• Follow Us on

Home မိုးညှင်းဒီဂရီကောလိပ် အဝေးသင်ကျောင်းသားတစ်ဦးထံမှ မူးယစ်ဆေးဝါးတွေ့ရှိ၍ အမှုဖွင့်လှစ်


Share this post

မိုးညှင်း၊ နိုဝင်ဘာ ၂၆


ဖြစ်စဉ်မှာမှာ ယနေ့၊ နိုဝင်ဘာ၂၆ ရက်နေ့၊ နေ့လယ်(၁)နာရီအချိန်တွင် မိုးညှင်းမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်သူရိန်ဦးနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လုံခြုံရေးလှည့် ကင်းဆောင်ရွက်နေစဉ် မိုးညှင်းဒီဂရီကောလိပ်မှ အဝေးသင်ကျောင်းသားတစ်ဦး ပင်မဆောင်၏ မြေညီထပ် အမျိုးသား အိမ်သာအတွင်း မူးယစ် ဆေးဝါးသုံးစွဲနေကြောင်း သတင်းရရှိသဖြင့် သွားရောက် စစ်ဆေးခဲ့ကြသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ ဆွတ်ဂျာအောင်၊ (၂၂)နှစ်၊ (ဘ)ဦးဖုန်ကန်တန်ဂွန်း (အဝေးသင်/မိုးညှင်း ဒီဂရီကော လိပ်)၊ တတိယနှစ်(မြန်မာစာ)၊ မော်မောင်းလယန်ကျေးရွာ၊ အေးမြသာယာအုပ်စု ဖါးကန့်မြို့နယ် နေထိုင်သူ အား မိုးညှင်းမြို့မရဲစခန်းမှ မယ(ပ) ၂၂၀/၂၀၁၉ ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

မင်္ဂလာဦး

[Unicode]
မိုးညှင်းဒီဂရီကောလိပ် အဝေးသင်ကျောင်းသားတစ်ဦးထံမှ မူးယစ်ဆေးဝါးတွေ့ရှိ၍ အမှုဖွင့်လှစ်

မိုးညှင်း၊ နိုဝင်ဘာ ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ထန်းတပင်ကျေးရွာ မိုးညှင်းဒီဂရီကောလိပ်တွင် အဝေးသင် လာရောက်ဖြေဆိုသည့် ကျောင်းသားတစ်ဦးထံမှ မူးယစ်ဆေးဝါး တွေ့ရှိရသဖြင့် တာဝန်ရှိသူများက ဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာမှာ ယနေ့၊ နိုဝင်ဘာ၂၆ ရက်နေ့၊ နေ့လယ်(၁)နာရီအချိန်တွင် မိုးညှင်းမြိ့ုမရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်သူရိန်ဦးနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လုံခြုံရေးလှည့် ကင်းဆောင်ရွက်နေစဉ် မိုးညှင်းဒီဂရီကောလိပ်မှ အဝေးသင်ကျောင်းသားတစ်ဦး ပင်မဆောင်၏ မြေညီထပ် အမျိုးသား အိမ်သာအတွင်း မူးယစ် ဆေးဝါးသုံးစွဲနေကြောင်း သတင်းရရှိသဖြင့် သွားရောက် စစ်ဆေးခဲ့ကြသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ မိုးညှင်းဒီဂရီ ကောလိပ်ပင်မဆောင်၏ မြေညီထပ်ရှိအမျိုး သားအိမ်သာအတွင်း၌ တွေ့ရှိရသော ဆွတ်ဂျာအောင် အား သက်သေများရှေ့တွင် ရှာဖွေခဲ့ရာ ၎င်းလွယ်ထားသော ဘေးလွယ်အိတ် အတွင်းမှ 3CC ဆေးထိုးပိုက်တစ်ချောင်းနှင့် လိမ္မော်ရောင် အဖုံးပိတ်ပါအဖြူရောင် ကော်ဗူးထဲမှ ဘိန်းဖြူဟု ယူဆရသော ဖြူ/ဝါမှုန့်အလေးချိန်(0.2)ဂရမ် ပါ တစ်ဗူးအား တွေ့ရှိရသဖြင့် ဒုရဲအုပ်သူရိန်ဦးမှ သက်သေခံပစ္စည်းများအား သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့်ရေးသွင်းသိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆွတ်ဂျာအောင်၊ (၂၂)နှစ်၊ (ဘ)ဦးဖုန်ကန်တန်ဂွန်း (အဝေးသင်/မိုးညှင်း ဒီဂရီကော လိပ်)၊ တတိယနှစ်(မြန်မာစာ)၊ မော်မောင်းလယန်ကျေးရွာ၊ အေးမြသာယာအုပ်စု ဖါးကန့်မြိ့ုနယ် နေထိုင်သူ အား မိုးညှင်းမြိ့ုမရဲစခန်းမှ မယ(ပ) ၂၂၀/၂၀၁၉ ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

မင်္ဂလာဦး

#PeopleMedia #EPN


Share this post