• Follow Us on

Home မိုးကုတ်မြို့အတွင်းရှိ လျှပ်စစ်ရုံးနှင့် စည်ပင်တို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား

မိုးကုတ်မြို့အတွင်းရှိ လျှပ်စစ်ရုံးနှင့် စည်ပင်တို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား

Share this post

နေပြည်တော်၊ စက်တင်ဘာ – ၃ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့အတွင်းရှိ လျှပ်စစ်ဓာတ်အားပေးရေးရုံးနှင့် စည်ပင်သာယာရေးကော် မတီရုံးနှင့် ယနေ့ မနက်ပိုင်းနှင့် နေ့လည်ပိုင်းတို့က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်နေထိုင်သူ တွေထံက သိရပါတယ်။

 

ယနေ့ နံနက် (၉) နာရီဝန်းကျင်တွင် မိုးကုတ်မြို့၊ လျှပ်စစ်ရုံး၌ ပေါက်ကွဲမှု စတင်ဖြစ်ပွားခဲ့ပြီး နေ့လည် (၁) နာရီဝန်းကျင်တွင် မိုးကုတ်မြို့နယ် စည်ပင်ရုံးဝင်းအတွင်း၌ ထပ်မံပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ပေါက်ကွဲမှု တွေကြောင့် အဆောက်အအုံထိခိုက် ပျက်စီးမှုသာ ရှိခဲ့ပြီး၊ ဝန်ထမ်းတွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပက်သက်ပြီး၊ မိုးကုတ် PDF အဖွဲ့မှ ယခင် ဂျွန်လ (၂) ရက်နေ့ကလည်း မိုးကုတ်မြို့ရှိ လျှပ်စစ်ရုံး ဂိတ်ပေါက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ ယနေ့ ဒုတိယအကြိမ်အဖြစ် လျှပ်စစ်ရုံးဝန်းကျင်တွင် မနက် (၉) နာရီဝန်းကျင်ခန့်က ဒုတိယအကြိမ် ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ အလားတူ ပြီးခဲ့တဲ့ မေ (၁၃) ရက်နေ့က စည်ပင်ရုံးပေါက်ကွဲမှုရှိခဲ့ပြီး၊ ယနေ့ နေ့လည် (၁) နာရီဝန်းကျင်မှာ ဒုတိယအကြိမ် ထပ်မံပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရေးသားထားပါတယ်။

 

ထိုပေါက်ကွဲမှုများမှာ မိုးကုတ်မြို့နယ်တွင် ရေသုံးစွဲခ အခွန်များနှင့် (၅) လစာ လျှပ်စစ် မီတာခအခွန်များ လိုက် လံကောက်ယူမှုများရှိခဲ့တာတွေအတွက် ယခုလို စည်ပင်ရုံးနှင့် လျှပ်စစ်ရုံးဝန်းကျင်မှာ ပေါက်ကွဲမှုများ ထပ်မံ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ မိုးကုတ် PDF က ပြောဆိုထားပါတယ်။

 

#PeopleMedia #မိုးကုတ်မြို့

 

(unicode)


…………………………………………………………………

 


 


 


 


 


 



Share this post