• Follow Us on

Home မိုးကုတ္ၿမိဳ႕တြင္ေဒသခံမ်ားအား ဖမ္းဆီးဆက္ေၾကးေကာက္ေနသည့္ လက္နက္ကိုင္အဖြဲ႕မ်ားကို ဆႏၵျပရန္ တင္ျပေသာ္လည္း တိုင္းအစိုးရခြင့္မျပဳ

မိုးကုတ္ၿမိဳ႕တြင္ေဒသခံမ်ားအား ဖမ္းဆီးဆက္ေၾကးေကာက္ေနသည့္ လက္နက္ကိုင္အဖြဲ႕မ်ားကို ဆႏၵျပရန္ တင္ျပေသာ္လည္း တိုင္းအစိုးရခြင့္မျပဳ

Share this post

မိုးကုတ္၊ ဒီဇင္ဘာ ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မႏၲေလးတိုင္းေဒသႀကီး မိုးကုတ္ၿမိဳ႕တြင္ ေဒသခံျပည္သူမ်ားအား ဖမ္းဆီးျခင္း၊ ဆက္ေၾကးေကာက္ျခင္းမ်ား ျပဳလုပ္ေနသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားကို ရပ္တန႔္ေရးအတြက္ အရပ္ဖက္လူမႈေရးအဖြဲ႕ အစည္းမ်ားက ဆႏၵေဖာ္ထုတ္ရန္ တင္ျပခဲ့ေသာ္လည္း မႏၲေလးတိုင္းေဒသႀကီး အစိုးရမွ ခြင့္မျပဳေၾကာင္း မိုးကုတ္ၿမိဳ႕ အရပ္ဖက္လူမူအဖြဲ႕အစည္းတစ္ခုမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

မိုးကုတ္ၿမိဳ႕ေဒသခံမ်ားအား လက္နက္ကိုင္အဖြဲ႕မ်ားက ဖမ္းဆီးျခင္း၊ ဆက္ေၾကးေကာက္ျခင္းမ်ား ရပ္တန႔္ရန္အတြက္ အရပ္ဖက္ လူမူအဖြဲ႕အစည္း (၁၀)ဖြဲ႕က ပူးေပါင္းကာ ယေန႔ နံနက္(၁၀)နာရီတြင္ မိုးကုတ္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ေရွ႕၌ COVID-19 စည္းကမ္းမ်ားႏွင့္အညီ လူဦးေရ(၃၀)ျဖင့္ ဆႏၵထုတ္ ေဖာ္ထုတ္ရန္ စီစဥ္ထားျခင္းကို တိုင္းေဒသႀကီးအစိုးရမွ ခြင့္မျပဳျခင္းျဖစ္သည္။

“တိုင္းရင္းသားလက္နက္ကိုင္ေတြက ၿမိဳ႕သူၿမိဳ႕သားေတြအေပၚ ဖုန္ဆက္ၿပီး ၿခိမ္းေျခာက္တယ္ ေနာက္ဆုံး အသက္အႏၲရာယ္ထိပါ ၿခိမ္းေျခာက္လာတယ္၊ အဲ့ေတာ့ ၿမိဳ႕က သူေဌးေတြလည္ ေၾကာက္လန႔္ထြက္ေျပးကုန္ၿပီ၊ အဲ့ဒါေၾကာင့္ ဒါကို ရပ္ဆိုင္းဖို႔ တုန႔္ျပန္မယ္၊ အဲ့ဒါကို တိုင္းအစိုးရက ခြင့္မျပဳဘူး၊ ဒီအေပၚမွာေတာ့ နားမလည္ဘူး”ဟု မိုးကုတ္ၿမိဳ႕ အရပ္ဖက္လူမူအဖြဲ႕အစည္းတစ္ခုမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ခြင့္မျပဳသည့္အတြက္ ဆႏၵထုတ္ေဖၚပြဲကို ဖ်က္သိမ္းခဲ့ေၾကာင္း၊ သို႔ေသာ္ အစိုးရအေနျဖင့္ မိုးကုတ္ၿမိဳ႕ ေဒသခံမ်ား၏ အသက္၊ အိုးအိမ္ စည္းစိမ္ကို ကာကြယ္ေပးေစလိုေၾကာင္း အရပ္ဖက္ လူမူအဖြဲ႕အစည္းမ်ားမွ ေျပာဆိုသည္။

မိုးကုတ္ၿမိဳ႕တြင္ ၿပီးခဲ့သည့္ ဒီဇင္ဘာ(၄)ရက္တြင္ TNLAလက္နက္ကိုင္အဖြဲ႕မွ SP မုန႔္တိုက္ပိုင္ရွင္ ဦးေက်ာ္ဝင္း ဖမ္းဆီးထိန္းသိမ္းခဲ့သလို ဒီဇင္ဘာ(၅)ရက္တြင္လည္း SSPPလက္နက္ကိုင္အဖြဲ႕မွ ေဒၚၾကည္သန္းႏွင့္ သူမ၏ သားမက္တို႔ကို ဖမ္းဆီးထိန္းသိမ္းခဲ့ေသာ္လည္း ယေန႔အခ်ိန္ထိ ျပန္လည္ လြတ္ေျမာက္လာျခင္း မရွိေသးေပ။

မိုးကုတ္ၿမိဳ႕နယ္ရွိ ျပည္သူလူထုမ်ား စိုးရိမ္ထိတ္လန႔္မႈမရွိေစေရးအတြက္ ဒီဇင္ဘာလ ၁၁ ရက္ေန႔မွစ၍ ပူးေပါင္း အဖြဲ႕မ်ားမွ ပိတ္ဆို႔ရွာေဖြစစ္ေဆးျခင္းမ်ား၊ နယ္ေျမအလိုက္ လွည့္ကင္း ေဆာင္ရြက္ျခင္းစသည္တို႔ကို ေန႔ေရာ ညပါ ေဆာင္ရြက္လ်က္ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Photo – Credit

PeopleMedia #မိုးကုတ္ၿမိဳ႕ #TNLA

(unicode)
မိုးကုတ်မြို့တွင်ဒေသခံများအား ဖမ်းဆီးဆက်ကြေးကောက်နေသည့် လက်နက်ကိုင်အဖွဲ့များကို ဆန္ဒပြရန် တင်ပြသော်လည်း တိုင်းအစိုးရခွင့်မပြု
…………………………………………………………..

မိုးကုတ်၊ ဒီဇင်ဘာ ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် ဒေသခံပြည်သူများအား ဖမ်းဆီးခြင်း၊ ဆက်ကြေးကောက်ခြင်းများ ပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ရပ်တန့်ရေးအတွက် အရပ်ဖက်လူမှုရေးအဖွဲ့ အစည်းများက ဆန္ဒဖော်ထုတ်ရန် တင်ပြခဲ့သော်လည်း မန္တလေးတိုင်းဒေသကြီး အစိုးရမှ ခွင့်မပြုကြောင်း မိုးကုတ်မြို့ အရပ်ဖက်လူမူအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးကုတ်မြို့ဒေသခံများအား လက်နက်ကိုင်အဖွဲ့များက ဖမ်းဆီးခြင်း၊ ဆက်ကြေးကောက်ခြင်းများ ရပ်တန့်ရန်အတွက် အရပ်ဖက် လူမူအဖွဲ့အစည်း (၁၀)ဖွဲ့က ပူးပေါင်းကာ ယနေ့ နံနက်(၁၀)နာရီတွင် မိုးကုတ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ COVID-19 စည်းကမ်းများနှင့်အညီ လူဦးရေ(၃၀)ဖြင့် ဆန္ဒထုတ် ဖော်ထုတ်ရန် စီစဉ်ထားခြင်းကို တိုင်းဒေသကြီးအစိုးရမှ ခွင့်မပြုခြင်းဖြစ်သည်။

“တိုင်းရင်းသားလက်နက်ကိုင်တွေက မြို့သူမြို့သားတွေအပေါ် ဖုန်ဆက်ပြီး ခြိမ်းခြောက်တယ် နောက်ဆုံး အသက်အန္တရာယ်ထိပါ ခြိမ်းခြောက်လာတယ်၊ အဲ့တော့ မြို့က သူဌေးတွေလည် ကြောက်လန့်ထွက်ပြေးကုန်ပြီ၊ အဲ့ဒါကြောင့် ဒါကို ရပ်ဆိုင်းဖို့ တုန့်ပြန်မယ်၊ အဲ့ဒါကို တိုင်းအစိုးရက ခွင့်မပြုဘူး၊ ဒီအပေါ်မှာတော့ နားမလည်ဘူး”ဟု မိုးကုတ်မြို့ အရပ်ဖက်လူမူအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်မပြုသည့်အတွက် ဆန္ဒထုတ်ဖေါ်ပွဲကို ဖျက်သိမ်းခဲ့ကြောင်း၊ သို့သော် အစိုးရအနေဖြင့် မိုးကုတ်မြို့ ဒေသခံများ၏ အသက်၊ အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးစေလိုကြောင်း အရပ်ဖက် လူမူအဖွဲ့အစည်းများမှ ပြောဆိုသည်။

မိုးကုတ်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ(၄)ရက်တွင် TNLAလက်နက်ကိုင်အဖွဲ့မှ SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်း ဖမ်းဆီးထိန်းသိမ်းခဲ့သလို ဒီဇင်ဘာ(၅)ရက်တွင်လည်း SSPPလက်နက်ကိုင်အဖွဲ့မှ ဒေါ်ကြည်သန်းနှင့် သူမ၏ သားမက်တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သော်လည်း ယနေ့အချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပေ။

မိုးကုတ်မြို့နယ်ရှိ ပြည်သူလူထုများ စိုးရိမ်ထိတ်လန့်မှုမရှိစေရေးအတွက် ဒီဇင်ဘာလ ၁၁ ရက်နေ့မှစ၍ ပူးပေါင်း အဖွဲ့များမှ ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ၊ နယ်မြေအလိုက် လှည့်ကင်း ဆောင်ရွက်ခြင်းစသည်တို့ကို နေ့ရော ညပါ ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Photo – Credit

PeopleMedia #မိုးကုတ်မြို့ #TNLA


Share this post