• Follow Us on

Home မိုင်းကိုင်မြို့နယ် တအာင်းပါတီ(TNP) ဥက္ကဋ္ဌ မိုင်းနုမ်ဟန်အား RCSS မှ ဖမ်းဆီးသတ်ဖြတ်သည်ဆိုသည့်သတင်း များသည် စွပ်စွဲချက်သာဖြစ်ဟု RCSS ထုတ်ပြန်

မိုင်းကိုင်မြို့နယ် တအာင်းပါတီ(TNP) ဥက္ကဋ္ဌ မိုင်းနုမ်ဟန်အား RCSS မှ ဖမ်းဆီးသတ်ဖြတ်သည်ဆိုသည့်သတင်း များသည် စွပ်စွဲချက်သာဖြစ်ဟု RCSS ထုတ်ပြန်

Share this post

မိုင်းကိုင်၊ မတ် ၁၅

 

လူမှုကွန်ရက်ပေါ်တွင် ပြန့်ကျဲနေသည့် မိုင်းကိုင်မြို့နယ် တအာင်းပါတီ (TNP) ဥက္ကဌ မိုင်းနုမ်ဟန်အား သျှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးသတ်ဖြတ်သည် ဆိုသည့် သတင်းမှာ အရင်းအမြစ်မရှိသည့် ကောလဟလ သတင်းများသာဖြစ်ပြီး RCSS/SSA တပ်ဖွဲ့အပေါ် တမင်စွပ်စွဲ ခြင်းသာဖြစ်ကြောင်း RCSS မှ ထုတ်ပြန်လိုက်သည်။

 

မိုင်းကိုင်မြို့နယ် တအာင်းပါတီ (TNP)ဥက္ကဋ္ဌ မိုင်းနုမ်ဟန် မိသားစုအား RCSSမှ သတ်ဖြတ်ခဲ့ကြောင်း မီဒီယာ တစ်ခုမှ ဖော်ပြခဲ့မှုများကို RCSS မှ ပြန်လည်ရှင်းလင်းလိုက်ခြင်းဖြစ်သည်။

 

တအာင်းပါတီ (TNP)ဥက္ကဋ္ဌ မိုင်းနုမ်ဟန်နှင့် ၎င်းမိသားစုဝင်များ အသတ်ခံထားရသည့်  ရုပ်အလောင်းများကို ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့တွင်  မိုင်းကိုင်မြို့နယ် တုံလောရွာအနီး ပန်ပွဲရွာပိုင် တောင်ယာအထက်နားက တောတွင်းတစ်ခုထဲတွင် တွေ့ရှိခဲ့တာနှင့် ပတ်သက်ပြီး မီဒီယာတစ်ခုမှ RCSS အဖွဲ့များ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ကြသည်။

 

ဤကိစ္စနှင့်ပတ်သတ်၍ နမ့်ဆန်မြို့ရှိ တအောင်း(ပလောင်)အမျိုးသားပါတီ ဥက္ကဌ ဦးခွန်ရီသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့ ရက်စွဲဖြင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီထံသို့ စာရေးပြီး အကူအညီ တောင်းခံလာသဖြင့် RCSS ဗဟိုဌာနချုပ်သည် မိုင်းနုမ်ဟန်မိသားစု ဖမ်းဆီးခြင်းကိစ္စကို စီစစ်ပြီး တွေ့ရှိချက်အရ လူမှုကွန်ယက်ပေါ် ကောလဟလ သတင်းများနှင့် ဥက္ကဌ ဦးခွန်ရီ၏ စာတွင် ဖေါ်ပြထားသည့်အတိုင်း မဟုတ်ပါ ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် RCSS ၏ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စိုင်းငင်းမှ စာရေး ပြီး အကြောင်းပြန်ကြားရှင်းလင်းပြခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

မိုင်းကိုင်မြို့နယ် တအာင်းပါတီ (TNP) ဥက္ကဋ္ဌ မိုင်းနုမ်ဟန်နှင့် မိသားစုအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပတ် သက်၍ သတင်းဌာနတစ်ခုမှ လူမှုကွန်ရက်ပေါ် တင်ပြသည့် သတင်းများသည် အရင်းအမြစ်မရှိပဲ RCSS/SSA တပ်ဖွဲ့အပေါ် တမင်တကာ စွပ်စွဲခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

RCSS/SSA တပ်ဖွဲ့သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပေါ်လစီကို အမှတ်စဉ်(၁) အဖြစ် ချမှတ်ထားခြင်း ဖြစ်ပြီး အကောင်အထည်ဖော်ဆောင်ရာတွင်လည်း သျှမ်းပြည်တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက် စေမည့်ဆောင်ရွက်ချက်မျိုး လုံးဝမပြုလုပ်ရန် တင်းကျပ်စွာ တားမြစ်ထားသည့် တပ်ဖွဲ့ဖြစ်ကြောင်း ထုတ် ပြန်ထားသည်။

 

(unicode)


………………………………

 


 


 


 


 


 


 



Share this post