• Follow Us on

Home မိုင္းေထာင္ရန္ ခ်ဥ္းကပ္လာသည့္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအား ပစ္ခတ္ဖမ္းဆီး

မိုင္းေထာင္ရန္ ခ်ဥ္းကပ္လာသည့္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအား ပစ္ခတ္ဖမ္းဆီး

Share this post

ရန္ကုန္၊ မတ္ – ၂၆

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္အတြင္းရွိ ရာေမာင္တံတား၏ အေရွ႕ေတာင္ဘက္တြင္ တပ္ဖြဲ႕၀င္မ်ား လံုၿခံဳေရး ေဆာင္ရြက္ေနစဥ္ ယေနည ၆ နာရီခန္႔တြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူ ၃ ဦး မိုင္းေထာင္ရန္ ခ်ဥ္းကပ္ လာသျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့သည္။

အဆိုပါေနရာအား အေသးစိတ္စစ္ေဆးရာ အရပ္ဝတ္ဝတ္ဆင္ထားသည့္ AA အၾကမ္းဖက္ ေသာင္းက်န္းသူ အေလာင္း ၃ ေလာင္းတြင္ မိုင္းေထာင္ရာတြင္ အသုံးျပဳသည့္ ႏွစ္ပင္လိမ္ ဝိုင္ယာႀကိဳး၊ လက္ကိုင္ဖုန္း ၂ လုံး၊ လြယ္အိတ္ ၁ လုံး၊ ဖုန္းမွတ္တမ္းစာအုပ္ ၁ အုပ္ႏွင့္ အသုံး အေဆာင္ပစၥည္းမ်ား သိမ္းဆည္းရမိခဲ့သည္။

ထို႔ေနာက္ သိမ္းဆည္းရမိခဲ့သည့္ ဖုန္းမ်ားအတြင္းမွ AA အၾကမ္းဖက္ေသာင္းက်န္းသူ မ်ားအခ်င္းခ်င္း ဆက္ သြယ္ထားသည့္ မွတ္တမ္းမ်ား၊ မဟုတ္မမွန္ဝါဒျဖန႔္ခ်ိသည့္ ဗီဒီယိုဖိုင္မ်ားႏွင့္ လက္နက္ႀကီးက်ည္က်ေရာက္ ေပါက္ကြဲမႈမ်ားကို ႐ိုက္ကူးထားသည့္ ဗီဒီယိုဖိုင္မ်ားအား စစ္ေဆးေတြ႕ရွိခဲ့သည္။

အဆိုပါေနရာအနီး၀န္းက်င္အား တပ္မေတာ္စစ္ေၾကာင္းမွ လိုအပ္သည့္လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သတင္းရရွိသည္။

Photo – Credit

#PeopleMedia

(Unicode)
မိုင်းထောင်ရန် ချဉ်းကပ်လာသည့် AA အကြမ်းဖက်သောင်းကျန်းသူများအား ပစ်ခတ်ဖမ်းဆီး
……………………………………………………………

ရန်ကုန်၊ မတ် – ၂၆

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းရှိ ရာမောင်တံတား၏ အရှေ့တောင်ဘက်တွင် တပ်ဖွဲ့ဝင်များ လုံခြုံရေး ဆောင်ရွက်နေစဉ် ယနေည ၆ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ၃ ဦး မိုင်းထောင်ရန် ချဉ်းကပ် လာသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

အဆိုပါနေရာအား အသေးစိတ်စစ်ဆေးရာ အရပ်ဝတ်ဝတ်ဆင်ထားသည့် AA အကြမ်းဖက် သောင်းကျန်းသူ အလောင်း ၃ လောင်းတွင် မိုင်းထောင်ရာတွင် အသုံးပြုသည့် နှစ်ပင်လိမ် ဝိုင်ယာကြိုး၊ လက်ကိုင်ဖုန်း ၂ လုံး၊ လွယ်အိတ် ၁ လုံး၊ ဖုန်းမှတ်တမ်းစာအုပ် ၁ အုပ်နှင့် အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

ထို့နောက် သိမ်းဆည်းရမိခဲ့သည့် ဖုန်းများအတွင်းမှ AA အကြမ်းဖက်သောင်းကျန်းသူ များအချင်းချင်း ဆက် သွယ်ထားသည့် မှတ်တမ်းများ၊ မဟုတ်မမှန်ဝါဒဖြန့်ချိသည့် ဗီဒီယိုဖိုင်များနှင့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုများကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များအား စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါနေရာအနီးဝန်းကျင်အား တပ်မတော်စစ်ကြောင်းမှ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Photo – Credit

#PeopleMedia


Share this post