• Follow Us on

Home မိုးညႇင္းၿမိဳ႕နယ္ နန္းမားေဒသ၌ တရားမဝင္ေရႊတူးေဖာ္သူ ၂၄ ဦးကို ဖမ္းဆီး အေရးယူ

မိုးညႇင္းၿမိဳ႕နယ္ နန္းမားေဒသ၌ တရားမဝင္ေရႊတူးေဖာ္သူ ၂၄ ဦးကို ဖမ္းဆီး အေရးယူ

Share this post

မိုးညႇင္း၊ ေမ ၁၉

 

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္၊ နန္းမားေဒသ၊ ကန္ကုန္းႀကီးေက်းရြာ အေနာက္ဖက္(၃)မိုင္ခန္႔အကြာရွိ ေတာ ထဲတြင္ တရားမဝင္ေရႊတူးေဖၚေနသူ (၂၄) ဦးကို နယ္ေျမလုံၿခဳံေရးေဆာင္ရြက္ေနေသာ တပ္မေတာ္ စစ္ ေၾကာင္းႏွင့္ နယ္ေျမခံရဲတပ္ဖြဲ႕တို႔ပူးေပါင္းဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူထားခဲ့ေၾကာင္းသိရသည္။

 

ေမလ ၁၆ ရက္ေန႔ ေန႔လယ္ ၁ နာရီအခ်ိန္က နယ္ေျမခံတပ္ရင္းျဖစ္ေသာ အမွတ္ (၃၆၇) မွ ဗိုလ္မွဴးလႈိင္ျမတ္ ေ႒း၊ ဗိုလ္ႀကီးမင္းသူခန္႔၊ တပ္ၾကပ္ႀကီးေအးစန္း၊ တပ္ၾကပ္ႀကီးမင္းမင္း၊ တပ္ၾကပ္သိန္းဝင္းစိုး၊ ဒုတပ္ၾကပ္ကိုကို ႏိုင္တို႔သည္ နန္းမားနယ္ေျမရဲစခန္းမွ ေခတၱစခန္းမွဴးရဲအုပ္သက္ႏိုင္စိုး ဒုရဲအုပ္ဘိုဘိုေဌး၊ တပ္သားေအာင္ခိုင္စိုး တို႔ႏွင့္ပူးေပါင္း၍ သက္ေသမ်ားပါလ်က္ ကန္ကုန္းႀကီးေက်းရြာအေနာက္ဘက္(၃)မိုင္ခန္႔အကြာရွိေတာတြင္း နယ္ေျမရွင္းလင္းေရးေဆာင္ရြက္ခဲ့ၾကရာမွ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

 

တရားမဝင္ေရႊတူးေဖာ္ေနၾကေသာ ဦးထြန္းထြန္းဝင္း အပါအဝင္(၁၂)ဦးႏွင့္ ဦးဝင္းဘို အပါအဝင္ (၄)ဦး၊  ေဒၚစု အပါအဝင္(၈)ဦးတို႔ကို ေရႊတူးေဖၚရာတြင္ အသုံးျပဳသည့္ အင္ဂ်င္ (၄၀၁)စက္(၁)လုံး၊ ဆီေပပါအလုံး(၂၀) အင္ ဂ်င္(၂၅)ေကာင္(၁၂)လုံး၊ အဂၤ်င္ (၁၂)ေကာင္ (၁)လုံး ေရခ႐ု(၇)လုံး၊ လည္ေခ်ာင္းပိုက္(၆)လုံး၊ သံပိုက္ (၁၁) လုံး၊ ေလအိုး(၁)လုံး၊ ဂက္(စ္)အိုး(၁)လုံး၊ ေရႊေမ်ာစင္(၁)ခု ေမ်ာခံေကာ္ေဇာ(၁)ခုတို႔ကို ေတြ႕ရွိရသျဖင့္ ဗိုလ္မွဴး လႈိင္ျမတ္ေ႒းမွ တရားလိုျပဳလုပ္အမႈဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။

 

ထို႔ေၾကာင့္ ေမ ၁၇ ရက္က အဆိုပါ တရားမဝင္ေရႊတူးေဖၚသူ စုစုေပါင္း ၂၄ ဦးကို နန္းမားနယ္ေျမရဲစခန္းတြင္ (ပ)၈/၂၀၂၀၊ သတၳဳတြင္းဥပေဒပုဒ္မ၃၀(က) ျဖင့္အမႈေရးဖြင့္၍ ေဆာင္ရြက္ေနေၾကာင္းသိရသည္။

 

မဂၤလာဦး

 

#PeopleMedia

(Unicode)

မိုးညှင်းမြို့နယ် နန်းမားဒေသ၌ တရားမဝင်ရွှေတူးဖော်သူ ၂၄ ဦးကို ဖမ်းဆီး အရေးယူ
……………………………………………………………………………..

မိုးညှင်း၊ မေ ၁၉

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားဒေသ၊ ကန်ကုန်းကြီးကျေးရွာ အနောက်ဖက်(၃)မိုင်ခန့်အကွာရှိ တော ထဲတွင် တရားမဝင်ရွှေတူးဖေါ်နေသူ (၂၄) ဦးကို နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စစ် ကြောင်းနှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ပူးပေါင်းဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူထားခဲ့ကြောင်းသိရသည်။

မေလ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က နယ်မြေခံတပ်ရင်းဖြစ်သော အမှတ် (၃၆၇) မှ ဗိုလ်မှူးလှိုင်မြတ် ဋ္ဌေး၊ ဗိုလ်ကြီးမင်းသူခန့်၊ တပ်ကြပ်ကြီးအေးစန်း၊ တပ်ကြပ်ကြီးမင်းမင်း၊ တပ်ကြပ်သိန်းဝင်းစိုး၊ ဒုတပ်ကြပ်ကိုကို နိုင်တို့သည် နန်းမားနယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူးရဲအုပ်သက်နိုင်စိုး ဒုရဲအုပ်ဘိုဘိုဌေး၊ တပ်သားအောင်ခိုင်စိုး တို့နှင့်ပူးပေါင်း၍ သက်သေများပါလျက် ကန်ကုန်းကြီးကျေးရွာအနောက်ဘက်(၃)မိုင်ခန့်အကွာရှိတောတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ကြရာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တရားမဝင်ရွှေတူးဖော်နေကြသော ဦးထွန်းထွန်းဝင်း အပါအဝင်(၁၂)ဦးနှင့် ဦးဝင်းဘို အပါအဝင် (၄)ဦး၊ ဒေါ်စု အပါအဝင်(၈)ဦးတို့ကို ရွှေတူးဖေါ်ရာတွင် အသုံးပြုသည့် အင်ဂျင် (၄၀၁)စက်(၁)လုံး၊ ဆီပေပါအလုံး(၂၀) အင် ဂျင်(၂၅)ကောင်(၁၂)လုံး၊ အင်္ဂျင် (၁၂)ကောင် (၁)လုံး ရေခရု(ရ)လုံး၊ လည်ချောင်းပိုက်(၆)လုံး၊ သံပိုက် (၁၁) လုံး၊ လေအိုး(၁)လုံး၊ ဂက်(စ်)အိုး(၁)လုံး၊ ရွှေမျောစင်(၁)ခု မျောခံကော်ဇော(၁)ခုတို့ကို တွေ့ရှိရသဖြင့် ဗိုလ်မှူး လှိုင်မြတ်ဋ္ဌေးမှ တရားလိုပြုလုပ်အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မေ ၁၇ ရက်က အဆိုပါ တရားမဝင်ရွှေတူးဖေါ်သူ စုစုပေါင်း ၂၄ ဦးကို နန်းမားနယ်မြေရဲစခန်းတွင် (ပ)၈/၂၀၂၀၊ သတ္ထုတွင်းဥပဒေပုဒ်မ၃၀(က) ဖြင့်အမှုရေးဖွင့်၍ ဆောင်ရွက်နေကြောင်းသိရသည်။

မင်္ဂလာဦး

#PeopleMedia


Share this post