• Follow Us on

Home မိုင်းဖုန်းဆရာတော်သည် မိုင်းကျက်ဂူအတွင်း (၃) နှစ်၊ (၃) လ၊ (၃) ရက် အဓိဋ္ဌာန်ဝင်တရားကျင့်ကြံနေရာမှ ယခုလကုန်တွင် အဓိဋ္ဌာန်ထွက်မည်

မိုင်းဖုန်းဆရာတော်သည် မိုင်းကျက်ဂူအတွင်း (၃) နှစ်၊ (၃) လ၊ (၃) ရက် အဓိဋ္ဌာန်ဝင်တရားကျင့်ကြံနေရာမှ ယခုလကုန်တွင် အဓိဋ္ဌာန်ထွက်မည်

Share this post

နေပြည်တော်၊ ဇွန် ၂၄

 

မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဉာဏသံဝရသည် မိုင်းကျက်ဂူအတွင်း ၃ နှစ်၊ ၃ လ၊ ၃ ရက် အဓိဋ္ဌာန်ဝင် တရားကျင့်ကြံနေရာမှ ဇူလိုင် ၃၁ ရက် အဓိဋ္ဌာန်ထွက်မည်ဖြစ်ကြောင်း ဆရာ တော်နှင့် နီးစပ်သူများထံမှ သိရသည်။

 

မိုင်းဖုန်းဆရာတော်သည် မိုင်းဆတ်မြို့နယ်၊ မိုင်းကျတ်ကျေးရွာရှိ မိုင်းကျက်ဂူအတွင်း၌ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၈ ရက်မှ စတင်၍ အဓိဋ္ဌာန်ဝင်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် ဇူလှိုင်လ ၃၁ ရက်နေ့တွင် ၃ နှစ်၊ ၃ လ၊ ၃ ရက် ပြည့် မြောက်ပြီဖြစ်၍ အဓိဋ္ဌာန်ထွက်တော့မည်ဖြစ်သည်။

 

မိုင်းဖုန်းဆရာတော်သည် ဇူလိုင်လ ၃၁ ရက်နေ့တွင် ဂူအတွင်းမှ အဓိဋ္ဌာန်ထွက်ပြီးနောက် ဆရာတော်သည် မိုင်း ကျက်အောက်ဂူတွင် ဩဂုတ်လ ၄ ရက်နေ့အထိ ၅ ရက်ကြာ အပူဇော်ခံမည်ဖြစ်သည့်အတွက် လာရောက်ပြီး ဖူးမြော်နိုင်ကြောင်း သိရသည်။

 

ထို့နောက် မိုင်းဖုန်းဆရာတော်သည် မိုင်းဖုန်း (က)ကျေးရွာအုပ်စုရှိ လွန်းလိန်းကျောင်းသို့ ကြွရောက်မည် ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………..

 


 


 


 


 


 

#PeopleMedia


Share this post