• Follow Us on

Home မိုးညှင်းမြို့နယ်ရှိ KIA တပ်ရင်း ၂၆ နယ်မြေကို တပ်မတော်(လေ)မှ ၅ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ဟုဆို

မိုးညှင်းမြို့နယ်ရှိ KIA တပ်ရင်း ၂၆ နယ်မြေကို တပ်မတော်(လေ)မှ ၅ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ဟုဆို

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂၅ (People Media)

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ သုန်ပြင်ကျေးရွာအနီးရှိ KIA တပ်ရင်း ၂၆ နယ်မြေကို တပ်မတော်(လေ)မှ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံမီဒီယာဖြစ်သည့် Kachin News က နိုဝင်ဘာ ၂၅ ရက်နေ့၌ ဖော်ပြခဲ့ပါတယ်။

 

KIA တပ်ရင်း ၂၆ အခြေစိုက်ရာနေရာကို နေရာတစ်နေရာကို တပ်မတော်(လေ)မှ နိုဝင်ဘာ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့၌ ၅ ကြိမ်ခန့် ဗုံးကြဲသွားကြောင်း Kachin News ၏ ဖော်ပြချက် အရ သိရပါတယ်။

 

တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ယာယီထမ်းဆောင်သည့်ကာလအတွင်း၌ ကချင်ပြည်နယ်၌ တပ်မတော်နှင့် KIA တို့သည် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပါတယ်။

 

ထို့အတူ KIA အဖွဲ့သည် ဒေသခံ PDF အဖွဲ့များကို စစ်ရေးလေ့ကျင့် သင်ကြားပေးလျက်ရှိသည့် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သလို စစ်ကိုင်းတိုင်းရှိ ရဲကင်းစခန်းများကိုဒေသခံ PDF အဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ရေး လှုပ်ရှားမှု ပြုလုပ်လျက်ရှိနေပါတယ်။

 

#PeopleMedia #KIA #မိုးညှင်းမြို့နယ်ရှိKIAတပ်ရင်း၂၆နယ်မြေ

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post