• Follow Us on

Home မိုးမိတ်မြို့ရှိ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများ မနုတ်ထွက်လျှင် ကျန်မိသားစုဝင်များကို တာဝန်မယူဟု PDF အဖွဲ့မှ ကျည်ဆံများနှင့်အတူ သတိပေး

မိုးမိတ်မြို့ရှိ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများ မနုတ်ထွက်လျှင် ကျန်မိသားစုဝင်များကို တာဝန်မယူဟု PDF အဖွဲ့မှ ကျည်ဆံများနှင့်အတူ သတိပေး

Share this post

 

 

နေပြည်တော်၊ စက်တင်ဘာ ၉ (People Media)

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများ မနုတ်ထွက်လျှင် ကျန်မိသားစုဝင်များကို တာဝန်မယူဟု PDF အဖွဲ့မှ ကျည်ဆံများနှင့်အတူ သတိပေးစာ ပေးပို့ခဲ့သည်။

 

အဆိုပါသတိပေးစာတွင် “မိုးမိတ်မြို့တွင် အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံနှင့် ရာအိမ်မှူးများ နုတ်ထွက်မလား၊ စကစလက်အောက် ဆက်နေမလား။ ဆက်နေလျှင် ကျန်မိသားစု တာဝန်မယူ” ဟူ၍ မိုးမိတ်မြို့နယ် PDF အဖွဲ့ မှ ရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။

 

အလားတူ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းများ၊ တပ်မတော်ထောက်ခံသူများနှင့် ပြည်ခိုင်ဖြိုး ပါတီဝင်များကို ဗုံးခွဲခြင်း၊ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ လက်နက်များဖြင့် သတ်ဖြတ်ခြင်းများနှင့်အတူ ယင်းကဲ့သို့ သတိပေးစာပေးပို့ခြင်းများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

 

#PeopleMedia #မိုးမိတ် #PD

 

(unicode)


………………………………………………………………

 


 


 


 


 



Share this post