• Follow Us on

Home မိုင်းအလုံး (၅၀၀) စီမံကိန်းဖြင့် တိုက်ခိုက်မယ်လို့ PRA ပြောဆို

မိုင်းအလုံး (၅၀၀) စီမံကိန်းဖြင့် တိုက်ခိုက်မယ်လို့ PRA ပြောဆို

Share this post

ရန်ကုန်၊ အောက်တိုဘာ ၁၁ (People Media)

 

မိုင်းအလုံး (၅၀၀) စီမံကိန်းဖြင့် တပ်မတော်သွားလာနိုင်သည့်လမ်းများ၌ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း People Revolution Army(PRA) က ပြောပါတယ်။

 

“ကျွန်တော်တို့ အဲ့စီမံကိန်းကို ဆွဲနေတာ ကြာပြီပေါ့။ အခုဆိုရင် ပြီးပြီပေါ့။ အဲ့တော့ တိုက်ခိုက်ဖို့အတွက် ပြင်ဆင်တာပါ။ ၁၀ ရက်နေ့က စတာပေါ့။ ပြည်သူတွေကို ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့အချိန်ကိုပဲ အပြင်မထွက်ဖို့ တောင်းဆိုပါတယ်” ဟု People Revolution Army(PRA) မှ ဗိုလ်ဂျပန်က ပြောသည်။

 

မိမိတို့အနေဖြင့် မိုင်းကိုပိုပြီးအားကိုးရကြောင်း၊ ထိုကြောင့် ဒီစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ရခြင်း ဖြစ်ကြောင်း၊ မိုင်းတွေကိုတော့ ဆွဲမိုင်း/တိုက်မိုင်း/နင်းမိုင်း နှင့် remote မိုင်းများဆိုပြီး လုပ်ထားခြင်းဖြစ်ကြောင်း PRA ပြောဆိုထားသည်။

 

အဆိုပါ မိုင်းများကို တပ်မတော်သွားလာနိုင်သည့် လမ်းများ၊ ကျေးရွာချိတ်ဆက်လမ်းများကို အများအပြား မိုင်းတွေပြင်ဆင်ထားကြောင်း၊ ပြည်သူများ ထိခိုက်မှုမရှိအောင်ကိုလည်း သေချာလေးပြင်ဆင်ထားကြောင်း PRA က ဆိုသည်။

 

#PeopleMedia #PRA

 

(unicode)


…………………………………………………………….

 


 


 


 


 


 

#PeopleMedia #PRA


Share this post