• Follow Us on

Home မိုးညႇင္းၿမိဳ႕နယ္အဝင္ ေမာ္ေတာ္ယာဥ္မ်ားေပၚပါရွိသူမ်ား၏ က်န္းမာေရးစစ္ေဆးခ တစ္ေသာင္း ေလၽွာ့ခ်မည္

မိုးညႇင္းၿမိဳ႕နယ္အဝင္ ေမာ္ေတာ္ယာဥ္မ်ားေပၚပါရွိသူမ်ား၏ က်န္းမာေရးစစ္ေဆးခ တစ္ေသာင္း ေလၽွာ့ခ်မည္

Share this post

မိုးညႇင္း၊ ေအာက္တိုဘာ ၁၂
ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္အဝင္ နန႔္စီးေအာင္ ပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ကုန္တင္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္မ်ားတြင္ Covid 19 ေရာဂါပိုးရွိမရွိကို Covid antigen rapid test kit ျဖင့္ စစ္ေဆးခဲ့ရာက်န္းမာေရးစစ္ေဆးခအေနျဖင့္ လူ(၁)ဦးလၽွင္ က်ပ္ ႏွစ္ေသာင္း ေကာက္ခံခဲ့ရာမွ ယေန႔ ေအာက္တိုဘာ၁၂ရက္ေန႔ မွစ၍ (၁)ဦးလၽွင္ တစ္ေသာင္းက်ပ္သာ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ဆန္းဦးကအတည္ျပဳေျပာၾကားသည္။
အဆိုပါ Test Kit ျဖင့္ စစ္ေဆးေဆာင္ရြက္မႈကို ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၏ ဦးေဆာင္မႈႏွင့္သက္ ဆိုင္ရာဌာနဆိုင္ရာအႀကီးအကဲ(၉)ဦးပါဝင္ေသာပူးေပါင္းအဖြဲက ေအာက္က္တိုဘာလ(၉) ရက္ ေန႔ နံနက္ပိုင္းမွစ၍ စစ္ေဆးေဆာင္ရြက္ ခဲ့ရာ ေအာက္တိုဘာလ(၁၁)ရက္ေန႔အထိ စုစုေပါင္း (၃၅၅)ဦးအထိ စစ္ေဆးၿပီးစီးခဲ့ရာ ေရာဂါပိုးေတြ႕ရွိသူမရွိေၾကာင္း သိရွိရသည္။
စစ္ေဆးေဆာင္ရြက္မႈအရ Covid 19 ေရာဂါပိုးေတြ႕ရွိပါက ေရာဂါျပင္းထန္မႈအေပၚမူတည္၍ ခရိုင္ေဆး႐ုံႀကီးႏွင့္ ၿမိဳ႕နယ္အတြင္းဖြင့္လွစ္ထား ေသာ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ေရးစခန္းမ်ားသို႔ပို႔ ေဆာင္ၿပီး က်န္းမာေရးေစာင့္ ေရွာက္မႈေပးျခင္းမ်ားကိုေဆာင္ ရြက္ေပးသြားမည္ျဖစ္သည္။
မဂၤလာဦး
#PeopleMedia #COVID19
(unicode)
မိုးညှင်းမြို့နယ်အဝင် မော်တော်ယာဉ်များပေါ်ပါရှိသူများ၏ ကျန်းမာရေးစစ်ဆေးခ တစ်သောင်း လျှော့ချမည်
…………………………………………………
မိုးညှင်း၊ အောက်တိုဘာ ၁၂
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အဝင် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် Covid 19 ရောဂါပိုးရှိမရှိကို Covid antigen rapid test kit ဖြင့် စစ်ဆေးခဲ့ရာကျန်းမာရေးစစ်ဆေးခအနေဖြင့် လူ(၁)ဦးလျှင် ကျပ် နှစ်သောင်း ကောက်ခံခဲ့ရာမှ ယနေ့ အောက်တိုဘာ၁၂ရက်နေ့ မှစ၍ (၁)ဦးလျှင် တစ်သောင်းကျပ်သာ ကောက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးကအတည်ပြုပြောကြားသည်။
အဆိုပါ Test Kit ဖြင့် စစ်ဆေးဆောင်ရွက်မှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုမြို့နယ်အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုနှင့်သက် ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲ(၉)ဦးပါဝင်သောပူးပေါင်းအဖွဲက အောက်က်တိုဘာလ(၉) ရက် နေ့ နံနက်ပိုင်းမှစ၍ စစ်ဆေးဆောင်ရွက် ခဲ့ရာ အောက်တိုဘာလ(၁၁)ရက်နေ့အထိ စုစုပေါင်း (၃၅၅)ဦးအထိ စစ်ဆေးပြီးစီးခဲ့ရာ ရောဂါပိုးတွေ့ရှိသူမရှိကြောင်း သိရှိရသည်။
စစ်ဆေးဆောင်ရွက်မှုအရ Covid 19 ရောဂါပိုးတွေ့ရှိပါက ရောဂါပြင်းထန်မှုအပေါ်မူတည်၍ ခရိုင်ဆေးရုံကြီးနှင့် မြို့နယ်အတွင်းဖွင့်လှစ်ထား သော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများသို့ပို့ ဆောင်ပြီး ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းများကိုဆောင် ရွက်ပေးသွားမည်ဖြစ်သည်။
မင်္ဂလာဦး
#PeopleMedia #COVID19


Share this post