• Follow Us on

Home မိုးညႇင္းၿမိဳ႕နယ္အဝင္ က်န္းမာေရးစစ္ေဆးရာ ကုန္တင္ယာဥ္ေမာင္းတစ္ဦးတြင္ ေရာဂါပိုးေတြ႕ရွိ

မိုးညႇင္းၿမိဳ႕နယ္အဝင္ က်န္းမာေရးစစ္ေဆးရာ ကုန္တင္ယာဥ္ေမာင္းတစ္ဦးတြင္ ေရာဂါပိုးေတြ႕ရွိ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၅ (People Media)

မဂၤလာဦး

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္အဝင္ က်န္းမာေရးစစ္ေဆးေရးဂိတ္တြင္ ကခ်င္ျပည္နယ္အတြင္း ဝင္ ေရာက္လာသည့္ ကုန္တင္ယာဥ္မ်ားမွ ယာဥ္‌ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္တို႔ကို က်န္းမာေရးစစ္ေဆး မႈျပဳလုပ္ခဲ့ရာ ယာဥ္ေမာင္းတစ္ဦးထံတြင္ Covid 19 ေရာဂါပိုးေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

ဒီဇင္ဘာ ၃ ရက္ နံနက္ ၇ နာရီခြဲအခ်ိန္တြင္ မိုးညႇင္းၿမိဳ႕နယ္အ၀င္ ပင္လုံေက်းရြာအုပ္စု၊ ေမာ္ဟဲေက်းရြာအနီးရွိ က်န္းမာေရးစစ္ေဆးေရးဂိတ္တြင္ တာ၀န္က်က်န္းမာေရး၀န္ထမ္းမ်ားမွ မိုးညႇင္းၿမိဳ႕နယ္အတြင္း ၀င္ေရာက္လာ ေသာ ေမာ္ေတာ္ယာဥ္မ်ား၏ ယာဥ္ေမာင္းႏွင့္ယာဥ္ေနာက္လိုက္မ်ားကို COVID-19 Antigen Test Kit ျဖင့္ က်န္းမာေရးစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ရာ ေရာဂါပိုးေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

အဆိုပါယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္မ်ားကို သက္ဆိုင္ရာ Quarantine Center သို႔ ပို႔ေဆာင္၍ က်န္း မာေရးေစာင့္ေရွာက္မႈမ်ားျပဳလုပ္ခဲ့ၾကသည္။

ဆက္လက္ၿပီး မႏၲေလးၿမိဳ႕ဘက္မွ ေမာင္းႏွင္လာသည့္ (၁၂)ဘီးယာဥ္ ေမာင္းႏွင္လာသည့္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္အား စစ္ေဆးရာယာဥ္ေမာင္း၌ Covid-19 ပိုးေတြ႕ရွိသျဖင့္ မိုးညႇင္းခရိုင္ေဆး႐ုံႀကီး သီးသန႔္ ေဆာင္သို႔ပို႔‌ေဆာင္ခဲ့ၿပီး ယာဥ္ေနာက္လိုက္အား မိုးညႇင္းတကၠသိုလ္ စံပယ္ေဆာင္ Quarantine Center သို႔ ပို႔ေဆာင္၍ က်န္းမာေရးေစာင့္ေရွာက္ေပးလ်က္ရွိသည္။

မဂၤလာဦး

#PeopleMedia #မိုးညႇင္းၿမိဳ႕ #COVID

(unicode)
မိုးညှင်းမြို့နယ်အဝင် ကျန်းမာရေးစစ်ဆေးရာ ကုန်တင်ယာဉ်မောင်းတစ်ဦးတွင် ရောဂါပိုးတွေ့ရှိ
………………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၅ (People Media)

မင်္ဂလာဦး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကချင်ပြည်နယ်အတွင်း ဝင် ရောက်လာသည့် ကုန်တင်ယာဉ်များမှ ယာဉ်‌မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ကျန်းမာရေးစစ်ဆေး မှုပြုလုပ်ခဲ့ရာ ယာဉ်မောင်းတစ်ဦးထံတွင် Covid 19 ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၃ ရက် နံနက် ၇ နာရီခွဲအချိန်တွင် မိုးညှင်းမြို့နယ်အဝင် ပင်လုံကျေးရွာအုပ်စု၊ မော်ဟဲကျေးရွာအနီးရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် တာဝန်ကျကျန်းမာရေးဝန်ထမ်းများမှ မိုးညှင်းမြို့နယ်အတွင်း ဝင်ရောက်လာ သော မော်တော်ယာဉ်များ၏ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို COVID-19 Antigen Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို သက်ဆိုင်ရာ Quarantine Center သို့ ပို့ဆောင်၍ ကျန်း မာရေးစောင့်ရှောက်မှုများပြုလုပ်ခဲ့ကြသည်။

ဆက်လက်ပြီး မန္တလေးမြို့ဘက်မှ မောင်းနှင်လာသည့် (၁၂)ဘီးယာဉ် မောင်းနှင်လာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား စစ်ဆေးရာယာဉ်မောင်း၌ Covid-19 ပိုးတွေ့ရှိသဖြင့် မိုးညှင်းခရိုင်ဆေးရုံကြီး သီးသန့် ဆောင်သို့ပို့‌ဆောင်ခဲ့ပြီး ယာဉ်နောက်လိုက်အား မိုးညှင်းတက္ကသိုလ် စံပယ်ဆောင် Quarantine Center သို့ ပို့ဆောင်၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိသည်။

မင်္ဂလာဦး

#PeopleMedia #မိုးညှင်းမြို့ #COVID


Share this post