• Follow Us on

Home မိမိနိုင်ငံ၏ ဂုဏ်သိက္ခာမကျစေရန်မဆုတ်မနစ်သော စိတ်ဓာတ်၊ ဇွဲ၊ လုံ့လတိုဖြင့် နောက်ဆုံးအချိန်အထိ ကြိုးစား ယှဉ်ပြိုင်ကြရန် အားကစားဝန်ကြီးမှာကြား

မိမိနိုင်ငံ၏ ဂုဏ်သိက္ခာမကျစေရန်မဆုတ်မနစ်သော စိတ်ဓာတ်၊ ဇွဲ၊ လုံ့လတိုဖြင့် နောက်ဆုံးအချိန်အထိ ကြိုးစား ယှဉ်ပြိုင်ကြရန် အားကစားဝန်ကြီးမှာကြား

Share this post

နေပြည်တော်၊ မတ် ၈

 

မိမိနိုင်ငံ၏ ဂုဏ်သိက္ခာမကျစေရန် မဆုတ်မနစ်သော စိတ်ဓာတ်၊ ဇွဲ၊ လုံ့လတိုဖြင့် နောက်ဆုံးအချိန်အထိ ကြိုးစားယှဉ်ပြိုင်ကြရန် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မှာကြားသည်။

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားအဖွဲ့များ၏ လေ့ကျင့်မှုပြုလုပ်နေသည့်နေရာ များသို့ လိုက်လံကြည့်ရှုအားပေးပြီး တွေ့ဆုံစဉ်မှာကြားခဲ့ခြင်းဖြစ်သည်။

 

“ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ မိမိပြိုင်ဖက်နဲ့ အရည်အချင်းကွာခြားမှုရှိပေမယ့် မိမိနိုင်ငံရဲ့ ဂုဏ်သိက္ခာ မကျစေဖို့ မဆုတ်မနစ်သော စိတ်ဓာတ်၊ ဇွဲ၊ လုံ့လတိုနဲ့ အဆင့်အတန်းရှိရှိ နောက်ဆုံးအချိန်အထိ ကြိုးစား ယှဉ်ပြိုင်ကြဖို့ လိုအပ်တယ်။ အားကစားသမားတစ်ဦးချင်းစီတိုင်းဟာ ဆုတံဆိပ်ရရှိဖို့ အရေးကြီးတဲ့အတွက် မိမိအတွက်ရော နိုင်ငံအတွက်ပါ ဆုံးရှုံးမှုများမရှိစေဖို့  မိမိကိုယ်မိမိ အထူးဂရုစိုက်ကြဖို့ တိုက်တွန်းမှာကြားလိုပါ တယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဆုတံဆိပ်ရရှိရန် မျှော်မှန်းယုံကြည်ထားသည့်အတွက် အား ကစားသမားများအနေဖြင့် အိပ်ရေးပျက်မခံဘဲ ကျန်းမာရေးကောင်းမွန်အောင် နေထိုင်စားသောက်ရာတွင် အထူးဂရုစိုက်ကြရန်လိုအပ်ကြောင်း၊ အားကစားသမားများအနေဖြင့် ဖြစ်ချင်တာထက် ဖြစ်သင့်သည်ကို ဦးစား ပေးလုပ်ဆောင်သွားကြရန် လိုအပ် ကြောင်းနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နေထိုင်စားသောက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများရှိပါက တာဝန်ရှိသူများထံတင်ပြရန်နှင့် လို အပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


……………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post