• Follow Us on

Home မိုင္းဆတ္ၿမိဳ႕နယ္၊ မိုင္းတြမ္းတြင္ မူးယစ္ေဆးဝါးမ်ားသိမ္းဆည္းရမိ

မိုင္းဆတ္ၿမိဳ႕နယ္၊ မိုင္းတြမ္းတြင္ မူးယစ္ေဆးဝါးမ်ားသိမ္းဆည္းရမိ

Share this post

ေနျပည္ေတာ္၊ စက္တင္ဘာ-၂၆
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဝမ္လုံးေက်းရြာအုပ္စု၊ ေဝွရဲေက်းရြာေန စိုင္းခြန္း(ဘ)ဦးလုံးဆိုင္၏ေနအိမ္အား စက္တင္ဘာ ၂၃ ရက္ ညေန ၃ နာရီခန႔္တြင္ လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာပူးေပါင္းအဖြဲ႕မ်ားက သတင္းအရဝင္ေရာက္ရွာေဖြခဲ့သည္။
ထိုသို႔ ရွာေဖြရာ ဖမ္းဆီးရမိသူ၏ထြက္ဆိုခ်က္အရ စက္တင္ဘာ ၂၄ ရက္ နံနက္ ၁၀ နာရီခြဲခန႔္တြင္ မိုင္းဆတ္ၿမိဳ႕နယ္ မိုင္းတြမ္းရြာ၏ အေနာက္ ေျမာက္ဘက္ မီတာ ၇၅၀၀ ခန႔္အကြာ၊ ဟိုမီးရြာ၏အေနာက္ဘက္ မီတာ ၈၀၀ ခန႔္အကြာ၌ရွိေသာ မူးယစ္ေဆးဝါးခ်က္လုပ္သည့္ မိုးကာတဲအတြင္း၌ တူမီး ေသနတ္ ၃ လက္၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၃၀၀၀ ျပား၊ ကဖင္း ၁၇၀ ကီလို (စုစုေပါင္း မူးယစ္ေဆးဝါးခန႔္မွန္းတန္ဖိုးေငြက်ပ္ သိန္း ၂၂၀ ေက်ာ္)ႏွင့္ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳေသာ ဆက္စပ္ပစၥည္းမ်ားအား ဆက္လက္ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့သည္။
အဆိုပါ ဖမ္းဆီးရမိ တူမီးေသနတ္ ၃ လက္၊ မူးယစ္ေဆးဝါးမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားအား မိုင္းတြမ္းနယ္ေျမရဲစခန္းသို႔ စနစ္တက် လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ထားသည္။
#PeopleMedia #မူးယစ္ #မိုင္းဆတ္ၿမိဳ႕

(unicode)

မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတွင် မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
=============
နေပြည်တော်၊ စက်တင်ဘာ-၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဝှေရဲကျေးရွာနေ စိုင်းခွန်း(ဘ)ဦးလုံးဆိုင်၏နေအိမ်အား စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့များက သတင်းအရဝင်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ ရှာဖွေရာ ဖမ်းဆီးရမိသူ၏ထွက်ဆိုချက်အရ စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မိုင်းဆတ်မြို့နယ် မိုင်းတွမ်းရွာ၏ အနောက် မြောက်ဘက် မီတာ ၇၅၀၀ ခန့်အကွာ၊ ဟိုမီးရွာ၏အနောက်ဘက် မီတာ ၈၀၀ ခန့်အကွာ၌ရှိသော မူးယစ်ဆေးဝါးချက်လုပ်သည့် မိုးကာတဲအတွင်း၌ တူမီး သေနတ် ၃ လက်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၀၀ ပြား၊ ကဖင်း ၁၇၀ ကီလို (စုစုပေါင်း မူးယစ်ဆေးဝါးခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၂၀ ကျော်)နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား ဆက်လက် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိ တူမီးသေနတ် ၃ လက်၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား မိုင်းတွမ်းနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
#PeopleMedia #မူးယစ် #မိုင်းဆတ်မြို့


Share this post