• Follow Us on

Home မိုးေကာင္းတြင္ အမ်ိဳးသမီးငယ္မ်ားအား HPV ကာကြယ္ေဆးကို မနက္ျဖန္ စတင္ ထိုးႏွံေပးသြားမည္

မိုးေကာင္းတြင္ အမ်ိဳးသမီးငယ္မ်ားအား HPV ကာကြယ္ေဆးကို မနက္ျဖန္ စတင္ ထိုးႏွံေပးသြားမည္

Share this post

မိုးေကာင္း၊ ေအာက္တိုဘာလ ၂၁
ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္အတြင္းရွိ အသက္ဆယ္ႏွစ္ေအာက္ အမ်ိဳးသမီးငယ္မ်ားကို သားအိမ္ ေခါင္းကင္ဆာ ကာကြယ္ေဆး HPV Vaccine (HPV-Human papilloma virus) ကာကြယ္ေဆးကို ေအာက္တိုဘာ (၂၁)ရက္မွစ၍ (၁၀)ရက္ခန႔္အတြင္းအၿပီးထိုးႏွံေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံးမွသိရသည္။
ယေန႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဦးစီးဌာန အစည္းအေဝးခန္းမတြင္ ျပဳလုပ္သည့္ HPV-Human papilloma virus (သားအိမ္ေခါင္း ကင္ဆာေရာဂါကာကြယ္ေဆး) အားစတင္ထည့္သြင္းျခင္း ဗဟိုအဆင့္ဖြင့္ ပြဲအခမ္းအနား ႏွင့္အတူ ၿမိဳ႕နယ္အဆင့္အသိပညာေပးေဆြးေႏြးပြဲမွာ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာေကာင္းျမတ္စံမွ ၿမိဳ႕နယ္အတြင္း ကာကြယ္ေဆးထိုးလုပ္ငန္းေဆာင္ရြက္မည့္အစီအမံမ်ားကို ရွင္းလင္းေဆြးေႏြးတင္ျပခဲ့သည္။
“၂၀၁၀ ခုႏွစ္ စက္တင္ဘာလကစၿပီး ၂၀၁၁ ခုႏွစ္ ဩဂုတ္လ အတြင္းေမြးဖြားတဲ့ အသက္ (၉)ႏွစ္က(၁၀)ႏွစ္အတြင္းရွိတဲ့ မိန္းကေလးေတြကို ကာကြယ္ေဆးထိုးႏွံေပးသြားမွာျဖစ္ပါတယ္။ မိမိတို႔နဲ႔သက္ဆိုင္တဲ့ ကာကြယ္ေဆးထိုးစုရပ္ ရပ္/ေက်း ေတြမွာထိုးႏွံေပးမွာျဖစ္ပါတယ္။ကာကြယ္ေဆးထိုးရာမွာ မိဘ ဒါမွမဟုတ္ အုပ္ထိန္းသူတစ္ဦးလိုက္ပါလာရမွာျဖစ္ပါတယ္။သားအိမ္ေခါင္းကင္ဆာကာကြယ္ေဆးဟာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ့ (၁၃)ခုေျမာက္ကာကြယ္ေဆးျဖစ္ၿပီးပုံမွန္ကာကြယ္ေဆးထိုးအစီစဥ္မွာ အက်ဳံးဝင္တဲ့အသက္အုပ္စုမွာရွိတဲ့အမ်ိဳးသမီးေတြကိုအခမဲ့ထိုးႏွံေပးသြားမွာျဖစ္ပါတယ္”ဟု ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာေကာင္းျမတ္စံက ဆိုသည္။
မိုးေကာင္းၿမိဳ႕နယ္တြင္ အသက္ ၉ ႏွစ္ႏွင့္ ၁၀ ႏွစ္ၾကားအမ်ိဳးသမီးငယ္ ၁၆၀၀ ဦးခန႔္ရွိေၾကာင္း ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန စာရင္းအရ သိရသည္။
အဆိုပါ အိတ္ခ္်ပီဗီ (သားအိမ္ေခါင္းကင္ဆာေရာဂါကာကြယ္ေဆး)အား စတင္ထည့္သြင္းျခင္းဗဟိုအဆင့္ ဖြင့္ပြဲအခမ္းအနားကို ေနျပည္ေတာ္၊ MICC-2 ခန္းမ၌ က်င္းပျပဳလုပ္ရာ ၎အခမ္းအနား၌ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၏ အဖြင့္မိန႔္ခြန္းဗီဒီယိုကိုျပသျခင္း၊ က်န္းမာေရးႏွင့္ အားကစား ၀န္ႀကီးဌာန၊ျပည္ေထာင္စု၀န္ႀကီးေဒါက္တာျမင့္ေထြးမွ ပုံမွန္ကာကြယ္ေဆးထိုးအစီအစဥ္တြင္ အိတ္ခ္်ပီဗီ ကာကြယ္ေဆး စတင္ထည့္သြင္းျခင္းလုပ္ငန္းႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားျခင္း၊ ပညာေပးဗီဒီယိုျပသျခင္း တို႔ကို ေဆာင္ရြက္မႈကိုတိုက္ရိုက္ထုတ္လႊင့္ျပသခဲ့သည္။
ခ်ိဳေမာင္
#PeopleMedia #HPV
(unicode)
မိုးကောင်းတွင် အမျိုးသမီးငယ်များအား HPV ကာကွယ်ဆေးကို မနက်ဖြန် စတင် ထိုးနှံပေးသွားမည်
…………………………………………………………..
မိုးကောင်း၊ အောက်တိုဘာလ ၂၁
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ အသက်ဆယ်နှစ်အောက် အမျိုးသမီးငယ်များကို သားအိမ် ခေါင်းကင်ဆာ ကာကွယ်ဆေး HPV Vaccine (HPV-Human papilloma virus) ကာကွယ်ဆေးကို အောက်တိုဘာ (၂၁)ရက်မှစ၍ (၁၀)ရက်ခန့်အတွင်းအပြီးထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနရုံးမှသိရသည်။
ယနေ့ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် HPV-Human papilloma virus (သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး) အားစတင်ထည့်သွင်းခြင်း ဗဟိုအဆင့်ဖွင့် ပွဲအခမ်းအနား နှင့်အတူ မြို့နယ်အဆင့်အသိပညာပေးဆွေးနွေးပွဲမှာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်စံမှ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
“၂၀၁၀ ခုနှစ် စက်တင်ဘာလကစပြီး ၂၀၁၁ ခုနှစ် ဩဂုတ်လ အတွင်းမွေးဖွားတဲ့ အသက် (၉)နှစ်က(၁၀)နှစ်အတွင်းရှိတဲ့ မိန်းကလေးတွေကို ကာကွယ်ဆေးထိုးနှံပေးသွားမှာဖြစ်ပါတယ်။ မိမိတို့နဲ့သက်ဆိုင်တဲ့ ကာကွယ်ဆေးထိုးစုရပ် ရပ်/ကျေး တွေမှာထိုးနှံပေးမှာဖြစ်ပါတယ်။ကာကွယ်ဆေးထိုးရာမှာ မိဘ ဒါမှမဟုတ် အုပ်ထိန်းသူတစ်ဦးလိုက်ပါလာရမှာဖြစ်ပါတယ်။သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ (၁၃)ခုမြောက်ကာကွယ်ဆေးဖြစ်ပြီးပုံမှန်ကာကွယ်ဆေးထိုးအစီစဉ်မှာ အကျုံးဝင်တဲ့အသက်အုပ်စုမှာရှိတဲ့အမျိုးသမီးတွေကိုအခမဲ့ထိုးနှံပေးသွားမှာဖြစ်ပါတယ်”ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်စံက ဆိုသည်။
မိုးကောင်းမြို့နယ်တွင် အသက် ၉ နှစ်နှင့် ၁၀ နှစ်ကြားအမျိုးသမီးငယ် ၁၆၀၀ ဦးခန့်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ သိရသည်။
အဆိုပါ အိတ်ခ်ျပီဗီ (သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး)အား စတင်ထည့်သွင်းခြင်းဗဟိုအဆင့် ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ MICC-2 ခန်းမ၌ ကျင်းပပြုလုပ်ရာ ၎င်းအခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်မိန့်ခွန်းဗီဒီယိုကိုပြသခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးမှ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗီ ကာကွယ်ဆေး စတင်ထည့်သွင်းခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ပညာပေးဗီဒီယိုပြသခြင်း တို့ကို ဆောင်ရွက်မှုကိုတိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။
ချိုမောင်
#PeopleMedia #HPV


Share this post