• Follow Us on

Home မိုင်းကိုင်မြို့၌ SSPP/SSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် ရှမ်းပြည်တပ်မတော် RCSS/ SSA တပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ဘေးရှောင်များစီးလာသည့် ထော်လာဂျီ (၂) စီး တိမ်းမှောက်

မိုင်းကိုင်မြို့၌ SSPP/SSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် ရှမ်းပြည်တပ်မတော် RCSS/ SSA တပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ဘေးရှောင်များစီးလာသည့် ထော်လာဂျီ (၂) စီး တိမ်းမှောက်

Share this post

တောင်ကြီး၊ စက်တင်ဘာ ၂၃ (People Media)

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ SSPP/SSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်ဖွဲ့နှင့် ရှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့တို့ ၏ တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ် ဘေးရှောင်များစီးလာသည့် ထော်လာဂျီ (၂) စီး တိမ်းမှောက်ခဲ့ကြောင်း ယင်းမြို့နယ် လူမှုကူညီရေးအသင်းထံမှ သိရသည်။

 

အဆိုပါဒေသ၌ ရှမ်းပြည်တပ်မတော် SSPP/SSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် ရှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့တို့ တိုက်ပွဲများပြင်းထန်လျက်ရှိသည်။

 

စစ်ဘေးရှောင်များ ခိုလှုံရာ နောင်လျှော်ကျေးရွာအနီးတစ်ဝှိုက်၌ လက်နက်ကြီးပေါက်ကွဲသံများ အဆက်မပြတ် ကြားနေရသောကြောင့် စစ်ဘေးရှောင်ဒေသခံ ၁၅၀၀ ခန့်သည် မိုးထဲရေထဲ ပစ္စည်းသိမ်းဆည်းကာ ထပ်မံတိမ်း ရှောင်ခဲ့စဉ် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နောင်လျှော်ကျေးရွာမှ ပန်ကေတုဘက်သို့ မိုးထဲရေထဲထပ်မံစစ်ဘေးရှောင်နေစဉ် ပန်ကေတုကျေးရွာအနီးတွင် စစ်ဘေးရှောင်များ စီးလာသည့်နှစ်လုံးထိုး ထော်လာဂျီယာဉ်တစ်စီး လမ်းချော်ကာ ကားပေါ်ရှိ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာမပြင်းထန်သောကြောင့် ကျေးရွာတွင်းရှိ ဆေးခန်းတွင်ပင် ဆေးကု သခဲ့ကြောင်း သိရသည်။

 

အလားတူစွာ နောင်လျှော်ကျေးရွာမှ ရှားတောကျေးရွာဘက်သို့ စစ်ဘေးရှောင်လာစဉ် စစ်ဘေးရှောင်များစီးနင်း လာသည့် ထော်လာဂျီယာဉ်တစ်စီးသည်လည်း လွယ်လောင်းတောင်အနီးတွင် ထပ်မံ တိမ်းမှောက်ခဲ့သော ကြောင့် ထော်လာဂျီပေါ်ပါလာသည့် အမျိုးသမီး ၄ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

 

အထက်ပါ ထော်လာဂျီယာဉ် တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများကို မိုင်းကိုင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မိုင်းကိုင်မြို့ လူမှုကူညီရေးအသင်းထံမှ သိရသည်။

 

#PeopleMedia #မိုင်းကိုင်မြို့ #စစ်ဘေးရှောင်

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 



Share this post