• Follow Us on

Home မိုးအကြို လူထုလှုပ်ရှားမှုသစ်ပင်စိုက်ပျိုးခြင်းကို လာမည့် မေလနှင့် ဇွန်လများအတွင်း ပျိုးပင်ပေါင်း (၂) သိန်း ကျော် စိုက်ပျိုးသွားမည်

မိုးအကြို လူထုလှုပ်ရှားမှုသစ်ပင်စိုက်ပျိုးခြင်းကို လာမည့် မေလနှင့် ဇွန်လများအတွင်း ပျိုးပင်ပေါင်း (၂) သိန်း ကျော် စိုက်ပျိုးသွားမည်

Share this post

ရန်ကုန်၊ မတ် ၂၅

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၂ ခုနှစ်၊ မိုးအကြို လူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးခြင်းကို လာမည့်မေလနှင့် ဇွန်လများအတွင်း ပျိုးပင်ပေါင်း (၂၂၇,၂၂၂) ပင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ်၊ ရန်အောင်မြေကြိုးဝိုင်း၊ အကွက် အမှတ် (၁၃) ရှိ ၂၀၂၂ ခုနှစ်၊ မိုးအကြို လူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးမည့် မြေနေရာ (၆ ဒသမ ၈) ဧကကို ကြည့်ရှုစစ်ဆေးရာ သစ်တော ဦးစီးဌာန၊ တာဝန်ရှိသူများက ပန္နက်စိုက်ထူပြီးစီးမှု၊ ကျင်းတူးခြင်း၊ နွားချေး၊ မြေဆွေးထည့်ခြင်း၊ ကျင်းဖို့ခြင်း ဆောင်ရွက်မည့် အစီအမံများ၊ မြေပြိုရေတိုက်စားနိုင်သည့်နေရာများတွင် ဗာတီဗာမြက် စိုက်ပျိုးမည့်အခြေ အနေ၊ ကွန်တိုကန်သင်းအလိုက် သရုပ်ပြစိုက်ပျိုးမည့် အစီအစဉ်၊ ကျောက်စီနှုန်းထိန်းတမံ ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

 

မိုးအကြို လူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးမည့် မြေနေရာ (၆ ဒသမ ၈) ဧကတွင် အမြင့်(၂)ပေ နှင့်အထက် အရိပ်ရပင်၊ ဝါးပင်၊ သစ်တောပင် စုစုပေါင်းအပင် (၃၆၇၂) ပင်အား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

(unicode)


………………………………

 


 


 


 



Share this post