• Follow Us on

Home မိုဟာမက်ဟာဆန်အက်ဟန်းဒ်အား တာလီဘန်အစိုးရအကြီးအကဲအဖြစ် ရွေးချယ်

မိုဟာမက်ဟာဆန်အက်ဟန်းဒ်အား တာလီဘန်အစိုးရအကြီးအကဲအဖြစ် ရွေးချယ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၈ (People Media)

 

အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးမြို့တော်ကိုသိမ်းပိုက်ပြီး သုံးပတ်ကြာကာလအတွင်း တာလီဘန်ကြားဖြတ်အစိုးရ အဖွဲ့အကြီးအကဲအဖြစ် မူလာမိုဟာမက်ဟာဆန်အက်ဟန်းဒ်အား တာလီဘန်များ ကရွေးချယ်လိုက်သည်။

 

မူလာအက်ဟန်းဒ် ကုလသမဂ္ဂမှအရေးယူဒဏ်ခတ်ခံထားရသောပုဂ္ဂိုလ်ဖြစ်ပြီး တာလီဘန်အဖွဲ့၏ ဆုံးဖြတ်ချက် များချမှတ်ရာအဖွဲ့အစည်းဖြစ်သော Rehbari Shura အဖွဲ့၏ ခေါင်းဆောင်အဖြစ် နှစ်ရှည်လများ တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်သည်။ ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်ကြား တာလီဘန်အစိုးရလက်ထက်တွင် မူလာအက်ဟန်းဒ် သည် နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

 

တာလီဘန်အဖွဲ့ပူးတွဲတည်ထောင်သူ အဗ္ဗဒူဂါနီဘရာဒါမှာ မူလာအက်ဟန်းဒ်၏ လက်ထောက် (ဒုတိယအကြီး အကဲ) အဖြစ်ရွေးချယ်လိုက်ကြောင်း တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဇဘီဟူလာမူဂျာဟစ်က အင်္ဂါနေ့တွင် ကဘူး မြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

 

အခြားသောတာလီဘန်ခေါင်းဆောင်များကဲ့သို့ပင် မူလာအက်ဟန်းဒ်၏သြဇာတက္ကမမှာလည်း တာလီဘန်အဖွဲ့ ၏ ပထမဦးဆုံး ခေါင်းဆောင်ဖြစ်သော မူလာမိုဟာမက်အိုမာနှင့်နီးစပ်မှုမှတစ်ဆင့် ဆင်းသက်လာခြင်းပင်ဖြစ် သည်။ မူလာအက်ဟန်းဒ်၏ဇာတိမြို့မှာ တာလီဘန်များစတင်မွေးဖွားရာ ကန်ဒါဟာမြို့ဖြစ်သည်။ ကုလသမဂ္ဂအ ရေးယူဒဏ်ခတ်ပိတ်ဆို့မှုတစ်ခုတွင် မူလာအက်ဟန်းဒ်ကို တာလီဘန်ခေါင်းဆောင် မူလာမိုဟာမက်အိုမာနှင့် နီး စပ်သူလက်ထောက်နှင့် နိုင်ငံရေးအကြံပေးအဖြစ် ဖော်ပြထားသည်။

 

မူလာအက်ဟန်းဒ်သည် တာလီဘန်အဖွဲ့အတွင်းလေးစားခံရသူတစ်ဦးဖြစ်ပြီး အထူးသဖြင့် အဖွဲ့ခေါင်းဆောင် ဟိုင်ဘာတူလာအက်ခ်ဟန်းဇာဒါ၏ လေးစားခြင်းခံရသူတစ်ဦးဖြစ်ကြောင်း တာလီဘန်အဖွဲ့ဝင်တစ်ဦးကပြော သည်။

 

မူလာအက်ဟန်းဒ်သည် အသက် ၆၀ တန်းရောက်ရှိလာပြီဖြစ်၍ အသက်ကြီးလာပြီဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ဘာသာရေးသမားတစ်ဦးထက် နိုင်ငံရေးသမားအဖြစ် ပိုမိုလူသိများလာကြောင်း၊ တာလီဘန်ခေါင်းဆောင်မှုအ ပိုင်းတွင် ၎င်း၏ထိန်းချုပ်ကိုင်တွယ်နိုင်မှုကြောင့် စစ်ရေးကဏ္ဍတွင် သြဇာလွှမ်းမိုးမှုရှိသောအခွင့်အရေးရှိကြောင်း လေ့ာလဆန်းစစ်သူအချို့ကပြောသည်။ မူလာအက်ဟန်းဒ်သည် အစ္စလာမ်ဘာသာရေးဆိုင်ရာစာအုပ်များစွာ ရေးသားခဲ့သူတစ်ဦးလည်းဖြစ်သည်။

 

Ref: Profile: Mohammad Hasan Akhund, the head of Taliban government

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 

Ref: Profile: Mohammad Hasan Akhund, the head of Taliban government

 

#PeopleMedia


Share this post