• Follow Us on

Home မိုးညှင်းမြို့နယ်တွင် ဆိုင်ကယ်ဂွကြားအတွင်း သယ်ဆောင်လာသည့် ဘိန်းဖြူများ ဖမ်းဆီးရမိ

မိုးညှင်းမြို့နယ်တွင် ဆိုင်ကယ်ဂွကြားအတွင်း သယ်ဆောင်လာသည့် ဘိန်းဖြူများ ဖမ်းဆီးရမိ

Share this post

မြစ်ကြီးနား၊ မတ် ၂၃

 

ကချင်ပြည်နယ်၊ မိုးညင်းမြို့နယ်တွင် ဆိုင်ကယ်ဂွကြားအတွင်း ကာလတန်ဖိုး သိန်း ၅၀၀ နီးပါးရှိ ဘိန်းဖြူများ တင်ဆောင်မောင်းနှင်လာသူတစ်ဦးကို ယမန်နေ့ ညနေ ၅ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ ဟိုပင်မြို့ဘက်သို့ သွားရာလမ်း အင်ကြင်းကုန်းလမ်းစုံတွင် စီးနင်းလာ သော ဦးဝင်းမြင့်ဆိုင်ကယ်အား ရဲတပ်ဖွဲ့မှ ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်း ဆပ်ပြာခွက်များဖြည့်ထည့်ထားသော ဘိန်းဖြူအလေးချိန် ၁၂၁ ကီလို (သေဒကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၈၄ သိန်း)နှင့်အတူ လက်ကိုင်ဖုန်းတလုံးအား သိမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ဦးဝင်းမြင့်အား မိုးညှင်းမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမူဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များအား ထပ်မံဖော်ထုတ်လျှက်ရှိကြောင်းသိရသည်။

 

လင်းယုန်

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 

#PeopleMedia


Share this post