• Follow Us on

Home မိုင်းရယ်မြို့၌ လူငယ် ၃ ဦးနှင့်အတူ သေနတ် ၉ လက်၊ ကျည်မျိုးစုံ ၅၉ တောင့် ဖမ်းဆီးရမိ

မိုင်းရယ်မြို့၌ လူငယ် ၃ ဦးနှင့်အတူ သေနတ် ၉ လက်၊ ကျည်မျိုးစုံ ၅၉ တောင့် ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၉ (People Media)

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် သေနတ် ၉ လက်နှင့် ကျည်မျိုးစုံ ၅၉ တောင့်တို့ကို သယ်ဆောင်လာသည့် လူငယ်သုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၈ ရက်နေ့ ညနေခန့်က လုံခြုံရေးအဖွဲ့များက ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ဆောင် ရွက်နေစဉ် မိုင်းရယ်မြို့နယ်၊ ဟိုယကျေးရွာနှင့် နမ္မတုံးကျေးရွာကြား လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ်၊ 1J-1547 (Crown Athlete) အဖြူရောင်ယာဉ်အား ရပ်တန်းစစ်ဆေးရာ ယာဉ်၏ နောက်ခုံ ကျောမှီအတွင်း သိုဝှက်ထည့်သွင်းသယ်ဆောင်လာသည့် သေနတ် ၉ လက်နှင့် ကျည်မျိုးစုံ ၅၉ တောင့်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။

 

အထက်ပါ သေနတ် ၉ လက်နှင့် ကျည်မျိုးစုံ ၅၉ တောင့်အား သယ်ဆောင်လာသည့် အဆိုပါ မော်တော် ယာဉ်အား မောင်းနှင်လာသူ စိုင်းလင်းအောင်ခိုင်၊ ၂၃ နှစ်၊ အတူလိုက်ပါလာသူ ၎င်း၏ဇနီးဖြစ်သူ နန်းမိုအေး၊ ၂၀ နှစ်၊ မူဆယ်မြို့နှင့် စိုင်းစိုးမိုးအောင် ၂၁ နှစ်၊ နမ့်ခမ်းမြို့နေထိုင်သူတို့အား ဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ သိရပါတယ်။

 

#PeopleMedia #မိုင်းရယ်မြို့နယ်

 

(unicode)


………………………………………………………………….

 


 


 


 


 



Share this post