• Follow Us on

Home မိမိတို့နှင့် ဘုံရန်သူ တူညီပြီး စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တူညီသော အခြားသောမိတ်ဖက်အဖွဲ့များနှင့် လက်တွဲပြီး စုပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ ထုတ်ပြန်

မိမိတို့နှင့် ဘုံရန်သူ တူညီပြီး စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တူညီသော အခြားသောမိတ်ဖက်အဖွဲ့များနှင့် လက်တွဲပြီး စုပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၃၁ (People Media)

 

မိမိတို့နှင့် ဘုံရန်သူတူညီပြီး စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တူညီသော အခြားသောမိတ်ဖက်အဖွဲ့များနှင့် လက်တွဲပြီး စုပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့မှ ထုတ်ပြန်လိုက်သည်။

 

ယခုဆိုလျှင် မြန်မာ့တပ်မတော်ကို မြန်မာပြည်အနှံ့အပြားတွင် ခုခံတွန်းလှန်သောစစ်ဖြင့် အပြီးသတ်တိုက်ထုတ် ချေမှုန်းရန် ကြိုးပမ်းအားထုတ်နေသည်များကို တွေ့ရှိလာရသည်မှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မှုကို ဖော်ပြရာရောက်ပြီး တစ်နိုင်ငံလုံးမှ မလိုလားမှုကို ပြသရာလည်း ရောက်နေကြောင်း ထုတ်ပြန်ထားသည်။

 

မိမိတို့ ညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်၊ တအောင်း၊ ရခိုင်အဖွဲ့အစည်းတို့သည် တူညီသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များဖြင့် မိမိတို့ လူမျိုးများ၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရရှိရေးတို့အတွက် ဘုံရန် သူအား တော်လှန်တိုက်ပွဲဝင်နေကြသည့်အလျောက် မိမိတို့နှင့် ဘုံရန်သူတူညီပြီး စစ်ရေး၊ နိုင်ငံရေး ရည်မှန်း ချက်တူညီသော အခြားသော မိတ်ဖက်ညီအစ်ကိုအဖွဲ့များနှင့် လက်တွဲပြီး မိမိကိုယ်မိမိ ခုခံကာကွယ်သော အနေဖြင့်၏ စစ်ရေး၊ နိုင်ငံရေးလိုအပ်ချက်အရ ဟန်ချက်ညီ စုပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ် ပြန်ထားသည်။

 

Photo – Credit (COVID-19ကာကွယ်ဆေးထိုးနေသည့် AA အဖွဲ့ဝင်များ)

 

#PeopleMedia #Political

 

(unicode)


………………………………………………………………

 


 


 


 


 


 

#PeopleMedia #Political


Share this post