• Follow Us on

Home မိမိႏိုင္ငံလံုၿခံဳေရးႏွင့္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို အျပည့္အဝကာကြယ္ေစာင့္ ေရွာက္ရန္ တာဝန္ရွိေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွ ဂ်ပန္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ႏွင့္ႏိုင္ ငံျခားေရးဝန္ႀကီးတုိ႔ကုိ ရွင္းလင္းေျပာၾကား

မိမိႏိုင္ငံလံုၿခံဳေရးႏွင့္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို အျပည့္အဝကာကြယ္ေစာင့္ ေရွာက္ရန္ တာဝန္ရွိေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွ ဂ်ပန္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ႏွင့္ႏိုင္ ငံျခားေရးဝန္ႀကီးတုိ႔ကုိ ရွင္းလင္းေျပာၾကား

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၁၀

ျမန္မာႏုိင္ငံလုံျခံဳေရးႏွင့့္္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို အျပည့္အဝကာကြယ္ ေစာင့္ေရွာက္ရန္ တာဝန္ရွိေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္း ေအာင္လိႈင္မွ ဂ်ပန္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ H.E. Mr. Shinzo ABE ႏွင့္ႏိုင္ငံျခားေရးဝန္ႀကီး Mr. Toshimitsu MOTEGI တုိ႔ကုိ ရွင္းလင္းေျပာၾကားခဲ့သည္။

အလားတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ရွင္းလင္းေျပာဆုိရာ၌ မိမိတို႔ ႏွစ္ႏိုင္ငံ၏ ဆက္ဆံေရးသည္ ျမန္မာႏိုင္ငံလြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္းႏွင့္ အတူ ယွဥ္တြဲေပၚေပါက္ခဲ့သည္ဟုဆိုရမည္ျဖစ္သကဲ့သို႔ ျမန္မာ့တပ္မေတာ္သေႏၶတည္ ေပါက္ဖြားခဲ့မႈ သမိုင္းတြင္လည္း ဂ်ပန္တပ္မေတာ္၏ အခန္းက႑ကို ခ်န္လွပ္ထား၍ မရႏိုင္ပါေၾကာင္း၊ ရခိုင္ျပည္နယ္အေရးကိစၥတြင္ ျမန္မာႏိုင္ငံဘက္မွ မွန္ကန္စြာ ရပ္တည္ေပးခဲ့သည့္အတြက္ ေက်းဇူးတင္ရွိပါေၾကာင္းႏွင့္ ဂ်ပန္ႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ မိတ္ေဆြေဟာင္း၊ မိတ္ေဆြေကာင္းႏိုင္ငံ ျဖစ္သကဲ့သို႔ ျမန္မာႏိုင္ငံသည္လည္း ဂ်ပန္ႏိုင္ငံ၏ မိတ္ေဆြေဟာင္း၊ မိတ္ေဆြေကာင္း ႏိုင္ငံျဖစ္ပါေၾကာင္း ဆုိသည္။

ေတြ႕ဆံုပြဲတြင္ တပ္မေတာ္ႏွစ္ရပ္အၾကားပူးေပါင္းေဆာင္ရြက္မႈ ျမႇင့္တင္ေရးဆိုင္ရာ ကိစၥရပ္မ်ား၊ ရခိုင္ျပည္နယ္အတြင္းအၾကမ္းဖက္လုပ္ရပ္မ်ား ေပၚေပါက္လာသည့္ အေျခအေနမ်ားႏွင့္ တပ္မေတာ္က ဥပေဒႏွင့္အညီ ထိန္းသိမ္းေဆာင္ရြက္ခဲ့မႈအေျခအေနမ်ား၊ ျပည္တြင္း ၿငိမ္းခ်မ္းေရး ရရွိေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တပ္မေတာ္မွ တစ္ဖက္သတ္အပစ္ ရပ္စဲေပးခဲ့ၿပီး ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ား ျပဳလုပ္လ်က္ရွိသည့္ အေျခအေနမ်ား၊ ေဒသတြင္း ၿငိမ္းခ်မ္းေရးႏွင့္ ကမၻာ့ၿငိမ္းခ်မ္းေရး ဆိုင္ရာမ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေရးကိစၥရပ္မ်ား၊ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္မႈ ျမႇင့္တင္ေရး ေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ျမန္မာ့တပ္မေတာ္ ေခတ္မီတပ္မေတာ္ျဖစ္ေရး အဆင့္ျမႇင့္တင္ေရးတြင္ ဂ်ပန္ႏိုင္ငံမွ အကူအညီေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးသည္ ရွည္လ်ားသည့္ သမိုင္းေၾကာင္းရွိခဲ့ၿပီး ဆက္လက္ၿပီး ပိုမိုတိုးတက္ခိုင္မာေအာင္ တည္ေဆာက္သြားမည့္ အေျခအေနမ်ားအား ခင္မင္ရင္းႏွီးစြာ ေဆြးေႏြး ခဲ့ၾကသည္။

ထို႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ဂ်ပန္ႏိုင္ငံ၊ ႏိုင္ငံျခားေရး ဝန္ႀကီး ဌာနသို႕သြားေရာက္၍ ႏိုင္ငံျခားေရးဝန္ႀကီး Mr.Toshimitsu MOTEGI ႏွင့္ေတြ႕ဆံုေဆြးေႏြးခဲ့သည္။ ေတြ႕ဆံုေဆြးေႏြးရာတြင္ ရခိုင္ျပည္နယ္အေရးကိစၥႏွင့္ ၿငိမ္းခ်မ္းေရးဆိုင္ရာေဆာင္ရြက္မႈမ်ားတြင္ ဂ်ပန္ႏိုင္ငံမွ မိတ္ေဆြစိတ္ဓာတ္ျဖင့္ ကူညီေဆာင္ရြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ျပည္တြင္းလက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၏ ေပၚေပါက္လာပံု ေနာက္ခံသမိုင္းေၾကာင္း မတူညီသည့္ အေျခအေနမ်ား၊ ေနရပ္စြန္႕ခြာဒုကၡသည္စခန္းမ်ားမွ ဒုကၡသည္မ်ားအား သက္ဆိုင္ရာ ေနရပ္ အသီးသီးတြင္ ျပန္လည္အေျခခ်ေနထိုင္ႏိုင္ေရး ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ အင္ဒို-ပစိဖိတ္ေဒသတြင္း လံုၿခံဳေရးဆိုင္ရာ သေဘာထားအျမင္မ်ားႏွင့္ ေဒသတြင္း ၿခိမ္းေျခာက္မႈ မ်ားကို ရင္ဆိုင္ႏိုင္ေရး၊ ႏ်ဴကလီးယားလက္နက္ႏွင့္ ဖ်က္အားျပင္း လက္နက္မ်ား ကင္းစင္သည့္ ကမၻာႀကီးျဖစ္ေစေရး ႏိုင္ငံအားလံုး ပူးေပါင္းေဆာင္ရြက္ရန္ လိုအပ္သည့္ အေျခအေနမ်ား၊ လြတ္လပ္ေသာစံုစမ္းစစ္ေဆးေရးေကာ္မရွင္၏ ေဆာင္ရြက္မႈမ်ားတြင္ ျမန္မာ့တပ္မေတာ္မွ ပူးေပါင္း ေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ႏိုင္ငံတိုင္းရွိ တပ္မေတာ္တိုင္းသည္ မိမိႏိုင္ငံ၏ လံုၿခံဳေရးႏွင့္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို အျပည့္အဝကာကြယ္ေစာင့္ေရွာက္ရန္ တာဝန္ရွိသည့္ အေျခအေနမ်ားအား ခင္မင္ရင္းႏွီးစြာေဆြးေႏြးခဲ့ၾကသည္။

(unicode)
မိမိနိုင်ငံလုံခြုံရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အဝကာကွယ်စောင့် ရှောက်ရန် တာဝန်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့်နိုင် ငံခြားရေးဝန်ကြီးတို့ကို ရှင်းလင်းပြောကြား
………………………………………………………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၁၀

မြန်မာနိုင်ငံလုံခြုံရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အဝကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်မှ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Shinzo ABE နှင့်နိုင်ငံခြားရေးဝန်ကြီး Mr. Toshimitsu MOTEGI တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရှင်းလင်းပြောဆိုရာ၌ မိမိတို့ နှစ်နိုင်ငံ၏ ဆက်ဆံရေးသည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် အတူ ယှဉ်တွဲပေါ်ပေါက်ခဲ့သည်ဟုဆိုရမည်ဖြစ်သကဲ့သို့ မြန်မာ့တပ်မတော်သန္ဓေတည် ပေါက်ဖွားခဲ့မှု သမိုင်းတွင်လည်း ဂျပန်တပ်မတော်၏ အခန်းကဏ္ဍကို ချန်လှပ်ထား၍ မရနိုင်ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စတွင် မြန်မာနိုင်ငံဘက်မှ မှန်ကန်စွာ ရပ်တည်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံ ဖြစ်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း ဂျပန်နိုင်ငံ၏ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်း နိုင်ငံဖြစ်ပါကြောင်း ဆိုသည်။

တွေ့ဆုံပွဲတွင် တပ်မတော်နှစ်ရပ်အကြားပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်လုပ်ရပ်များ ပေါ်ပေါက်လာသည့် အခြေအနေများနှင့် တပ်မတော်က ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်မှ တစ်ဖက်သတ်အပစ် ရပ်စဲပေးခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည့် အခြေအနေများ၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာ့တပ်မတော် ခေတ်မီတပ်မတော်ဖြစ်ရေး အဆင့်မြှင့်တင်ရေးတွင် ဂျပန်နိုင်ငံမှ အကူအညီပေးလျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးသည် ရှည်လျားသည့် သမိုင်းကြောင်းရှိခဲ့ပြီး ဆက်လက်ပြီး ပိုမိုတိုးတက်ခိုင်မာအောင် တည်ဆောက်သွားမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး ဌာနသို့သွားရောက်၍ နိုင်ငံခြားရေးဝန်ကြီး Mr.Toshimitsu MOTEGI နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးရာတွင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ငြိမ်းချမ်းရေးဆိုင်ရာဆောင်ရွက်မှုများတွင် ဂျပန်နိုင်ငံမှ မိတ်ဆွေစိတ်ဓာတ်ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပေါ်ပေါက်လာပုံ နောက်ခံသမိုင်းကြောင်း မတူညီသည့် အခြေအနေများ၊ နေရပ်စွန့်ခွာဒုက္ခသည်စခန်းများမှ ဒုက္ခသည်များအား သက်ဆိုင်ရာ နေရပ် အသီးသီးတွင် ပြန်လည်အခြေချနေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အင်ဒို-ပစိဖိတ်ဒေသတွင်း လုံခြုံရေးဆိုင်ရာ သဘောထားအမြင်များနှင့် ဒေသတွင်း ခြိမ်းခြောက်မှု များကို ရင်ဆိုင်နိုင်ရေး၊ နျူကလီးယားလက်နက်နှင့် ဖျက်အားပြင်း လက်နက်များ ကင်းစင်သည့် ကမ္ဘာကြီးဖြစ်စေရေး နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများ၊ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆောင်ရွက်မှုများတွင် မြန်မာ့တပ်မတော်မှ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတိုင်းရှိ တပ်မတော်တိုင်းသည် မိမိနိုင်ငံ၏ လုံခြုံရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အဝကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာဆွေးနွေးခဲ့ကြသည်။


Share this post