• Follow Us on

Home မိုးညှင်းမြို့တွင်(၁၄)နှစ်အရွယ်မိန်းကလေးကို သားမယားပြုကျင့်ရန်ကြံစည်မှုဖြစ်ပွား


Share this post

မိုးညှင်း ဇန်နဝါရီ ၂၅


ဖြစ်စဉ်မှာ ဇန်နဝါရီ(၂၂)ရက် ည(၇)နာရီခွဲအချိန်ခန့် က မ——အသက်(၁၄)နှစ်သည်နေအိမ်၌တစ်ဦးတည်းရှိနေစဉ် ဖခင်၏သူငယ်ချင်းဖြစ်သူ ခင်မောင်ဋ္ဌး(ခ)ဖိုးဆရာဆိုသူရောက်ရှိလာပြီး မ—-ရှိ​နေသည့်အိပ်ခန်းအတွင်းအထိဝင်ရောက်လာကာ ၎င်းအားတွန်းလှဲပြီး သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်ခဲ့သည်။

ထို့​နောက်မ——-က “ကယ်ကြပါဦး၊ကျွန်မအခန်းထဲကို ဦးခင်မောင်ဋ္ဌးဝင်လာလို့ ”ဟုအော်ဟစ် အကူအညီ​တောင်းခဲ့ရာ ပတ်ဝန်းကျင်ရှိအမျိုးသားတစ်ဦးမှ”ဟဲ့ ဘာဖြစ်တာလဲ”ဟုအသံပြုခဲ့သဖြင့်ခင်မောင်ဋ္ဌး(ခ)ဖိုးဆရာသည်အိမ်အောက်သို့ ဆင်းသွားခဲ့ပြီး(၅)မိနစ်ခန့် အကြာတွင်အခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာကာ”မင်းအော်ဦးမလား”ဟု​ပြောပြီး မ——၏ ပါးကို(၂)ချက်ရိုက်ခဲ့သည်။

ဆက်လက်ပြီး ခင်မောင်ဋ္ဌး(ခ)ဖိုးဆရာ က မ——-၏မျက်နှာကိုလက်ဖြင့်ညှစ်ပြီးအင်္ကျီအားဆွဲခဲ့သဖြင့်မ—–က ၎င်း၏ ခန္ဓာကိုယ်အားကွေးလျက်ထိုင်ချလိုက်သည်။ ခင်မောင်​ဋ္ဌး(ခ)ဖိုးဆရာက မ—–ဝတ်ထားသောဘောင်းဘီကိုဆွဲချွတ်စဉ် ၎င်းလက်ကိုမ——ကသွားဖြင့်ကိုက်ကာနေအိမ်အောက်ထပ်သို့ ပြေးဆင်းလာခဲ့ပြီးတစ်ရပ်ကွက်တည်းနေ မမနန်း(အမည်လွှဲ)၏ နေအိမ်သို့ ထွက်ပြေးခဲ့သည်။

ခင်မောင်​ဋ္ဌး(ခ)ဖိုးဆရာသည် မမနန်း(အမည်လွှဲ)၏အိမ်​ရှေ့ အထိလိုက်လာကာ”မ—-မလာဘူးလား”ဟုအော်ဟစ်ခေါ်ဆိုခဲ့ရာ မမနန်၏မိခင်ဖြစ်သူက”လာမခေါ်နဲ့ ”ဟုအော်ပြောခဲ့​သော​ကြောင့် ခင်မောင်​ဋ္ဌး(ခ)ဖိုးဆရာမှာပြန်သွားခဲ့သည်ဟု ရဲမှတ်တမ်းအရသိရသည်။

ဖြစ်စဉ်ကြောင့် မ——–က မိုးညှင်းမြို့မရဲစခန်းသို့ ဇန်နဝါရီ(၂၃)ရက်ည (၈)နာရီခွဲအချိန်တွင် တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့သဖြင့် ခင်မောင်​ဋ္ဌး(ခ)ဖိုးဆရာ၊ အသက်(၄၈)နှစ်၊ (ဘ)ဦးခင်မောင် အရှေ့စုရပ်ကွက်(၁)လမ်း မိုးညှင်းမြို့နေထိုင်သူကို မိုးညှင်းမြို့မရဲစခန်းမှ (ပ)၁၀/၂၀၂၀ ပုဒ်မ ၄၅၇/၃၇၆/၅၁၁ ဖြင့်အမှုရေးဖွင့်ထား​ကြောင်းသိရသည်။

#peoplemedia

(unicode)
မိုးညှင်းမြို့တွင်(၁၄)နှစ်အရွယ်မိန်းကလေးကို သားမယားပြုကျင့်ရန်ကြံစည်မှုဖြစ်ပွား
……………………………………………………………………………………………

မိုးညှင်း ဇန်နဝါရီ ၂၅

ကချင်ပြည်နယ် မိုးညှင်းမြို့တွင်အသက်(၁၄)နှစ်အရွယ် မိန်းကလေးကို အသက်(၄၈)နှစ်အရွယ်အမျိုးသားက သားမယားပြုကျင့်ရန်ကြံစည်မှုဖြစ်ပွားခဲ့​ကြောင်း မိုးညှင်းမြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ(၂၂)ရက် ည(၇)နာရီခွဲအချိန်ခန် ့က မ——အသက်(၁၄)နှစ်သည်နေအိမ်၌တစ်ဦးတည်းရှိနေစဉ် ဖခင်၏သူငယ်ချင်းဖြစ်သူ ခင်မောင်ေဋ္ဌး(ခ)ဖိုးဆရာဆိုသူရောက်ရှိလာပြီး မ—-ရှိ​နေသည့်အိပ်ခန်းအတွင်းအထိဝင်ရောက်လာကာ ၎င်းအားတွန်းလှဲပြီး သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်ခဲ့သည်။

ထို့​နောက်မ——-က “ကယ်ကြပါဦး၊ကျွန်မအခန်းထဲကို ဦးခင်မောင်ေဋ္ဌးဝင်လာလို ့”ဟုအော်ဟစ် အကူအညီ​တောင်းခဲ့ရာ ပတ်ဝန်းကျင်ရှိအမျိုးသားတစ်ဦးမှ”ဟဲ့ ဘာဖြစ်တာလဲ”ဟုအသံပြုခဲ့သဖြင့်ခင်မောင်ေဋ္ဌး(ခ)ဖိုးဆရာသည်အိမ်အောက်သို ့ဆင်းသွားခဲ့ပြီး(၅)မိနစ်ခန် ့အကြာတွင်အခန်းအတွင်းသို ့ပြန်လည်ဝင်ရောက်လာကာ”မင်းအော်ဦးမလား”ဟု​ပြောပြီး မ——၏ ပါးကို(၂)ချက်ရိုက်ခဲ့သည်။

ဆက်လက်ပြီး ခင်မောင်ေဋ္ဌး(ခ)ဖိုးဆရာ က မ——-၏မျက်နှာကိုလက်ဖြင့်ညှစ်ပြီးအကျႌအားဆွဲခဲ့သဖြင့်မ—–က ၎င်း၏ ခန္ဓာကိုယ်အားကွေးလျက်ထိုင်ချလိုက်သည်။ ခင်မောင်​ေဋ္ဌး(ခ)ဖိုးဆရာက မ—–ဝတ်ထားသောဘောင်းဘီကိုဆွဲချွတ်စဉ် ၎င်းလက်ကိုမ——ကသွားဖြင့်ကိုက်ကာနေအိမ်အောက်ထပ်သို ့ပြေးဆင်းလာခဲ့ပြီးတစ်ရပ်ကွက်တည်းနေ မမနန်း(အမည်လွှဲ)၏ နေအိမ်သို ့ထွက်ပြေးခဲ့သည်။

ခင်မောင်​ေဋ္ဌး(ခ)ဖိုးဆရာသည် မမနန်း(အမည်လွှဲ)၏အိမ်​ရှေ ့အထိလိုက်လာကာ”မ—-မလာဘူးလား”ဟုအော်ဟစ်ခေါ်ဆိုခဲ့ရာ မမနန်၏မိခင်ဖြစ်သူက”လာမခေါ်နဲ ့”ဟုအော်ပြောခဲ့​သော​ကြောင့် ခင်မောင်​ေဋ္ဌး(ခ)ဖိုးဆရာမှာပြန်သွားခဲ့သည်ဟု ရဲမှတ်တမ်းအရသိရသည်။

ဖြစ်စဉ်ကြောင့် မ——–က မိုးညှင်းမြို့မရဲစခန်းသို့ ဇန်နဝါရီ(၂၃)ရက်ည (၈)နာရီခွဲအချိန်တွင် တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့သဖြင့် ခင်မောင်​ေဋ္ဌး(ခ)ဖိုးဆရာ၊ အသက်(၄၈)နှစ်၊ (ဘ)ဦးခင်မောင် အရှေ့စုရပ်ကွက်(၁)လမ်း မိုးညှင်းမြို့နေထိုင်သူကို မိုးညှင်းမြို့မရဲစခန်းမှ (ပ)၁၀/၂၀၂၀ ပုဒ်မ ၄၅၇/၃၇၆/၅၁၁ ဖြင့်အမှုရေးဖွင့်ထား​ကြောင်းသိရသည်။

#peoplemedia


Share this post