• Follow Us on

Home မိုးညှင်းဂေါက်ကွင်းအနီး ကာလတန်ဖိုး ကျပ်သိန်း နှစ်ထောင်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မိုးညှင်းဂေါက်ကွင်းအနီး ကာလတန်ဖိုး ကျပ်သိန်း နှစ်ထောင်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Share this post

EPN

မိုးညှင်း၊ စက်တင်ဘာ ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အ၀င် မိုးညှင်းဂေါက်ကွင်းအနီး ယမန်နေ့ ညသန်းခေါင်ယံအချိန်က ကာလတန်ဖိုး ကျပ်သိန်း ၂ထောင်ခန့်ရှိသည့် မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၇ ရက်နေ့၊ ည ၁၂ နာရီခွဲ အချိန်ခန့်က မိုး ညှင်းမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်သူရိန်ဦးနှင့် တပ်ဖွဲ့ဝင်များ သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မိုးညှင်းမြို့ အ၀င်၊ မိုးညှင်း ဂေါက်ကွင်းအနီး စောင့်ဆိုင်နေစဉ် မော်ဟန်ကျေးရွာ ဘက်မှ မိုးညှင်းမြို့ဘက်သို့ ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးကို တားဆီး စစ်ဆေးခဲ့ရာ ဦးမင်းဇော် စီးနင်းလာသော ဆိုင်ကယ်မှ ကာဗာအတွင်း သိုဝှက်သယ်ဆောင်လာသော ကမ္ဘာလုံးတံဆိပ်ပါ အဟြရောင် ကပ်ခွါ အိတ်များအတွင်းမှ တံဆိပ်မပါ ပန်းရောင်စိတ်ကြွဆေးဟြး(၂၀၀)ဟြးပါ (၂၀၀)ထုပ်၊ စုစုပေါင်းဆေးဟြး (၄၀၀၀၀)ဟြး၊ ကာလတန်ဘိုး သိန်း(၁၂၀၀)ခန့်နှင့် ဦးဇော်မင်းလတ် စီးနင်းလာသော ဆိုင်ကယ်မှ ကာဗာအတွင်းသိုဝှက်သယ်ဆောင်လာသည့် ကမ္ဘာလုံးတံဆိပ်ပါ အဟြရောင်ကပ်ခွါ အိတ်များ အတွင်းမှ တံဆိပ်မပါ ပန်းရောင် စိတ်ကြွေ ဆးဟြး (၂၀၀)ဟြးပါ (၁၂၀)ထုပ်၊ စုစုပေါင်းဆေးဟြး(၂၄၀၀၀)ဟြး၊ ကာ လ တန်ဖိုးသိန်း(၇၂၀)ခန့်စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၂၀၀၀ ခန့် ရှိသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ပြီး သက်သေများရှေ့ ရှာဖွေ ပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒုရဲအုပ် သူရိန်ဦးမှ တရားလိုပြုလုပ် အမှုဖွင့်တိုင်ကြားခဲ့ရာ ဦးဇော်မင်း၊ (၅၁)နှစ်၊ (ဘ)ဦးဝင်း၊ ရပ်ကွက်(၃)၊ ဝိုင်းမော်မြို့နေထိုင်သူအား မိုး ညှင်းမြို့မရဲစခန်းက မယ(ပ)၁၆၇/၂၀၁၉ ပုဒ်မ ၁၉(က)ဖြင့် လည်း ကောင်း၊ ဦးဇော်မင်းလတ်၊ (၃၄)နှစ်၊ (ဘ)ဦးမောင်ဇော် မြို့မမြောက်ရပ် ကွက်၊ ၀ိုင်းမော်မြို့နယ်နေထိုင်သူအား မယ(ပ)၁၆၈/၂၀၁၉ ပုဒ်မ ၁၉ (က)ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သိရသည်။


Share this post