• Follow Us on

Home မိုးညႇင္းခရိုင္ေဆး႐ုံႀကီးမွ ကိုဗစ္ ၁၉ ပိုး ေတြ႕သည့္ က်န္းမာေရးဝန္ထမ္း(၃)ဦးေဆး႐ုံဆင္းၿပီ

မိုးညႇင္းခရိုင္ေဆး႐ုံႀကီးမွ ကိုဗစ္ ၁၉ ပိုး ေတြ႕သည့္ က်န္းမာေရးဝန္ထမ္း(၃)ဦးေဆး႐ုံဆင္းၿပီ

Share this post

မိုးညႇင္း၊ ေအာက္တိုဘာ ၁၂
 
ကခ်င္ျပည္နယ္၊ မိုးညႇင္းခရိုင္ေဆး႐ုံတြင္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕သည့္ က်န္းမာေရးဝန္ထမ္း(၃)ဦးသည္ ေရာဂါသက္သာသျဖင့္ ေအာက္တိုဘာလ ၁၁ ရက္ေန႔ ေန႔လယ္(၁၀)နာရီခြဲအခ်ိန္တြင္ ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ ေၾကာင္း ခရိုင္ေဆး႐ုံအုပ္ႀကီး ေဒါက္တာလာမာမီးကေျပာၾကားသည္။
 
“ဒီေန႔ ဆင္းခြင့္ေပးလိုက္တာ ဟုတ္ပါတယ္၊ က‌ေလးအထူးကုဆရာဝန္(၁)ဦးရယ္၊ လက္ေထာက္ဆရာဝန္(၁)ဦး ရယ္၊ သူနာျပဳဆရာမ(၁) ေယာက္ရယ္ အားလုံး ၃ ေယာက္ဆင္းခြင့္ေပးလိုက္ပါၿပီ။ အိမ္မွာတစ္ပတ္ေလာက္အ သြားအလာကန႔္သတ္ၿပီးသီးသန႔္ေနရမယ္၊ က်န္းမာေရးဝန္ႀကီးဌာနလမ္းညႊန္ခ်က္ေတြအတိုင္းေနရမွာပါ”ဟု ခရိုင္ေဆး႐ုံအုပ္ႀကီးက ေျပာသည္။
 
မိုးညႇင္းၿမိဳ႕နယ္အတြင္း ကိုဗစ္-၁၉ ေရာဂါအတည္ျပဳလူနာ(၁၅)ဦးရွိရာ ေရာဂါပိုးသက္သာ၍ ေဆး႐ုံဆင္းခြင့္ရရွိ သူ(၆)ဦးအထိရွိလာၿပီး လက္ရွိ မိုးညႇင္းေဆး႐ုံႀကီးတြင္ ပိုးေတြ႕ လူနာ ၉ ဦးကို က်န္းမာေရးေစာင့္ေရွာက္မႈ ေပးလ်က္ရွိေၾကာင္းႏွင့္ ၎တို႔၏က်န္းမာေရးအေျခအေနေကာင္းမြန္လ်က္ရွိေၾကာင္း သိရွိရသည္။
 
မဂၤလာဦး
 
#PeopleMedia
 
(unicode)
မိုးညှင်းခရိုင်ဆေးရုံကြီးမှ ကိုဗစ် ၁၉ ပိုး တွေ့သည့် ကျန်းမာရေးဝန်ထမ်း(၃)ဦးဆေးရုံဆင်းပြီ
……………………………………………
 
မိုးညှင်း၊ အောက်တိုဘာ ၁၂
 
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့သည့် ကျန်းမာရေးဝန်ထမ်း(၃)ဦးသည် ရောဂါသက်သာသဖြင့် အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ်(၁၀)နာရီခွဲအချိန်တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ ကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးကပြောကြားသည်။
 
“ဒီနေ့ ဆင်းခွင့်ပေးလိုက်တာ ဟုတ်ပါတယ်၊ က‌လေးအထူးကုဆရာဝန်(၁)ဦးရယ်၊ လက်ထောက်ဆရာဝန်(၁)ဦး ရယ်၊ သူနာပြုဆရာမ(၁) ယောက်ရယ် အားလုံး ၃ ယောက်ဆင်းခွင့်ပေးလိုက်ပါပြီ။ အိမ်မှာတစ်ပတ်လောက်အ သွားအလာကန့်သတ်ပြီးသီးသန့်နေရမယ်၊ ကျန်းမာရေးဝန်ကြီးဌာနလမ်းညွှန်ချက်တွေအတိုင်းနေရမှာပါ”ဟု ခရိုင်ဆေးရုံအုပ်ကြီးက ပြောသည်။
 
မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၁၅)ဦးရှိရာ ရောဂါပိုးသက်သာ၍ ဆေးရုံဆင်းခွင့်ရရှိ သူ(၆)ဦးအထိရှိလာပြီး လက်ရှိ မိုးညှင်းဆေးရုံကြီးတွင် ပိုးတွေ့ လူနာ ၉ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်းနှင့် ၎င်းတို့၏ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
 
မင်္ဂလာဦး
 
#PeopleMedia

Share this post