• Follow Us on
Latest News

Home မိုင္းပန္ၿမိဳ႕၌ မဲ႐ုံသုံးပစၥည္းမ်ား သြားေရာက္ပို႔ေဆာင္သည့္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႕ ပစ္ခတ္ခံရ

မိုင္းပန္ၿမိဳ႕၌ မဲ႐ုံသုံးပစၥည္းမ်ား သြားေရာက္ပို႔ေဆာင္သည့္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႕ ပစ္ခတ္ခံရ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၈
ရွမ္းျပည္နယ္၊ လင္းေခးခ႐ိုင္၊ မိုင္းပန္ၿမိဳ႕နယ္၊ ပန္ပိရြာသို႔ မဲ႐ုံသုံးပစၥည္းမ်ား သြားေရာက္ပို႔ေဆာင္သည့္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႕ ပစ္ခတ္ခံရေၾကာင္း လင္းေခးခရိုင္ေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးသန္းေက်ာ္မွ People Media သို႔ အတည္ျပဳေျပာၾကားသည္။
ျဖစ္စဥ္မွာ မိုင္းပန္ၿမိဳ႕နယ္၊ ပန္ပိရြာသို႔ နံနက္ပိုင္းအခ်ိန္တြင္ မဲ႐ုံသုံးပစၥည္းမ်ား သြားေရာက္ပို႔ေဆာင္သည့္ ခရိုင္အုပ္ခ်ဳပ္ေရးမႉးႏွင့္အဖြဲ႕အား ေသနတ္ႏွင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ၎မွေျပာသည္။
“ပစ္ခတ္ခံရတာ အဲဒါဟုတ္ပါတယ္။ ပစ္တာက မိုင္းပန္ၿမိဳ႕မွာပစ္တာေလ။ မဲ႐ုံပစၥည္းသြားေပးရင္းနဲ႔ အျပန္မွာ ပစ္တာ။ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးတစ္ေယာက္ ေသနတ္မွန္တယ္။ အဲဒီေလာက္ပဲသိပါတယ္။ အခုခ်ိန္ထိကၽြန္ေတာ္ တို႔ ဘာသတင္းအတိအက်မွမရဘူး။ ဘယ္လက္နက္ကိုင္အဖြဲ႕က ပစ္တယ္ဆိုတာလည္း မသိဘူး။ အေျခအေန ေတြအကုန္လုံး ေမးလို႔မရေသးဘူး”ဟု လင္းေခးခရိုင္ေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးသန္းေက်ာ္မွ ေျပာသည္။
ဆက္လက္ၿပီး ဒဏ္ရာရရွိသူမ်ားကို ေတာင္ႀကီးစဝ္စံထြန္းေဆး႐ုံသို႔ ပို႔ေဆာင္ကာ ေဆးကုသမႈခံယူေနေၾကာင္း ၎မွ ထပ္မံေျပာၾကားသည္။
ထို႔အျပင္ လင္းေခးခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႕ကို RCSS/SSA အဖြဲ႕မွ ေသနတ္ႏွင့္ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ရွမ္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ဦးထင္ေက်ာ္မွ ျပည္တြင္းမီဒီယာ VOM သို႔ေျဖၾကားထားမႈလည္းရွိ သည္။
လင္းေခးခ႐ိုင္၊ မိုင္းပန္ၿမိဳ႕နယ္သည္ ရပ္ကြက္ ၄ ခု၊ ေက်းရြာအုပ္စု ၁၀ ခုႏွင့္ ေက်းရြာေပါင္း ၃၉ ရြာရွိၿပီး လူဦးေရ တစ္ေသာင္းေက်ာ္ရွိသည့္ ၿမိဳ႕နယ္တစ္ခုျဖစ္ေၾကာင္း မိုင္းပန္ၿမိဳ႕နယ္ ေဒသဆိုင္ရာအခ်က္အလက္တြင္ ေဖာ္ၿပ ထားသည္။
#PeopleMedia
(unicode)
မိုင်းပန်မြို့၌ မဲရုံသုံးပစ္စည်းများ သွားရောက်ပို့ဆောင်သည့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ပစ်ခတ်ခံရ
…………………………………………………………………
ရန်ကုန်၊ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ပန်ပိရွာသို့ မဲရုံသုံးပစ္စည်းများ သွားရောက်ပို့ဆောင်သည့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ပစ်ခတ်ခံရကြောင်း လင်းခေးခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းကျော်မှ People Media သို့ အတည်ပြုပြောကြားသည်။
ဖြစ်စဉ်မှာ မိုင်းပန်မြို့နယ်၊ ပန်ပိရွာသို့ နံနက်ပိုင်းအချိန်တွင် မဲရုံသုံးပစ္စည်းများ သွားရောက်ပို့ဆောင်သည့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား သေနတ်နှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းမှပြောသည်။
“ပစ်ခတ်ခံရတာ အဲဒါဟုတ်ပါတယ်။ ပစ်တာက မိုင်းပန်မြို့မှာပစ်တာလေ။ မဲရုံပစ္စည်းသွားပေးရင်းနဲ့ အပြန်မှာ ပစ်တာ။ ခရိုင်အုပ်ချုပ်ရေးမှူးတစ်ယောက် သေနတ်မှန်တယ်။ အဲဒီလောက်ပဲသိပါတယ်။ အခုချိန်ထိကျွန်တော် တို့ ဘာသတင်းအတိအကျမှမရဘူး။ ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်တယ်ဆိုတာလည်း မသိဘူး။ အခြေအနေ တွေအကုန်လုံး မေးလို့မရသေးဘူး”ဟု လင်းခေးခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းကျော်မှ ပြောသည်။
ဆက်လက်ပြီး ဒဏ်ရာရရှိသူများကို တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း ၎င်းမှ ထပ်မံပြောကြားသည်။
ထို့အပြင် လင်းခေးခရိုင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို RCSS/SSA အဖွဲ့မှ သေနတ်နှင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးထင်ကျော်မှ ပြည်တွင်းမီဒီယာ VOM သို့ဖြေကြားထားမှုလည်းရှိ သည်။
လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်သည် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၁၀ ခုနှင့် ကျေးရွာပေါင်း ၃၉ ရွာရှိပြီး လူဦးရေ တစ်သောင်းကျော်ရှိသည့် မြို့နယ်တစ်ခုဖြစ်ကြောင်း မိုင်းပန်မြို့နယ် ဒေသဆိုင်ရာအချက်အလက်တွင် ဖော်ပြ ထားသည်။

Share this post