးအား ဝိုင်းဝန်းတိုက် တွန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြင်းပြီး ဒီအရိပ်ကိုခိုနေ သူများဖြစ်သဖြင့် နိုင်ငံသာယာဝပြောရေးနှင့် စားရေရိက္ခာပေါများစေရေး အားလုံးမှ ဝိုင်းဝန်းဆောင်ရွက်ကြစေ လိုကြောင်း” န-စ-ကဥက္ကဋ္ဌက ပြောကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ YMBA အသင်းမှ ဥက္ကဋ္ဌ ဦးကြည်စိန်၊ အထက်မြန်မာပြည် ဟိန္ဒူဘာသာရေးအဖွဲ့မှ ဒုတိ ယဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ မန္တလေးမြို့ ကတ်သလစ်ဘာသာရေးအဖွဲ့မှ ခရစ်ယာန်ဘုန်းတော်ကြီး ဦးခင် မောင်ထွေး၊ မန္တလေးမြို့ နှစ်ခြင်းဘာသာရေးအဖွဲ့မှ ခရစ်ယာန် သင်းအုပ်ဘုန်းတော်ကြီး ဦးနောင်နောင်လွင်၊ မန္တလေးမြို့၊ အစ္စလာမ်ဘာသာရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ မောင်လာနာဟာဖစ်ဇ် နူရ်ရွတ်ဒီးန်(ခ) ဦးမျိုးမြင့်တို့နှင့် အဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ (MMIC) ဥက္ကဋ္ဌ ဦးခင်မောင်လှနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI) ဥက္ကဋ္ဌ ဦးဝင်း ဌေးနှင့် အဖွဲ့ဝင်များ စသည်ဖြင့် တက်ရောက်ခဲ့သည်။

 

အလားတူ န-စ-ကဥက္ကဋ္ဌက မန္တလေးမြို့ရှိ ဘာသာရေးအသင်းအဖွဲ့များအတွက် အသင်းရန်ပုံငွေအဖြစ် တစ် သင်းလျှင် ကျပ်သိန်း ၁၅၀ ထောက်ပံ့ခဲ့သည်။

 

#PeopleMedia #ဘာသာပေါင်းစုံ

 

(unicode)


…………………………………………………………

 

မန်တလေး၊ ဇနျနဝါရီ ၂၄ (People Media)

 


 


 


 


 


 


 



Share this post