• Follow Us on

Home မိုးကုတ္ၿမိဳ႕ မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ ေျမၿပိဳက်မႈျဖစ္ပြားရာ မိသားစု၀င္သုံးဦး ေသဆုံး၊ ေသဆုံးမႈ၌ ကေလးငယ္တစ္ဦးပါ၀င္

မိုးကုတ္ၿမိဳ႕ မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ ေျမၿပိဳက်မႈျဖစ္ပြားရာ မိသားစု၀င္သုံးဦး ေသဆုံး၊ ေသဆုံးမႈ၌ ကေလးငယ္တစ္ဦးပါ၀င္

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၁၆

မႏၲေလးတိုင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕၊ ကိုးလံေက်းရြာတြင္ မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ ေျမၿပိဳက်မႈ ျဖစ္ပြားခဲ့ရာ မိသားစု၀င္ သုံးဦးေသဆုံးခဲ့ရာ ၌ကေလးငယ္တစ္ဦးလည္း ပါ၀င္သည္။

မိုးကုတ္ၿမိဳ႕၊ ကိုးလံေက်းရြာႏွင့္ ေရႊဂူႀကီးရပ္ကြက္တို႔တြင္ ယေန႔နံနက္ပိုင္း အခ်ိန္တြင္ မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ေျမၿပိဳက်မႈမ်ား ျဖစ္ေပၚခဲ့သည္။

အဆိုပါျဖစ္စဉ္ႏွင့္ ပတ္သက္ၿပီး သက္ဆိုင္ရာတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မွ ေအာက္ပါအတိုင္းေျပာၾကားသည္။

“မနက္က ကိုးလံေက်းရြာမွာ ေျမၿပိဳၿပီးေတာ့ အိမ္ပါသြားတယ္။ အဲ့ဒီမွာ မိသားစုသုံးေယာက္ပါသြားပါ တယ္။ ေနာက္ၿပီးေတာ့ ေရႊဂူႀကီးရပ္ကြက္မွာလည္း အဲ့လိုအိမ္ပိၿပီးေတာ့ တစ္ေယာက္ဆုံးသြားပါတယ္။ ခုလိုျဖစ္တာ တစ္ခ်ိန္တည္းပဲ၊ ေရွ႕ဆင့္ေနာက္ဆင့္ပဲ။ ကိုးလံကေတာ့ နည္းနည္းေစာတာေပါ႔။ မိုးက အရမ္းရြာေနေတာ့ ခုလိုျဖစ္တာပါ။ ေျမကအိၿပီးေတာ့ မိုးမ်ားေတာ့ အိမ္ေတြပါၿပိဳတာေပါ႔အဲဒီသေဘာပါ။ ဟိုလိုအိမ္ေတြအမ်ားႀကီး ဝုန္းဒိုင္းဆိုၿပီး အိမ္ေတြအမ်ားႀကီးၿပိဳတာမဟုတ္ပါဘူး။ ေတာင္ေစာင္းမွာရွိတဲ့ အိမ္ေလးေတြက မိုးကအရမ္းရြာေတာ့ ေျမကအိက်ၿပီးေတာ့ ၿပိဳသြားတာပါ။ အဲ့ဒီမိသားစုသုံးေယာက္မွာ ကေလးငယ္ငယ္ေလးတစ္ေယာက္နဲ႔ မူႀကိဳကေလးေလးေပါ႔။ မိသားစုေတြက ငယ္ငယ္ရြယ္ရြယ္ေလး ေတြပါ”ဟု မိုးကုတ္ၿမိဳ႕ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္အမွတ္(၂) ဦးေစာေသာင္းတင္က ေျပာသည္။

ဆက္လက္ၿပီး ၎မွ “ၾကက္ေျခနီေရာ မီးသတ္ေရာ သတင္းၾကားၾကားခ်င္းသြားၾကတာ။ သို႔ေသာ္လည္း ေျမႀကီးပိတဲ့အထဲက ေနထုတ္ၿပီးေတာ့ သယ္ႏိုင္တယ္။ ဒါေပမဲ့ အရမ္းဝိတ္မ်ားေတာ့ အဲ့ဒီမွာပဲ ဆုံးပါးသြားပါတယ္။ ေရႊဂူႀကီးက်ေတာ့ အဲ့လိုပဲေျမၿပိဳတဲ့အထဲပါသြားတယ္။ သူကအိမ္ပိသြား တာ၊ ဒါေပမဲ့သူက ပိတဲ့အထဲ တစ္ေယာက္တည္း ပါသြားတာ။ က်န္တဲ့သူေတြက ဘာမွမျဖစ္ၾကဘူး။ ပါသြားတဲ့သူက အမ်ိဳးသားပါ”ဟု ဆိုသည္။

ထို႔အျပင္ ဒီျဖစ္စဉ္မ်ိဳးသည္ အျခားၿမိဳ႕ေတြအတြက္ ထူးဆန္းသလိုျဖစ္ေနၿပီး မိုးကုတ္ၿမိဳ႕အတြက္သည္ ႏွစ္စဉ္ျဖစ္ေနက်ပုံစံမ်ိဳးျဖစ္ေနသည့္အတြက္ အသက္ေတြဆုံးရႈံးခဲ့ဖူးၿပီး ျဖစ္ေလ့ျဖစ္ထရွိသည့္အတြက္ မဆန္းသလိုျဖစ္ေနၿပီး ဒီလိုျဖစ္ရပ္ေတြ ပေပ်ာက္ဖို႔ရာ အစိုးရအေနႏွင့္ လူတိုင္းကို ေျမကြက္ေပးဖို႔ရာ အတြက္ ေျမေနရာရွားပါးသည့္အတြက္ေၾကာင့္ အခက္အခဲေတြရွိေနေၾကာင္း၊ ယေန႔နံနက္ပိုင္းအခ်ိန္ တြင္ ေျမၿပိဳၿပီး အိမ္ပိေသဆုံးသူစုစုေပါင္း ေလးဦးရွိေၾကာင္း သက္ဆိုင္ရာတိုင္းေဒသ ႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေစာေသာင္းတင္က ေျပာသည္။

Photo – Soe Min Hlaing

#PeopleMedia #သဘာဝေဘး #မိုးကုတ္

(unicode)
မိုးကုတ်မြို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ မိသားစုဝင်သုံးဦး သေဆုံး၊ သေဆုံးမှု၌ ကလေးငယ်တစ်ဦးပါဝင်
………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ကိုးလံကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ မိသားစုဝင် သုံးဦးသေဆုံးခဲ့ရာ ၌ကလေးငယ်တစ်ဦးလည်း ပါဝင်သည်။

မိုးကုတ်မြို့၊ ကိုးလံကျေးရွာနှင့် ရွှေဂူကြီးရပ်ကွက်တို့တွင် ယနေ့နံနက်ပိုင်း အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ အောက်ပါအတိုင်းပြောကြားသည်။

“မနက်က ကိုးလံကျေးရွာမှာ မြေပြိုပြီးတော့ အိမ်ပါသွားတယ်။ အဲ့ဒီမှာ မိသားစုသုံးယောက်ပါသွားပါ တယ်။ နောက်ပြီးတော့ ရွှေဂူကြီးရပ်ကွက်မှာလည်း အဲ့လိုအိမ်ပိပြီးတော့ တစ်ယောက်ဆုံးသွားပါတယ်။ ခုလိုဖြစ်တာ တစ်ချိန်တည်းပဲ၊ ရှေ့ဆင့်နောက်ဆင့်ပဲ။ ကိုးလံကတော့ နည်းနည်းစောတာပေါ့။ မိုးက အရမ်းရွာနေတော့ ခုလိုဖြစ်တာပါ။ မြေကအိပြီးတော့ မိုးများတော့ အိမ်တွေပါပြိုတာပေါ့အဲဒီသဘောပါ။ ဟိုလိုအိမ်တွေအများကြီး ဝုန်းဒိုင်းဆိုပြီး အိမ်တွေအများကြီးပြိုတာမဟုတ်ပါဘူး။ တောင်စောင်းမှာရှိတဲ့ အိမ်လေးတွေက မိုးကအရမ်းရွာတော့ မြေကအိကျပြီးတော့ ပြိုသွားတာပါ။ အဲ့ဒီမိသားစုသုံးယောက်မှာ ကလေးငယ်ငယ်လေးတစ်ယောက်နဲ့ မူကြိုကလေးလေးပေါ့။ မိသားစုတွေက ငယ်ငယ်ရွယ်ရွယ်လေး တွေပါ”ဟု မိုးကုတ်မြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးစောသောင်းတင်က ပြောသည်။

ဆက်လက်ပြီး ၎င်းမှ “ကြက်ခြေနီရော မီးသတ်ရော သတင်းကြားကြားချင်းသွားကြတာ။ သို့သော်လည်း မြေကြီးပိတဲ့အထဲက နေထုတ်ပြီးတော့ သယ်နိုင်တယ်။ ဒါပေမဲ့ အရမ်းဝိတ်များတော့ အဲ့ဒီမှာပဲ ဆုံးပါးသွားပါတယ်။ ရွှေဂူကြီးကျတော့ အဲ့လိုပဲမြေပြိုတဲ့အထဲပါသွားတယ်။ သူကအိမ်ပိသွား တာ၊ ဒါပေမဲ့သူက ပိတဲ့အထဲ တစ်ယောက်တည်း ပါသွားတာ။ ကျန်တဲ့သူတွေက ဘာမှမဖြစ်ကြဘူး။ ပါသွားတဲ့သူက အမျိုးသားပါ”ဟု ဆိုသည်။

ထို့အပြင် ဒီဖြစ်စဉ်မျိုးသည် အခြားမြို့တွေအတွက် ထူးဆန်းသလိုဖြစ်နေပြီး မိုးကုတ်မြို့အတွက်သည် နှစ်စဉ်ဖြစ်နေကျပုံစံမျိုးဖြစ်နေသည့်အတွက် အသက်တွေဆုံးရှုံးခဲ့ဖူးပြီး ဖြစ်လေ့ဖြစ်ထရှိသည့်အတွက် မဆန်းသလိုဖြစ်နေပြီး ဒီလိုဖြစ်ရပ်တွေ ပပျောက်ဖို့ရာ အစိုးရအနေနှင့် လူတိုင်းကို မြေကွက်ပေးဖို့ရာ အတွက် မြေနေရာရှားပါးသည့်အတွက်ကြောင့် အခက်အခဲတွေရှိနေကြောင်း၊ ယနေ့နံနက်ပိုင်းအချိန် တွင် မြေပြိုပြီး အိမ်ပိသေဆုံးသူစုစုပေါင်း လေးဦးရှိကြောင်း သက်ဆိုင်ရာတိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောသည်။

Photo – Soe Min Hlaing

#PeopleMedia #သဘာဝဘေး #မိုးကုတ်


Share this post