• Follow Us on

Home မိုဒါးနားကုမ္ပဏီက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၉၄.၅ ရာခိုင်နှုန်းအောင်မြင်ကြောင်းကြေညာ


Share this post








#PeopleMedia

(unicode)
မိုဒါးနားကုမ္ပဏီက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၉၄.၅ ရာခိုင်နှုန်းအောင်မြင်ကြောင်းကြေညာ
…………………………………………….

အမေရိကန်ဆေးကုမ္ပဏီ မိုဒါးနားကထုတ်လုပ်နေသောကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ၉၄.၅ ရာခိုင်နှုန်းအောင်မြင်ကြောင်း ကုမ္ပဏီဘက်က တနင်္လာနေ့တွင်ကြေညာသည်။

မိုဒါးနား၏ဆေးသည် အမေရိကန်ကုမ္ပဏီတခုကအောင်မြင်ကြောင်းကြေညာသည့် ဒုတိယမြောက်ကို ရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဖြစ်သည်။

ပြီးခဲ့သည့်တပတ်ကလည်း ဖီဇာကုမ္ပဏီက သူတို့ကာကွယ်ဆေးသည် ၉၀ ရာခိုင်နှုန်းကျော်အောင်မြင် ကြောင်း ကြေညာခဲ့သည်။

အကယ်၍ ဒီဇင်ဘာလတွင် အမေရိကန်အစိုးရက ထိုဆေးများကိုအတည်ပြုပါက ယခုနှစ်အတွင်း ကာကွယ်ဆေးသန်း ၆၀ ရနိုင်မည်ဖြစ်သည်။

မိုဒါးနား၏ဆေးကို သာမန်ရေခဲသေတ္တာအပူချိန်တွင်ထိန်းသိမ်းထားနိုင်သဖြင့် ပို့ဆောင်ဖြန့်ချိရာတွင် ပိုလွယ်ကူမည်ဖြစ်သည်။

ဆေး ၂ မျိုးစလုံးသည် mRNA နည်းပညာကိုအခြေခံပြီးထုတ်လုပ်ထားခြင်းဖြစ်သည်။

Ref : We can stop COVID-19: Moderna vaccine success gives world more hope

#PeopleMedia


Share this post