• Follow Us on

Home မိုးညႇင္းၿမိဳ႕ ၌ လူငယ္တစ္စု ေမြးေန႔ပြဲက်င္းပေနစဥ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးႏွင့္အဖြဲ႕မွဝင္ေရာက္ရိုက္ႏွက္၊အုပ္ခ်ဳပ္ေရးအဖြဲ႕ အမႈဖြင့္ခံရ

မိုးညႇင္းၿမိဳ႕ ၌ လူငယ္တစ္စု ေမြးေန႔ပြဲက်င္းပေနစဥ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးႏွင့္အဖြဲ႕မွဝင္ေရာက္ရိုက္ႏွက္၊အုပ္ခ်ဳပ္ေရးအဖြဲ႕ အမႈဖြင့္ခံရ

Share this post

မိုးညႇင္း စက္တင္ဘာ ၂၉
ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕ စက္ကုန္းရပ္ကြက္ေန လူငယ္တစ္စု ေမြးေန႔ပြဲက်င္းပေနစဥ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးႏွင့္အဖြဲ႕မွဝင္ေရာက္ရိုက္ႏွက္ရာမွလူငယ္ႏွစ္ဦးဒဏ္ရာရရွိသျဖင့္ မိုးညႇင္းၿမိဳ႕မရဲစခန္းတြင္အမႈဖြင့္လွစ္ထားေၾကာင္းသိရွိရသည္။
ျဖစ္စဥ္မွာ စက္တင္ဘာလ(၂၆)ရက္ေန႔ညေန(၆)နာရီအခ်ိန္ခန႔္တြင္ မိုးညႇင္းၿမိဳ႕ အုတ္က်င္းေဒသစိတ္စက္ကုန္းရပ္ကြက္ေန စိုင္းေအာင္မ်ိဳးမင္းသည္၎၏အစ္ကိုျဖစ္သူေပါက္စ၏ေမြးေန႔ပြဲက်င္းပရန္အတြက္ေနအိမ္တြင္ သူငယ္ခ်င္းမ်ားျဖစ္ေသာ ထြန္းထြန္းဝင္း၊ထြန္းစံေရႊ မင္းခန႔္ေအာင္၊အိုမီခါ၊စိုးသူ၊မိုးမင္းသိန္း၊ေအာင္ေအာင္ႏွင့္အစ္ကိုျဖစ္သူေပါက္စတို႔ဝိုင္းဖြဲ႕ကာအရက္ေသာက္ေနစဥ္ အုတ္က်င္းရပ္ကြက္အုပ္ခ်ဳပ္
ေရးမႉး ဦးေစာေမာင္ ႏွင့္အဖြဲ႕ေရာက္ရွိလာၿပီးရပ္ကြက္အတြင္းဆူပူမႈမျပဳရန္ေျပာၾကားၿပီးျပန္သြားခဲ့ၾကသည္။
ထိုေနာက္ ခဏအၾကာတြင္ အုတ္က်င္းရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးဦးေစာေမာင္သည္စက္ကုန္းရပ္ကြက္ဆယ္အိမ္မႉးမ်ားျဖစ္ေသာ ဦးညြန႔္ေအာင္ ဦးေဇာ္မ်ိဳးထြန္း တို႔ႏွင့္ ျပန္လည္ေရာက္ရွိလာၿပီး စိုင္းေအာင္မ်ိဳးမင္း ႏွင့္သူငယ္ခ်င္းမ်ား၏ အမည္ေနရပ္ မိဘအမည္မ်ားေမးျမန္းသျဖင့္ေျဖၾကားခဲ့ရာ ဦးေစာေမာင္ မွ ထြန္းစံေရႊအား”မင္းကငါ့တူဘဲ”ဟုေျပာကာလက္သီးႏွင့္ထိုးသျဖင့္ စိုင္းေအာင္မ်ိဳးမင္း ႏွင့္သူငယ္ခ်င္းမ်ားမွဝိုင္းဝန္းျဖန္ေျဖစဥ္ ဦးညြန႔္ေအာင္ ႏွင့္ ဦးေဇာ္မ်ိဳးထြန္းတို႔မွ သစ္သားတုတ္မ်ားျဖင့္ဝင္ေရာက္ရိုက္ႏွက္သျဖင့္ စိုင္းေအာင္မ်ိဳးမင္း၏လက္ျပင္တြင္ပြန္းျခစ္ဖူးေယာင္ဒဏ္ရာ(မစိုးရိမ္ရ)ႏွင့္ထြန္းစံေရႊတြင္ ဦးေခါင္းထိပ္ေပါက္ျပဲဒဏ္ရာ(စိုးရိမ္ရ)တို႔ရရွိကာ မိုးညႇင္းခရိုင္ေဆး႐ုံႀကီးတြင္ေဆးးဝါးကုသမႈခံယူခဲ့ၾကရသည္။
ထို႔ေၾကာင့္ စိုင္းေအာင္မ်ိဳးမင္း မွတရားလိုျပဳလုပ္၍စက္တင္ဘာလ(၂၇)ရက္ေန႔ညေန(၃)နာရီခြဲအခ်ိန္တြင္ မိုးညႇင္းၿမိဳ႕မရဲစခန္းတြင္အမႈဖြင့္လွစ္ခဲ့သျဖင့္ ဦးေစာေမာင္(၆၁)ႏွစ္(ဘ)ဦးစိန္ေဖအုတ္က်င္းရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး အုတ္က်င္းရပ္ကြက္ မိုးညႇင္းၿမိဳ႕၊ ဦးညြန႔္ေအာင္(၄၆)ႏွစ္(ဘ)ဦးဘခင္စက္ကုန္းရပ္ကြက္(ဆယ္အိမ္မႉး)၊မိုးညႇင္းၿမိဳ႕ ေနထိုင္သူႏွင့္ ဦးေဇာ္မ်ိဳးထြန္း(၃၂)ႏွစ္(ဘ)ဦးသာစိန္ စက္ကုန္းရပ္ကြက္(ဆယ္အိမ္မႉး)မိုးညႇင္းၿမိဳ႕ေနထိုင္သူတို႔အား မိုးညႇင္းၿမိဳ႕မရဲစခန္မွ(ပ)၁၃၀/၂၀ပုဒ္မ၃၂၅/၁၁၄ ျဖင့္အမႈဖြင့္လွစ္ထားေၾကာင္းသိရွိရသည္။
မဂႅာဦး
​#PeopleMedia #EPN #မိုးညႇင္း

(unicode)

မိုးညှင်းမြို့ ၌ လူငယ်တစ်စု မွေးနေ့ပွဲကျင်းပနေစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှဝင်ရောက်ရိုက်နှက်၊အုပ်ချုပ်ရေးအဖွဲ့ အမှုဖွင့်ခံရ
မိုးညှင်း စက်တင်ဘာ ၂၉
ကချင်ပြည်နယ် မိုးညှင်းမြို့ စက်ကုန်းရပ်ကွက်နေ လူငယ်တစ်စု မွေးနေ့ပွဲကျင်းပနေစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှဝင်ရောက်ရိုက်နှက်ရာမှလူငယ်နှစ်ဦးဒဏ်ရာရရှိသဖြင့် မိုးညှင်းမြို့မရဲစခန်းတွင်အမှုဖွင့်လှစ်ထားကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ(၂၆)ရက်နေ့ညနေ(၆)နာရီအချိန်ခန့်တွင် မိုးညှင်းမြို့ အုတ်ကျင်းဒေသစိတ်စက်ကုန်းရပ်ကွက်နေ စိုင်းအောင်မျိုးမင်းသည်၎င်း၏အစ်ကိုဖြစ်သူပေါက်စ၏မွေးနေ့ပွဲကျင်းပရန်အတွက်နေအိမ်တွင် သူငယ်ချင်းများဖြစ်သော ထွန်းထွန်းဝင်း၊ထွန်းစံရွှေ မင်းခန့်အောင်၊အိုမီခါ၊စိုးသူ၊မိုးမင်းသိန်း၊အောင်အောင်နှင့်အစ်ကိုဖြစ်သူပေါက်စတို့ဝိုင်းဖွဲ့ကာအရက်သောက်နေစဉ် အုတ်ကျင်းရပ်ကွက်အုပ်ချုပ်
ရေးမှူး ဦးစောမောင် နှင့်အဖွဲ့ရောက်ရှိလာပြီးရပ်ကွက်အတွင်းဆူပူမှုမပြုရန်ပြောကြားပြီးပြန်သွားခဲ့ကြသည်။
ထိုနောက် ခဏအကြာတွင် အုတ်ကျင်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစောမောင်သည်စက်ကုန်းရပ်ကွက်ဆယ်အိမ်မှူးများဖြစ်သော ဦးညွန့်အောင် ဦးဇော်မျိုးထွန်း တို့နှင့် ပြန်လည်ရောက်ရှိလာပြီး စိုင်းအောင်မျိုးမင်း နှင့်သူငယ်ချင်းများ၏ အမည်နေရပ် မိဘအမည်များမေးမြန်းသဖြင့်ဖြေကြားခဲ့ရာ ဦးစောမောင် မှ ထွန်းစံရွှေအား”မင်းကငါ့တူဘဲ”ဟုပြောကာလက်သီးနှင့်ထိုးသဖြင့် စိုင်းအောင်မျိုးမင်း နှင့်သူငယ်ချင်းများမှဝိုင်းဝန်းဖြန်ဖြေစဉ် ဦးညွန့်အောင် နှင့် ဦးဇော်မျိုးထွန်းတို့မှ သစ်သားတုတ်များဖြင့်ဝင်ရောက်ရိုက်နှက်သဖြင့် စိုင်းအောင်မျိုးမင်း၏လက်ပြင်တွင်ပွန်းခြစ်ဖူးယောင်ဒဏ်ရာ(မစိုးရိမ်ရ)နှင့်ထွန်းစံရွှေတွင် ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)တို့ရရှိကာ မိုးညှင်းခရိုင်ဆေးရုံကြီးတွင်ဆေးးဝါးကုသမှုခံယူခဲ့ကြရသည်။
ထို့ကြောင့် စိုင်းအောင်မျိုးမင်း မှတရားလိုပြုလုပ်၍စက်တင်ဘာလ(၂၇)ရက်နေ့ညနေ(၃)နာရီခွဲအချိန်တွင် မိုးညှင်းမြို့မရဲစခန်းတွင်အမှုဖွင့်လှစ်ခဲ့သဖြင့် ဦးစောမောင်(၆၁)နှစ်(ဘ)ဦးစိန်ဖေအုတ်ကျင်းရပ်ကွက်အုပ်ချုပ်ရေးမှူး အုတ်ကျင်းရပ်ကွက် မိုးညှင်းမြို့၊ ဦးညွန့်အောင်(၄၆)နှစ်(ဘ)ဦးဘခင်စက်ကုန်းရပ်ကွက်(ဆယ်အိမ်မှူး)၊မိုးညှင်းမြို့ နေထိုင်သူနှင့် ဦးဇော်မျိုးထွန်း(၃၂)နှစ်(ဘ)ဦးသာစိန် စက်ကုန်းရပ်ကွက်(ဆယ်အိမ်မှူး)မိုးညှင်းမြို့နေထိုင်သူတို့အား မိုးညှင်းမြို့မရဲစခန်မှ(ပ)၁၃၀/၂၀ပုဒ်မ၃၂၅/၁၁၄ ဖြင့်အမှုဖွင့်လှစ်ထားကြောင်းသိရှိရသည်။
မဂ္လာဦး
​#PeopleMedia #EPN #မိုးညှင်း


Share this post