• Follow Us on

Home မိုးညှင်းခရိုင်၊ မော်ဟန်ရဲစခန်းကို KIA/PDF ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်၊ ရဲတပ်ဖွဲ့ပိုင် လက်နက်များ ဆုံးရှုံးခဲ့

မိုးညှင်းခရိုင်၊ မော်ဟန်ရဲစခန်းကို KIA/PDF ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်၊ ရဲတပ်ဖွဲ့ပိုင် လက်နက်များ ဆုံးရှုံးခဲ့

Share this post

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၃ (People Media)

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မော်ဟန်ကျေးရွာအတွင်းရှိ မော်ဟန်ရဲစခန်းကို ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန်က KIA/PDF ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ရဲတပ်ဖွဲ့ပိုင် လက်နက်များ ဆုံးရှုံးခဲ့သည်။

 

မော်ဟန်ကျေးရွာ နယ်မြေခံရဲစခန်းတစ်ခုအား KIA/PDF ပူးပေါင်းအဖွဲ့မှ ယနေ့နံနက်ပိုင်းအချိန်တွင် လာ ရောက်တိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့သည်။

 

“ဒီကနေ့ မနက် ၄ နာရီ ၁၅ မိနစ်အချိန်မှာ တိုက်ပွဲစဖြစ်တယ်။ စခန်းအတွင်းက နေအိမ်တွေ မီးလောင်ပျက်စီး သွားတာရှိတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ကြာချိန်က ၁ နာရီခွဲလောက်ရှိတယ် ကားလမ်းတွေအကုန်ပိတ်ထားတယ်။ နံနက် ၇ နာရီခွဲလောက်မှာပြန်ဖွင့်ပေးတယ် အခုတော့ စစ်တပ်တွေရော တင့်ကားတွေအကုန်ရောက်နေပြီ” လို့ အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်။

 

အဆိုပါတိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တချို့ထိခိုက်မှုများရှိသည့်အပြင် လက်နက်အချို့ ဆုံးရှုံးခဲ့သည်။

 

“ထိခိုက်မှုတော့ရှိမယ်ထင်တယ်။ နှစ်ဖက်အပြန်အလှန်ပစ်ကြတာဆိုတော့ ရဲစခန်းအတွင်းမှာ မီးလောင်ပျက်စီး တာတွေမြင်ရတယ်၊ အနီးကပ်တိုက်ပွဲလို့ပြောလို့ရတယ်။ ကျေးရွာအတွင်းမှာလည်း အသွားအလာမရှိသ လောက် တိတ်ဆိတ်နေတယ်” ဟု ၎င်းကပြောသည်။

 

ကချင်ပြည်နယ်အတွင်းရှိ ရဲစခန်းနှင့် တပ်စခန်းအချို့အား ယခုလအတွင်း KIA/PDF ပူးပေါင်းတပ်ဖွဲ့များမှ မကြာခဏတိုက်ခိုက်လျှက်ရှိနေသည်။

 

Photo – Credit

 

မြတ်မင်း(EPN)

 

#PeopleMedia #EPN #မိုးညှင်းခရိုင်

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 

Photo – Credit

 


 



Share this post