• Follow Us on

Home မိုးကုတ္ၿမိဳ႕၌ လက္နက္ကိုင္အဖြဲ႕မ်ားက ျပန္ေပးဆြဲသည့္လုပ္ရပ္မ်ားေၾကာင့္ ျပည္သူမ်ားသတိထားေနထိုင္ရန္ NLD မိုးကုတ္အမတ္ ေျပာဆို

မိုးကုတ္ၿမိဳ႕၌ လက္နက္ကိုင္အဖြဲ႕မ်ားက ျပန္ေပးဆြဲသည့္လုပ္ရပ္မ်ားေၾကာင့္ ျပည္သူမ်ားသတိထားေနထိုင္ရန္ NLD မိုးကုတ္အမတ္ ေျပာဆို

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၇ (People Media)

မႏၲေလးတိုင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕၌ လက္နက္ကိုင္အဖြဲ႕မ်ားက ျပန္ေပးဆြဲသည့္ လုပ္ရပ္မ်ားေဆာင္ရြက္ေန ျခင္းေၾကာင့္ ျပည္သူမ်ားအေနျဖင့္ လက္ရွိကာလအတြင္း သတိထားေနထိုင္ၾကရန္ NLD ပါတီ၏ မိုးကုတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးနိုင္ငံေက်ာ္က ေျပာသည္။

လက္ရွိအခ်ိန္၌ မိုးကုတ္ၿမိဳ႕တြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းတစ္ခ်ိဳ႕မွ စီးပြားေရး လုပ္ကိုင္သူ မ်ားႏွင့္ ျပည္သူတစ္ခ်ိဳ႕ကို ျပန္ေပးဆြဲျခင္းျပဳလုပ္ေနျခင္းႏွင့္ပတ္သက္၍ ဦးနိုင္ငံေက်ာ္က အထက္ပါအတိုင္း ေျပာဆိုခဲ့ျခင္းျဖစ္သည္။

“ဒီလိုအခ်ိန္မွာ ျပည္သူေတြအေနနဲ႔ေတာ့ သတိနဲ႔ေနေပါ့၊ ဘာပဲျဖစ္ျဖစ္ သတိသြား သတိနဲ႔စား သတိနဲ႔ထြက္ေပါ့၊ ကိုယ့္ကိုယ္ကိုပဲ ဂ႐ုစိုက္ရမွာေပါ့ဗ်ာ” ဟု NLD ပါတီ မိုးကုတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးနိုင္ငံ ေက်ာ္က ဆိုသည္။

ဒါကေတာ့ ဒီလိုျဖစ္တယ္ဆိုရင္လည္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားမွ ဖမ္းဆီးေခၚေဆာင္မႈေၾကာင့္ ျပည္သူလူထုမွာ ထိတ္လန္႔ေနၾကေၾကာင္း၊ ျပည္သူဆိုသည္မွာ လက္နက္မရွိေၾကာင္း သို႔ျဖစ္၍ အၿမဲတမ္း ခံေနရေၾကာင္း ၎က ထပ္မံေျပာသည္။

မိမိတို႔ လႊတ္ေတာ္ကိုယ္စားလွယ္အေနျဖင့္ အထက္ပါကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးညႇိႏွိုင္းကာ အစိုးရအဖြဲ႕ထံ တင္ျပျခင္းတို႔ကိုသာ လုပ္ေဆာင္နိုင္ၿပီး၊ က်န္သည့္ကိစၥရပ္မ်ားကိုေတာ့ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားက ဆက္လက္ေဆာင္ရြက္လိမ့္မည္ျဖစ္ေၾကာင္း ဦးနိုင္ငံေက်ာ္က ေျပာသည္။

မိုးကုတ္ၿမိဳ႕တြင္ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၄ ရက္ေန႔တြင္ SP မုန႔္တိုက္ပိုင္ရွင္ ဦးေက်ာ္ဝင္းကို အရပ္ဝတ္ဝတ္ဆင္ ထားသည့္ TNLA အဖြဲ႕ဝင္မ်ားက ဖမ္းဆီးေခၚေဆာင္သြားသလို ဒီဇင္ဘာလ ၅ ရက္ေန႔မွာလည္း SSPP/SSA အဖြဲ႕ဝင္မ်ားက မိုးကုတ္ၿမိဳ႕ ေက်ာက္တလုံးေက်းရြာအုပ္စုေန အမ်ိဳးသမီးတစ္ေယာက္ကို ဖမ္းဆီးေခၚ ေဆာင္သြားမႈမ်ား ျဖစ္ပြားခဲ့သည္။

Photo – credit

#PeopleMedia #မိုးကုတ္ၿမိဳ႕ #TNLA #SSPP/SSA

(unicode)
မိုးကုတ်မြို့၌ လက်နက်ကိုင်အဖွဲ့များက ပြန်ပေးဆွဲသည့်လုပ်ရပ်များကြောင့် ပြည်သူများသတိထားနေထိုင်ရန် NLD မိုးကုတ်အမတ် ပြောဆို
…………………………………………………………..

ရန်ကုန်၊ ဒီဇင်ဘာ ၇ (People Media)

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ လက်နက်ကိုင်အဖွဲ့များက ပြန်ပေးဆွဲသည့် လုပ်ရပ်များဆောင်ရွက်နေ ခြင်းကြောင့် ပြည်သူများအနေဖြင့် လက်ရှိကာလအတွင်း သတိထားနေထိုင်ကြရန် NLD ပါတီ၏ မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော်က ပြောသည်။

လက်ရှိအချိန်၌ မိုးကုတ်မြို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့မှ စီးပွားရေး လုပ်ကိုင်သူ များနှင့် ပြည်သူတစ်ချို့ကို ပြန်ပေးဆွဲခြင်းပြုလုပ်နေခြင်းနှင့်ပတ်သက်၍ ဦးနိုင်ငံကျော်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီလိုအချိန်မှာ ပြည်သူတွေအနေနဲ့တော့ သတိနဲ့နေပေါ့၊ ဘာပဲဖြစ်ဖြစ် သတိသွား သတိနဲ့စား သတိနဲ့ထွက်ပေါ့၊ ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်ရမှာပေါ့ဗျာ” ဟု NLD ပါတီ မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံ ကျော်က ဆိုသည်။

ဒါကတော့ ဒီလိုဖြစ်တယ်ဆိုရင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်မှုကြောင့် ပြည်သူလူထုမှာ ထိတ်လန့်နေကြကြောင်း၊ ပြည်သူဆိုသည်မှာ လက်နက်မရှိကြောင်း သို့ဖြစ်၍ အမြဲတမ်း ခံနေရကြောင်း ၎င်းက ထပ်မံပြောသည်။

မိမိတို့ လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် အထက်ပါကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းကာ အစိုးရအဖွဲ့ထံ တင်ပြခြင်းတို့ကိုသာ လုပ်ဆောင်နိုင်ပြီး၊ ကျန်သည့်ကိစ္စရပ်များကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းများက ဆက်လက်ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း ဦးနိုင်ငံကျော်က ပြောသည်။

မိုးကုတ်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့တွင် SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို အရပ်ဝတ်ဝတ်ဆင် ထားသည့် TNLA အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသလို ဒီဇင်ဘာလ ၅ ရက်နေ့မှာလည်း SSPP/SSA အဖွဲ့ဝင်များက မိုးကုတ်မြို့ ကျောက်တလုံးကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ယောက်ကို ဖမ်းဆီးခေါ် ဆောင်သွားမှုများ ဖြစ်ပွားခဲ့သည်။

Photo – credit

#PeopleMedia #မိုးကုတ်မြို့ #TNLA #SSPP/SSA


Share this post