• Follow Us on

Home မိုးကုတ်မြို့တွင် ငွေကျပ် ၁.၉ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ


Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)






(unicode)
မိုးကုတ်မြို့တွင် ငွေကျပ် ၁.၉ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ
…………………………………………….

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒီဇင်ဘာ ၁၇ ရက်နေ့ထုတ်ပြန်ကြေညာထားသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြိုတင် သတင်းရထားသဖြင့် ယာဉ်အမျိုးအစား၊ အရောင်၊ နံပါတ်တို့အရ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် မိုးကုတ်မြို့နယ်၊ လယ်ကြီးစစ်ဆေးရေးဂိတ်တွင် မိုင်းရယ်ဘက်မှ မိုးကုတ်ဘက်သို့ ဆန်းကျော်ဦး အသက် ၄၆ နှစ်၊ ISUZU ခြောက်ဘီးယာဉ် မောင်းနှင်လာသည့် မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်ကိုယ်ထည် ကြမ်းခင်း အောက်တွင် အံဝှက်ပြုလုပ်ထားပြီး ထည့်သွင်းသယ်ဆောင်လာသည့် ဘိန်းဖြူ ၂၇ ဒသမ ၃၅ ကီလို သိမ်းဆည်း ရမိခဲ့သည်။

ဆက်လက်ပြီး ယာဉ်မောင်းအား စုံစမ်းစစ်ဆေးရာ သိမ်းဆည်းရမိခဲ့သည့် ဘိန်းဖြူများအား မိုင်းရယ်မှ မိုးကုတ် သို့ သယ်ဆောင်ရာတွင် တာဝန်ခံသယ်ဆောင်လာသည့် ဆန်းမင်းနိုင် ၂၆ နှစ်မှမောင်းနှင်ပြီး စိုင်းမင်းသူ အသက် ၃၁ နှစ်လိုက်ပါလာသည့် AD VAN အမျိုးအစားမော်တော်ယာဉ်မှာ ရှေ့မှမောင်းနှင်သွားကြောင်း သိရှိရ သဖြင့် ဆက်လက်စုံစမ်းရာ ညနေ ၆ နာရီခန့်တွင် မိုးကုတ်မြို့၊ ကင်းချောင်းရေတံခွန်ရှေ့တွင် ၎င်းတို့နှစ်ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအမှုဖွင့်အရေးထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်ထား သည်။

ထို့အပြင် ဖမ်းဆီးခံရသည့် စိုင်းမင်းသူသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝနြးသိုမှို့နယတြှငြ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂၀၀၀ ပြားနှင့် ဘိန်းဖြူ ၀ ဒသမ ၂ ကီလို ဖမ်းဆီးရမိသည့်အမှုမှ မူး ယစ်ဆေးဝါးများသယ်ဆောင်သူ ကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်ကြောင်း ဖော်ပြပါရှိသည်။

#PeopleMedia #မြန်မာနိုင်ငံရဲတပ်ဖွဲ့ #မိုးကုတ်မြို့


Share this post